-->

Anime T-shirt လေးများ


ဒီလို Anime Character ပုံလေးများနဲ့ T-shirt များကို မှာယူနိုင်မယ့် ဆိုင်လေးပါ

ဝယ်ယူလိုသူများ Facebook page ကနေတစ်ဆင့် မှာယူနိုင်ပါတယ်
T-shirt တွေအပြင် Cosplay wig, Cosplay costume များသာမက
အခြား Anime နဲ့ဆိုင်တဲ့ Accessories တွေပါ ရနိုင်ပါတယ်. . :)







Cute & Cool Cosplay Collection (Anime-Manga only & Girls only :P )


နာမည်ကျော် Cosplayerတွေရဲ့ အကောင်းဆုံးပုံတွေထဲက တစ်ချို့အနည်းငယ်ကိုတင်ပေးလိုက်ပါတယ်။

Black rod shooter
Cosplayer- Rinto

ဂျင်ချူရိကီ(人柱力)

ဂျင်ချူရိကီ jinchūriki (人柱力; Literally meaning "Power of Human Sacrifice"စတေးခံလူသားများရဲ့ တန်ခိုး) ဆိုတာ ဘီဂျူး(bijuu:Tailed beast)အင်မတန့်
အင်မတန်ခွန်အားကြီးပြီး ချာကရာဓာတ်ပေါင်းဖိုကြီးတွေလို့ ဆိုရလောက်တဲ့ သတ္တ၀ါကြီးတွေကို ကိုယ်ခန္ဓာထဲမှာသိမ်းဆည်းထားတဲ့ လူသားတွေကို ဆိုလိုပါတယ်..
အဲလိုသတ္တ၀ါကြီးတွေပိုင်ဆိုင်ထားခြင်းဖြင့်သူတို့ဟာသူမတူအောင်အစွမ်းထက်တဲ့ နင်ဂျာတွေ
ဖြစ်လာကြပါတယ်... အကြမ်းအားဖြင့်ပြောရင် ဂျင်ချူရိကီတွေဟာသူတို့ရွာ..နိုင်ငံအတွက် နျူကလိယား လက်နက်တွေလိုမဟာဗျူဟာမြောက်လက်နက်တွေပါပဲ။

NARUTOထဲကပုံပြင်များ




Narutoမန်ဂရဲ့ထူးခြားချက်တစ်ခုကတော့ဂျပန်ရိုးရာပုံပြင်တွေကိုသူ့ဟာနဲ့သူနင်ဂျာမှုပြုပြီးဇာတ်လမ်းထဲမှာထည့်
လေ့ရှိတာပါ။ အမှန်တော့ ဒါက ဂျပန်မန်ဂဖန်တီးရေးဆွဲသူအတော်များများလည်း သူတို့ရဲ့ဇာတ်လမ်းတွေမှာ Mythology အမည်တွေ၊ ဇာတ်ကောင်တွေ၊ ဇာတ်ကွက်တွေ ကို ထည့်သွင်းရေးဆွဲလေ့ရှိကြတာမို့ သိပ်အဆန်းတစ်ခုတော့မဟုတ်လှပါဘူး။ တစ်ခါတစ်ရံမှာတော့ ဇာတ်လမ်းနဲ့လိုက်ဖက်တဲ့ ဒဏ္ဍာရီတွေထည့်သုံးကြလေ့ရှိသလို တစ်ခါတစ်လေမှာတော့ ဘာရယ်မဟုတ် နာမည်လှလို့ ယူသုံးတာတွေလည်း ရှိတတ်ပါတယ်။ Naruto ဖန်တီးသူ ကိရှိမိုတိုမာဆရှိကတော့ ဇာတ်လမ်းထဲမှာ ယူသုံးထားတဲ့ အမည်တွေနဲ့လိုက်ဖက်တဲ့ ဇာတ်ကွက်၊ဇာတ်ကောင်တွေ ရေးဆွဲတတ်တာတွေ့ရတတ်လို့ ဒီပုံပြင်လေးတွေအကြောင်စိတ်ဝင်စားတဲ့ နာရူတိုပရိသတ်များအတွက် ရေးသားလိုက်ပါတယ်။


Tsunade

Tsunade ဟာ သူ့ ဆရာလဲ ဖြစ်၊ 3rd Hokage လဲ ဖြစ်တဲ့ Sarutobi Hiruzen သေဆုံးပြီး နောက်ပိုင်းမှာ Hokage ဖြစ်လာတဲ့ လူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူက First Hokage ဖြစ်တဲ့ Senju Hashirama နဲ့ Uzumaki Mito ရဲ့ မြေး ဖြစ်တဲ့ အတွက် Senju clan နဲ့ Uzumaki clan နှစ်ခုလုံးရဲ့ မျိုးဆက်လို့ ဆိုရင်လဲ မမှားပါဘူး။

Durarara!

Anime Name: Durarara! Genre: Action, Mystery, Supernatural Length: Television series, 24 episodes, 24 minutes each ဒီ anime ကတော့ Tokyo ရဲ့ မြို့လယ်ခေါင် ဖြစ်တဲ့  Ikebukuro မှာ ဖြစ်ပျက်တာလေးတွေကို ပြထားတဲ့ anime ပဲ ဖြစ်ပါတယ်။ ထူးခြားတာကတော့ တခြား anime တွေလို protagonist ကို အဓိက ပြတာ မဟုတ်ပဲ character တစ်ယောက် အလိုက်၊ အဖြစ်အပျက်တစ်ခု စီ အလိုက် ပြထားတဲ့ anime ဖြစ်ပါတယ်။ Anime ရဲ့ အစမှာတော့ မြို့ပြဘဝရဲ့ စိတ်လှုပ်ရှားမှုကို လိုချင်တဲ့ Ryugamine Mikado က သူ့ ငယ်သူငယ်ချင်း ရဲ့ ဖိတ်ခေါ်မှုနဲ့ Tokyo ကို ပြောင်းလာတာ ကို ပြထားပါတယ်။ ဆက်ပြောရင် spoiler ဖြစ်သွားမှာ စိုးလို့ မပြောတော့ပါဘူး :P

White Beard

White Beard (အမည်ရင်း Edward Newgate) ဟာ White Beard Pirates တွေရဲ့ captain ဖြစ်ပြီး Gold D Roger သေပြီး နောက်ပိုင်းမှာ လောကမှာ အစွမ်းအထက်ဆုံး (世界最強の男 Sekai Saikyō no Otoko) လို့ သိကြတဲ့ pirate တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူကတော့ New World မှာ လွှမ်းမိုးတဲ့ Four Emperors (Yonko) ထဲက တစ်ယောက်လဲ ဖြစ်ပါတယ်။

 White Beard ရဲ့ skill တွေက တော့ Gura Gura no Mi Devil Fruit ကို စားထားတဲ့ Devil Fruit User တစ်ယောက် ဖြစ်တယ်။ သူ့ရဲ့ ဖျက်ဆီးနိုင်မှုက Island Level လို့တောင် ဆိုပါတယ်။သူ့ skill နဲ့ စူနာမီ တွေ ဘာတွေတောင် ဖန်တီး နိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် White Beard က Conqueror's Haki ဆိုတဲ့ လူအနည်းငယ်သာ သုံးနိုင်တဲ့ Haki ကိုသုံးတဲ့ Haki User လဲ ဖြစ်ပါတယ်။

 စရိုက် အနေနဲ့ ပြောရရင်တော့ ပျော်ပျော်နေတတ်ပြီး ဘာမှ ဂရုမစိုက်တဲ့ စရိုက်ရှိတယ်လို့ထင်ရပေမဲ့ အချို့သော လုပ်ဆောင်မှုတွေ ကြည့်ရင် အမြော်အမြင် ကြီးတယ်ဆိုတာ သိသာပါတယ်။ (ဥပမာ Fishman Island ကို သူ့နယ်မြေဆိုပြီး ကြေညာ သလိုမျိုးပေါ့) နောက်ပြီး White Beard က pirate ဖြစ်သော်ငြားလဲ အဖိုးတန် ရတနာ တွေ မမက်မောပဲ စွန့်စားမှုနဲ့ မိသာစုဆိုတာကိုပဲ မက်မောပြီး သူ့ crew တွေကိုလဲ သားလို သဘောထားသူ ဖြစ်ပါတယ်။ သူ့ crew ရဲ့ Second Division Commander ဖြစ်တဲ့ Ace အတွက်နဲ့ Admiral သုံးယောက်၊ Shichibukai(Seven Warlords) တွေ အပြင် လက်ရွေးစင်တပ်သား 100,000 ရှိတဲ့ Marineford ကို ဝင်တိုက်တယ် ဆိုတာ နည်းနည်းနောနော သတ္တိ မဟုတ်ဘူး။

 ထိုကဲ့သို့ ကြမ်းတမ်းလှသော legendary pirate ကြီး White Beard သည် ဓားဒဏ်ရာ 267 ခု၊ သေနတ် ဒဏ်ရာ 152 ခု၊ အမြှောက်ဒဏ်ရာ 46 ခု နှင့် ဒဏ်ရာ စုစုပေါင်း 465 ခု ဖြင့် Battle of Marineford မှာ သေဆုံးခဲ့ပါတယ်။(ဒန်ဒန့်ဒန်) :P ကြောက်ပြီး ပြေးလို့ရတဲ့ နောက်ကျော ဒဏ်ရာ လုံးဝ မရှိပါဘူး။
White Beard ရဲ့ စကားတွေထဲက ကျနော် အကြိုက်ဆုံး စကား တစ်ခုက တော့
I am only one man with one heart...Call me a demon, call me a monster...but I can't be the strongest forever...!!!
"ငါဟာ နှလုံးသား တစ်ခုနဲ့ လူ တစ်ယောက်သာ ဖြစ်တယ်....ငါ့ကို မကောင်းဆိုးဝါးလို့ပဲ ခေါ်ခေါ်.....ကြောက်စရာကောင်းတဲ့သူလို့ပဲ ပြောပြော.....ငါဟာ အမြဲတမ်း အစွမ်းအထက်ဆုံး ဖြစ်မနေပါဘူး"
Personal View အနေနဲ့ ပြောရရင်တော့ One Piece မှာ White Beard ကို တော်တော် ကြိုက်ပါတယ်။ သူ့ skill တွေရော၊ personality ရော၊ status တွေပါ တော်တော် ကြိုက်ပါတယ်။ Gold D Roger လို Pirate King မဟုတ်ခဲ့ပေမဲ့လဲ One Piece မှာ ကျနော် အကြိုက်ဆုံး character ကို ပြောပါလို့ ဆိုရင် White Beard (Shirohige) လို့ ပြောမိမှာ ပါပဲ။ :D
 Credit to : http://onepiece.wikia.com/wiki/Edward_Newgate

Naruto Epsiode 327-328-329


Naruto Shippuden အပိုင်း 327၊ 328 နဲ့ 329 တို့ကိုဒေါင်းလုပ်နိုင်အောင် Link များတင်ပေးလိုက်ပါတယ်။

Narutoနှင့်တခြား Animeဇာတ်လမ်းတွဲများ ဒေါင်းလုပ်နည်း


Animeတွေဒေါင်းဖို့ နည်းလမ်းကတော့အစုံစုံပါပဲ။ 
ဒီက Connectionကလဲ ဖုတ်လှိုက်ဖုတ်လှိုက်ဆိုတော့ ဒီကအခြေအနေတွေနဲ့ ကိုက်ညီ အောင် အတတ်နိုင်ဆုံး ရေးထားပါတယ်။

Gaara Fan Art Collection

Gaara Fan Art လေးတွေ ရှိသလောက်တင်ပေးထားပါတယ်. . :D
All credits go to original creators~!



Sasori Fan Art Collection

စုထားသမျှ Sasori ပုံလေးတွေပါ . .
Credit to original creators ~


Naruto Shippuuden 323-The Five Kage Assemble!!


ကြာသာပတေးနေ့အချိန်အခါရောက်ပြီမို့ ထုံးစံအတိုင်းအပိုင်းသစ်ဒေါင်းလုပ်Linkတွေတင်ပေးလိုက်ပါတယ်။

Naruto —ナルト—









Narutoဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့  လွှမ်းမိုး မှု အများဆုံး ရှိတဲ့ Mangaများထဲကတစ်ခုဖြစ်ပါတယ်။ မြန်မာပြည်မှာ လူကြိုက်အများဆုံး anime လို့ ပြောရင်တောင်ရပါတယ်။

Hinata Cosplay Photos

Credit to all the cosplayers and original creators~






Gaara [ 我愛羅 ]


အမည်         - Gaara
မွေးသက္ကရာဇ် - ဇန်နဝါရီ ၁၉
အသက်         - 12-13
                     15-16 ( Naruto Shippuden )
အရပ်            -146.1-140.1 cm
                     166.1 cm (Naruto Shippuden )
သွေး             - အေဘီ

One tail(Shukaku) ရဲ့ Jinchuriki ဖြစ်ပြီး..သဲဖုံးရွာရဲ့Kazekageလည်းဖြစ်တယ်..

Naruto Shippuuden 322


Connectionမဟားဒရားကျနေပေမယ့် ကြိုးကြိုးစားစား ကြည့်လိုသူများအတွက် ဒီတစ်ပတ်ထွက် အပိုင်းသစ်ကိုဒေါင်းလုပ်နိုင်ဖို့ Linkများတင်ပေးလိုက်ပါတယ်။
Uchiha Madara ကြီးအစွမ်းပြတဲ့ ခပ်ကြမ်းကြမ်း action-packed အပိုင်းတစ်ခုဖြစ်တာကြောင့်မလွတ်တမ်း
ကြည့်လိုက်ကြပါဦး.။

Fan Art Collection - 2

ရှိသမျှ Fan Art တွေထဲကမှ အဆင်ပြေမယ်ထင်တာလေးတွေ တင်ပေးထားတာပါ. .
NaruHina ရော. . NaruSaku ရော .. . SasuSaku ရော. . မျိုးစုံပါပါတယ်. . . xD

All credits go to original creators~!!

How to make ninja Kunai ^_^


ပုံ ၁ လိုအပ်သောပစ္စည်းများ
အပိုင်း ၁
1 ကတ်ကြေး
2 ပေတံ
3 ဓား
4 ပေတံ

Naruto Movies


နာရူတို စီးရီးအောင်မြင်မှုနဲ့အတူ လိုက်ပါလာတာကတော့ ပရိသတ်တွေဆီက၀င်ငွေသောက်သောက်လဲ
ချူယူနိုင်တဲ့ရုပ်ရှင်ဇာတ်ကားတွေပဲဖြစ်ပါတယ်။ 

မူရင်းစီးရီးနဲ့ဆက်စပ်မှုမရှိတဲ့ သီးခြားဇာတ်လမ်းကိုယ်စီကိုရိုက်ကူးထားတဲ့ဒီရုပ်ရှင်ဇာတ်ကားတွေဟာ ၂၀၀၄ခုနှစ်ကစလို့ တစ်နှစ်ကို တစ်ကားစီ ပုံမှန်ရုံတင်လာခဲ့တာ ၂၀၁၂ခုနှစ်ထိဆို၉ကားတိတိ ထွက်ရှိပြီးဖြစ်ပါတယ်။


Anime Recommendation(Shiki)


Shiki 屍鬼

Sotoba လို့အမည်ရတဲ့ မြို့ပြနဲ့အလွန်အလှမ်းဝေးတဲ့နယ်မြို့လေးတစ်မြို့....အလွန်ကို ရိုးရှင်းလွန်းတဲ့ နေ့စဉ်ဘ၀ကို
 ဖြတ်သန်းနေုထိုင်နေကြတဲ့ Shimizu Megumi ဆိုတဲ့ကောင်မလေးဟာစတိုင်ကျကျနေထိုင်လိုပြီးဖက်ရှင်အဆန်းတွေထွင်
တတ်တော့ မြို့သူမြို့သားများလဲသူ့ကိမျက်စိနောက် သူကလဲ တောကျလွန်းတဲ့ဒီမြို့လေးကိုအမြင်ကပ်ဖြစ်နေပါတော့တယ်။
အဲလိုနဲ့ တစ်နေ့မှာ လူသူအနေမရှိတဲ့ Kanemasaစံအိမ်ကြီးကိုပြောင်းရွှေ့လာတဲ့ထူးထူးဆန်းဆန်းမြို့ကြီးသားမိသားစုကို
စိတ်ဝင်စားပြီး အဲဒီအိမ်နားသွားစပ်စုမိရာက Megumiတစ်ယောက်ပျောက်ဆုံးသွားပါတယ်။ မိသားစုနဲ့ရပ်ရွာသားတွေကရှာ
ကြတဲ့အခါတော့ ဖြူလျော်နွမ်းလျနေတဲ့ megumiကိုပြန်တွေ့ကြပါတယ်။ရက်ပိုင်းအကြာမှာပဲ Megumiတစ်ယောက်

Haruno Sakura Fan Art Collection 1

ရှိသလောက် ပုံလေးတွေ စုပေးတာပါ. . :)
All credits go to the original creators ~~


Kakuzu [ 角都]





ကိုယ်ရေးအကျဉ်း

အမည် - Kakuzu
မွေးနေ့ -သြဂုတ် ၁၅
အသက် -၉၁(ကွယ်လွန်)
အရပ် - ၁၈၅စင်တီ
အလေးချိန် - ၆၃.၂ကီလို
သွေး - အေ
အလုပ်အကိုင် - Akatsuki Treasurer
Partner - Hidan

ဟီဒန်နဲ့တွဲဖော်တွဲဖက် Kakuzuကိုမသိတဲ့လူမရှိလောက်ဘူးထင်ပါတယ်..
Kakuzu ဟာTakigakure က S-Rank အဆင့်ရှိတဲ့နင်ဂျာတစ်ယောက်ပါ…
ဟီဒန်နဲ့တွဲပြီးအလုပ်လုပ်ရတဲ့Akatsukiအဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပါတယ်..
နှစ်ယောက်စလုံးက..လွယ်လွယ်နဲ့မသေနိုင်တော့..Kisame ဆို Kakuzu နဲ့
Hidan တို့ကို Zombieအတွဲလို့တောင်စပြီးနောက်ပြီးခေါ်ပါတယ်..



Kakuzu ရဲ့နောက်ကြောင်းကိုမြေလှန်ရရင်. .


MinaKushi Couple Collection

ဒီတစ်ခေါက်တော့ Minatoနဲ့  Kushinaရဲ့  အတွဲပုံလေးတွေပါ...

all credits go to original owners~~

^_^


Yamanaka Ino


လက်လှမ်းမှီသမျှ fan artတွေ စုပေးထားတာပါ

^_^

Uchiha Itachi Fan Art Collection-1


Itachi Fan art များကို တစုတစည်းတည်း Download လုပ်နိုင်ဖို့ပါ. . 

All the credits go to original creators ~ 

Fan Art Collection-1

It is a collection of Naruto Fan arts from various photo-hosts. All the credits go to original creators.

(ပုံများကခက်ခက်ခဲခဲ ရှာမနေရပဲ အလွယ်တကူဒေါင်းလုပ်နိုင်အောင်ရည်ရွယ်ပြီး စုစည်းတင်ပေးလိုက်တာပါ)

Ōnoki (オオノキ)


Ōnoki (オオノキ) ဟာကျောက်တုံးရွာရဲ့သုံးယောက်မြောက်ဆူချီခါဂဲဖြစ်ပြီး နိုင်ငံကြီးငါးနိုင်ငံရဲ့ လက်ရှိခါဂဲငါးယောက်ထဲမှာအသက်အကြီးဆုံး..အကျွမ်းကျင်ဆုံး..အရပ်အပုဆုံး..စသဖြင့် ဆုံးပေါင်းများစွာနဲ့ပြည့်စုံသူတစ်ယောက်လဲဖြစ်ပါတယ်


ကိုယ်ရေးအကျဉ်း
Ryōtenbin no Ōnoki(Onoki of both Scales-နှစ်ဖက်ခွထိုင်သူ လို့အကြမ်းဖျင်အဓိပ္ပာယ်ရ) လို့ကျော်ကြားတဲ့ အိုနိုကီဟာအရပ်ပုပု နှာခေါင်းနီနီကြီးကြီးနဲ့ အဆင်းအသွင်ရှိပီး အရေးဟဲ့အကြောင်းဟဲ့ ဆို ခါးကထထနာတတ်တဲ့ လူအိုလေး ဖြစ်တယ်..ဒါပေမယ့် အဆင်းမလှပေမယ့် အချင်းနဲ့ပြည့်စုံတဲ့ အိုနိုကီဟာ အလွန်ရှားပါးတဲ့ Kekkei Tota( နင်ဂျစ်ဆု element သုံးမျိုး ကိုတစ်ပြိုင်တည်းအသုံးပြုနိုင်ခြင်း) ပိုင်ဆိုင်တဲ့ တစ်ဦးတည်းသော သက်ရှိထင်ရှားပုဂ္ဂိုလ်လဲဖြစ်တယ်..
သူ့ရွာနာမည်နဲ့လိုက်အောင် ခေါင်းမာချက်က ကျောက်တုံးတောင်အရှုံးပေးရမယ့် အိုနိကီဟာဆရာရင်းဖြစ်တဲ့ ဒုတိယဆူချီခါဂဲ မူးး(Muu) ဆီကDust release(မီး.ရေ လေသုံးမျိုးလုံးကိုတစ်ချိန်တည်းပေါင်းစပ်ပြီးဖြစ်လာတဲ့အနှိုင်းမဲ့element)ဂျစ်ဆုကို ဆက်ခံခဲ့တာ ဖြစ်ပြီး..
သူ့ဆရာ့ဆရာတွေအတိုင်းပဲ ဘယ်နည်းပဲသုံးရသုံးရကျောက်တုံးရွာကိုကာကွယ်ဖို့အတွက်ဆို ဘာမဆိုပြတ်ပြတ်ပဲလုပ်လေ့ရှိတယ်..
ကျန်ရွာတွေအားလုံအပေါ် အဆိုးမြင်နဲ့ကြည်ပြီ့း..အာကာဆုကီလို ရာဇ၀တ်သားအဖွဲ့ကိုတောင် သူ့ရွာအတွက်ဆိုအသုံးချဖို့လက်မနှေးခဲ့ပါဘူး...

ငယ်ငယ်တုံးက သူတို့ရွာရဲ့ ကျောက်တုံး ဆိုတဲ့နာမည်ကြီးကို သူမကြိုက်ခဲ့ဘူး ..ရိုးစင်းလွန်းတယ်ဆိုပီး ဒီနာမည်ကိုပေးခဲ့တဲ့ပထမဆူချီခါဂဲ အဘိုးကြီး ကို မကျေမနပ် ဗျစ်တောက်ဗျစ်တောက်လုပ်နေတုံး ပထမဆူချီခါဂဲကသူတို့ရွာရဲ့အမှတ်အသားဟာရှီနိုဘီတွေရဲ့ မတုန်မလှုပ်တဲ့ခိုင်ကျည်တဲ့စိတ်ထားကို ရည်ညွှန်းတဲ့အကြောင်းရှင်းပြပြီးနောက်မှာအိုနိုကီဟာစိတ်ဓာတ်အလွန်ခိုင်မာတဲ့ဘယ်တော့မှ
အလျော့မပေးတတ်တဲ့သံမဏိခေါင်းဆောင်းပုဂ္ဂိုလ်ဖြစ်လာခဲ့တယ်..

Susanoo 勇武の荒神



Susanoo, (勇武の荒神, Yūbu no Aragami) အင်္ဂလိပ်လိုပြန်ဆိုရင် Tempestuous God of Valour ဟာ Mangekyo Sharingan ကိုမျက်လံုးနှစ်ဖက်လုံးမှာawakenလုပ်နိုင်သူများအသုံးပြုလို့ရတဲ့စွမ်းအားတစ်မျိုးဖြစ်တယ်။..
Susanooဟာအသုံးပြုသူရဲ့ပတ်ပတ်လည်မှာကြီးမားတဲ့လူပုံစံအရာကြီးဖြစ်ပြီး ပြင်ပတိုက်ခိုက်မှုအလုံးစုံကိုကာကွယ်ပေးနိုင်သလို တစ်ချိန်တည်းမှာပဲ တိုက်ခိုက်ရာမှာအသုံးပြုနိုင်ပါတယ်..Sharingan Doujutsuတွေမှာအကြမ်းဆုံးတွေထဲတစ်ခုလို့
ပြောလို့ရပေမယ့် 

Rin Nohara


(ဒီစာတွင် Animeအဖြစ်ပြောင်းလဲမရိုက်ကူးရသေးသည့် ဇာတ်လမ်း အကြောင်းအရာ(Spoiler)များပါသဖြင့် Mangaမဖတ်ပဲ Animeသီးသန့်ကြည့်သူများအတွက်နားလည်ရခက်ခဲစေနိုင်ပါကြောင်းနှင့်ဇာတ်လမ်းကြိုသိပြီးအရသာပျက်နိုင်ပါကြောင်းသတိပေးအပ်ပါသည်။

မီနာတိုရဲ့တပည့်ကျော်သုံးယောက်ထဲကတစ်ယောက်ဖြစ်ပြီး သူပါဝင်ခွင့်ရတဲ့အပိုင်းအရေအတွက်ကတော့ နှစ်ပိုင်းတိတိရှိပါတယ်။
(flashbackလေးတွေမှာတော့ ဟိုတစ်စ ဒီတစ်စ ပါတာပေါ့)ဒီလို နှစ်ပိုင်းပဲပါသေးပေမယ့် သူမ ဟာNarutoဇာတ်လမ်းတွဲ

ကြီးတစ်ခုလုံးရဲ့အရေးပါဆုံးနေရာမှာရှိပါတယ်။ဘာလို့ဆို ဇာတ်လမ်းကိုစမွှေတဲ့ Akatsukiအဖွဲ့ကြီးဖြစ်လာတဲ့အကြောင်းရင်းက ဒီ Rin ဆိုတဲ့ ကောင်မလေးဖြစ်နေလို့ပါပဲ။

Masashi Kishimoto





















Masashi Kishimoto

မွေးနေ့: November 8, 1974 

မွေးရပ်: Okayama, Japan

လူမျိုး: Japanese

အလုပ်အကိုင်: Manga artist

Residence: Okayama Prefecture

အရပ်: 170 cm  (5' 9'' )

ကိုယ်အလေးချိန်: 57 kg  (~127 lb)
         
  • Masashi Kishimoto သည် အင်မတန်လူသိများထင်ရှားသော Naruto manga series  ကိုဖန်တီးခဲ့ပြီး  အောင်မြင်ထင်ရှားခဲ့သော ဂျပန် Manga artist ဖြစ်ပါတယ်။

Anime Recommendation

Shin sekai Yori 新世界より (From the New World)

ယနေ့ ခေတ်ကာလ မှ နှစ်ပေါင်း ၁၀၀၀ ကျော် အကြာ ၊.......
မြို့ပြအဖွဲ့အစည်းနဲ့ ခေတ်မှီနည်းပညာများ ကင်းကွာတဲ့စိမ်းစိုတဲ့စိုက်ခင်းကျယ် များ သန့်စင် ကြည်လင်တဲ့ ရေပြင် လွမ်းခြုံ ထားတဲ့ သဘာဝ နဲ့ တသားတည်း ရှိနေတဲ့လူ အဖွဲ့အစည်း ၊ အရာရာ တိုင်းကို စိတ်နဲ့ ရွေ့လျားနိုင် ဖန်တီး နိုင်တဲ့ သဘာဝလွန်
စွမ်းအား တွေကို ပိုင်ဆိုင် ထားပေမယ့် အဲ့ဒီ အစွမ်း တွေကို ကောင်းကျိုး အတွက်သာ အသုံးချ ပြီး တစ်ယောက် နဲ့ တစ်ယောက် ထိခိုက်ရန်လိုစိတ် မရှိ ကြတဲ့ လူသားတွေ ၊သဘာဝတရားကိုထိခိုက်ခြင်းမရှိတဲ့ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းနဲ့
clean energy တွေကိုအခြေပြုပြီး.ကောင်းမွန်ပြည့်စုံတဲ့ပညာရေးဘာသာရေးအသိတွေလွမ်းခြုံ ထားတာကြောင့် ရုပ်ရော နာမ်ပါ ညစ်ညမ်းခြင်း အလျင်း ကင်းတဲ့ ပတ်ဝန်းကျင်... ဒီလို Ideal societyလို့ဆိုရလောက်တဲ့ ပြီးပြည့်စုံတဲ့လူအဖွဲ့အစည်
မျိုးဟာ တကယ်ပဲဖြစ်နိုင် ပါရဲ့လား

Naruto The Movie: Road To Ninja မြန်မာစာတန်းထိုး


Konoha[-Myanmar-]အဖွဲ့က  မြန်မာစာတန်းထိုးလုပ်ထားသော Naruto the Movie-Road to Ninjaကိုဒေါင်းလုပ်ယူကြည့်ရှုနိုင်ပါပြီ။ 



Naruto T-Shirt လေးများ

Narutoပုံလေးများနဲ့ တီရှပ်များကိုဈေးနှုန်းသက်သက်သာနဲ့ မှာယူရရှိနိုင်ပါပြီ!!!
လောလောဆယ် ရရှိနိုင်သော ဒီဇိုင်းပုံများ မှာအောက်ပါအတိုင်း ဖြစ်ပါသည်။
ဝယ်ယူလိုသူများ Facebook page မှတစ်ဆင့် message ပို့ပြီး ဆက်သွယ်နိုင်ကြပါသည်။
နောက်ထပ် ပိုမိုစုံလင်သော ဒီဇိုင်းများ လာပါဦးမည်။
စောင့်မျှော် ကြပါကုန် !!

Namikaze Minato 波風ミナト






Namikaze Minato,   波風ミナト

Minato ၏ အခြားအမည်များ
  • Child of the Prophecy (予言の子, Yogen no Ko)
  • Saviour of this World (この世の救世主, Kono Yo no Kyūseishu)
  • Konoha's Yellow Flash (木ノ葉の黄色い閃光, Konoha no Kiiroi Senkō)
  • Fourth Hokage (四代目火影, Yondaime Hokage)



မွေးနေ့: January 25
လိင်:ကျား
အသက်:ကွယ်လွန်
အရပ်:၁၇၉.၂ (~၅ ပေ ၁၁ လက်မ)
အလေးချိန်:၆၆.1 ကီလိုဂရမ် (~၁၄၆ ပေါင်)
သွေးအမျိုးအစား: B
ဆက်နွယ်မှု: Konohagakure
အဆင့်: Kage
Academy မှ ပြီးမြောက်သည့် အသက်: ၁၀ နှစ်
ငယ်စဉ်က NinjaTeam :Team Jiraiya
Jounnin အဖြစ်တာဝန်ယူသောTeam :Team Minato (Kakahi ,Rin and Obito)
မိသားစု: Uzumaki Kushina (ဇနီး) Uzumaki Naruto (သား)

Minato ၏ Jutsu များ
Contract Seal
Dead Demon Consuming Seal
Eight Trigrams Sealing Style
Flying Thunder God Technique
Four Symbols Seal
Rasengan
Space–Time Barrier
Summoning Technique (Toads)
Summoning: Food Cart Destroyer Technique

လက်နက်အသုံးအဆောင်: Flying Thunder God Kunai
Haku Dono ရဲ့ Dad and Mom အကြောင်းလေး မိတ်ဆက်ပေးချင်ပါတယ်


အဖေကတော့ ရိုးရိုးသာမန် လယ်သမားတယောက်ဖြစ်ပီး
အမေကတော့ Yuki Clan ကနင်ဂျာတယောက်ဖြစ်ပါတယ် သူမ နင်ဂျာဆိုတာကို ယောင်္ကျားက မသိပါဘူး
တနေ့တော့ ဟခုက သူ့ရဲ့ Ice Release kekkei genkai ရှိမှန်း အမေ့ကို သွားပြတဲ့အခါမှာ အဖေကနေ အရိပ်ကနေတွေ့ပီးတော့ သူ့မိန်းမက Yuki Clan ကဖြစ်နေတဲ့ကို သိသွားပါရော ...

Yuki Clan က သူတို့ Land of Water (ရေမြို့တော်) ကလူတွေ ကြောက်ရတဲ့ Jutsu ပိုင်ဆိုင်ပြီးတော့ သူတို့တွေအရမ်းမုန်းတဲ့ Clan တခုဖြစ်တယ်
ဒါကြောင့် ဟခုအဖေက ၀မ်းနည်းစွာနဲ့ပဲ သူ့မိန်းမကို သတ်လိုက်ပါလေရော......
ဟခု(ကျနော့်) ကိုသတ်ဖို့ သူကြိုးစားပေမဲ့ ကိုယ့်ကိုယ်ကို ခုံခံတဲ့အနေနဲ့ ဟခုက အဖေကို သတ်မိပီး ထွက်ပြေးသွားသတဲ့...
အဲ့လိုနဲ့ အလေလွင့်နေတာ နောက်တော့ Zabuza-sama နဲ့တွေ့လို့ သူ့ချစ်တပည့်ဖြစ်သွားပါလေတော့သည်။
From Narutopedia ~
-Haku

The Great Ninja War


ကျွန်တော်တို့ လူတစ်ဦး တစ်ယောက်ချင်း မှာတောင် တစ်ယောက်နဲ့ တစ်ယောက် ရန်ထောင် မာန်စောင်ကြရာ က မကင်းလွတ်နိုင် ကြတာမို့ လူအများကြီးနဲ့ ဖွဲ့စည်း ထားတဲ့ နိုင်ငံတွေ ကြား ထဲမှာ ပဋိပက္ခတွေ စစ်ပွဲတွေ ကတော့ ရှောင်လွှဲလို့ မရနိုင်ပါဘူး။

Masashi Kishimoto က သူ့ရဲ့ Naruto ဇာတ်လမ်းတွဲ ထဲမှာ နင်ဂျာ ကမ္ဘာစစ်ကြီးများ ကို ထည့်သွင်း ရေးဆွဲပြီး ထင်ဟပ် ခြယ်မှုန်း ထားပါတယ်။အပြင် လောက က ကမ္ဘာစစ်ကြီးတွေ လိုပဲ နိုင်ငံတွေ အများကြီး ၀င်ပြီး ချကြ နှက်ကြတဲ့ စစ်ပွဲကြီး တွေ ကို သဘာဝကျကျ သရုပ်ဖော် ထားပြီး၊Naruto ဇာတ်လမ်းကိုပိုပြီး အသက်ဝင် ပီပြင် လာစေပါတယ်။

အဲသလို စစ်ပွဲကြီးပေါင်း သုံးကြိမ်တိတိဖြစ်ပွားခဲ့ပြီးဖြစ်ပြီး ခုလောလောဆယ်မှာစတုတ္ထမြောက်စစ်ပွဲကြီးခုလောလောဆယ်မှာစတုတ္ထမြောက်စစ်ပွဲကြီး
ဖြစ် ပွားနေပါတယ်.......
Ninja တွေမပေါ်ပေါက်မီကဒိုင်မျိုတွေ ဆာမူရိုင်းစစ်သည်တော်တွေခေတ်မှာ နိုင်ငံတွေဟာ
အဆုံးမရှိတဲ့နယ်မြေလုစစ်ပွဲတွေနဲ့လုံးချာလိုက်နေကြပါတယ်...
Sage of the six paths ရဲ့ chakara အသုံးချနည်း ကို ဖော်ထုတ် သင်ပြပေးမှု ကြောင့် နင်ဂျာတွေ ပေါ်ထွက် လာပြီး နောက် မှာတော့ Sageကငြိမ်းချမ်းရေးအတွက် ရည်ရွယ်ခဲ့ပေမယ့် သိတဲ့အတိုင်းလူတွေဆိုတာကလဲ
ငြိမ်ငြိမ်နေတတ်တာမှမဟုတ်တာ ...
နိုင်ငံတွေ ဟာ ကိုယ်ပိုင် စစ်အင်အား ကို အသုံးပြု တာ ထက် Ninja Clan တွေကို ငှားရမ်း တိုက်ခိုက် စေပြီး အဆုံးမဲ့ စစ်ပွဲသံသရာက ပြန်စလာတာပါပဲ။