-->

The Liar and His Lover မြန်မာစာတန်းထိုးရုပ်ရှင်


၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ မန်ဂ Kanojo wa Uso o Aishisugiteru ကို Live-Action အဖြစ်ပြန်လည်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင် The Liar and His Lover (Kanojo wa Uso o Aishisugiteru) ဟာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး ရှုပ်ထွေးတဲ့ ဂီတလျှောက်လမ်းမှာဘဝကိုငြီးငွေ့နေသူ ပါရမီရှင် တေးရေးဆရာ Aki နဲ့ သီချင်းဆိုရတာကို ရူးသွပ်တဲ့ အသံပါရမီရှင်လေး Riko တို့ရဲ့အချစ်ဇာတ်လမ်းလေးကိုဇာတ်အိမ်တည်ထားပါတယ်။

Boruto: Naruto the Movie (2015) မြန်မာစာတန်းထိုး (720P ဂျပန်အသံထွက်)





Boruto the Movie ဟာ Naruto ဇာတ်လမ်းတွဲရဲ့ ၁၁ကားမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး၊ ၂၀၁၄ခုနှစ် The Last ဇာတ်ကားရဲ့ တိုက်ရိုက်အဆက်လည်း ဖြစ်ပါတယ်။ မူရင်းဖန်တီးရှင် Kishimoto Masashi ကိုယ်တိုင်ရေးသားထားတဲ့ ဒီဇာတ်ကားဟာ မူလရုပ်ပြမန်ဂဇာတ်လမ်းရဲ့ ဇာတ်သိမ်းပိုင်း နောက်ဆက်တွဲဖြစ်လို့ မန်ဂဇာတ်သိမ်းပိုင်း ဒါမှမဟုတ် The Last ဇာတ်ကားကို အရင်ကြည့်ဖူးထားရင်တော့ ပိုကောင်းပါလိမ့်မယ်။

Time Traveller : The Girl Who Leapt Through Time (Toki o kakeru shoujo) မြန်မာစာတန်းထိုး


ဒီဇာတ်ကားလေးက Sci-fi ကားလေး ဆိုပေမယ့် တခြား Sci-fi တွေလို ရှုပ်ယှက်ခက်နေတဲ့ကားတော့ မဟုတ်ပါဘူး။ ဒရာမာကားစစ်စစ်ပါ။
ဒီဇာတ်ကားက Tsutsui Yasutaka ရေးခဲ့တဲ့ နာမည်ကျော်ဝတ္ထု "Toki o kakeru shoujo" ရဲ့အဆက်ဖြစ်ပါတယ်။ ဝတ္ထု ကလည်း စီးရီးပေါင်း၊ ရုပ်ရှင်ပေါင်း၊ အနိမဲ၊ မန်ဂ များစွာထွက်ရှိထားတဲ့ ဒိတ်ဒိတ်ကြဲ ဝတ္ထုပါ။ ဇာတ်လိုက်မင်းသမီး Naka Riisa ဆိုရင်လည်း 2006 က ထုတ်ခဲ့တယ့် Toki o kakeru shoujo ဆိုတဲ့ အနိမဲ မှာလည်း ဇာတ်လိုက်မင်းသမီး အဖြစ်ပဲ အသံသရုပ်ဆောင်ခဲ့ဖူးပါတယ်။

Bakuman Live-action မြန်မာစာတန်းထိုး


ကျွန်တော်တို့ နှစ်သက်တဲ့ ဂျပန်မန်ဂရုပ်ပြတွေ စာမျက်နှာပေါ်ရောက်လာပုံရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တွေကို ရှုစားရမယ့် ရုပ်ရှင်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ Bakuman ဇာတ်ကားဟာ Ohba Tsugumi နဲ့ Obata Takeshi တို့ရေးဆွဲတဲ့ နာမည်ကျော် မန်ဂဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး၊ သူတို့နှစ်ယောက်ဟာ မြန်မာပရိသတ်များအသည်းကျော် Death Note ဇာတ်လမ်းတွဲရဲ့ ဖန်တီးရှင်တွေလည်း ဖြစ်ပါတယ်။ 

The Eternal Zero မြန်မာစာတန်းထိုး ရုပ်ရှင်




The Eternal Zero (Eien no Zero) ဟာ ဒါရိုက်တာ Yamazaki Takashi ရိုက်ကူးပြီး၊ ၂၀၁၃ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ ဂျပန် စစ်-ဒရာမာ ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ Hyakuta Naoki ရဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာတော့ စစ်ကြီးပြီးခါနီးမှာ မဟာမိတ်သဘောင်္တွေဆီ စစ်လေယာဉ်တွေနဲ့ အသေခံဝင်တိုက်ခဲ့တဲ့ ခါမိခါဇဲ (Kamikaze) တိုက်ခိုက်မှုအကြောင်းကို အဓိကထားပြီး၊ ဇာတ်လမ်းဆင်ထားပါတယ်။ 

OST Songs Review (The Liar and His Lover)


၂၀၀၉ ခုနှစ်က and His Lover (Kanojo wa Uso o Aishisugiteru) ဟာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး ထွက်ရှိခဲ့တဲ့ Manga Kanojo wa Uso o Aishisugiteru ကို Live-Action အဖြစ်ပြန်လည်ရိုက်ကူးခဲ့တဲ့ Film The Liar Kenshin မင်းသားချော Satoh Takeru နဲ့ MUSH & Co အဖွဲ့ရဲ့ အဆိုတော် တက်သစ်စ သရုပ်ဆောင် ကောင်မလေး Ohara Sakurako တို့ အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းကိုက ဂီတကို အစပြုထားတဲ့ အချစ်ဇာတ်လမ်းဖြစ်တာကြောင့် ဇာတ်ဝင်တေး အင်အား တောင့်တောင့်တင်းတင်းပါဝင်တာ တွေ့ရပါတယ်။

Control Tower မြန်မာစာတန်းထိုး

High School ဒရာမာချစ်သူတွေအတွက် အခုတစ်ခါမှာတော့ Control Tower ဆိုတဲ့ ရုပ်ရှင်ကားလေးကို တင်ပေးလိုက်ပါတယ်။
ဒီ ရုပ်ရှင်လေး ထူးခြားတာကတော့ ဇာတ်လမ်းဖြစ်ပေါ်လာပုံပါပဲ။ Anohana/Haikyuu/Mobile Suit Gundam AGE အစရှိတာတို့ရဲ့ အဖွင့်/အပိတ် သီချင်းတွေသီဆိုထားတဲ့ Galileo Galilei အဖွဲ့ဟာ အာနိမဲ သီချင်းတွေ နားဆင်သူတွေအတွက်တော့ မစိမ်းတဲ့ အဖွဲ့တစ်ဖွဲ့ပဲ ဖြစ်ပါတယ်။၂၀၀၈ ခုနှစ်က Hokkaido ခရိုင် Wakkanai က လူငယ်အဖွဲ့လေး Galileo Galilei က Teenage Talent Festival Senkou Riot ကို အနိုင်ရရှိခဲ့ပါတယ်။