-->

Masashi Kishimoto





















Masashi Kishimoto

မွေးနေ့: November 8, 1974 

မွေးရပ်: Okayama, Japan

လူမျိုး: Japanese

အလုပ်အကိုင်: Manga artist

Residence: Okayama Prefecture

အရပ်: 170 cm  (5' 9'' )

ကိုယ်အလေးချိန်: 57 kg  (~127 lb)
         
  • Masashi Kishimoto သည် အင်မတန်လူသိများထင်ရှားသော Naruto manga series  ကိုဖန်တီးခဲ့ပြီး  အောင်မြင်ထင်ရှားခဲ့သော ဂျပန် Manga artist ဖြစ်ပါတယ်။

  • သူ့ ကို Katsuta, Okayama, Japan မှာမွေးဖွားခဲ့ပါတယ်။ သူဟာအင်မတန်ငယ်ရွယ်တဲ့ အသက်အရွယ်ကတည်းက စပြီး Manga များစတင်ရေးဆွဲခဲ့ပါတယ်။

  • ဒါပေမယ့် သူ့ရဲ့ Mangaka (Mangaka=Manga artist) ဖြစ်ဖို့ အိမ်မက်တွေကို အသက်နည်းနည်းကြီးလာမှ အကောင်အထည်ဖော်ဖို့ (သူ့ကိုယ်သူ) သတိပြုမိတယ်။

  • အနုပညာ ကောလိပ်၊art college တက်နေတဲ့အချိန်မှာတုန်းက သူဖန်တီးခဲ့တဲ့ "Karakuri" ဆိုတဲ့ Manga နဲ့ Hop Step award (Monthly award given by Shonen Jump for amateur Mangaka) ဆုကို ရရှိခဲ့ပါတယ်။

  • အဲလိုရရှိခဲ့ခြင်းဟာ သူ့ရဲ့အိမ်မက် Mangaka လမ်းစဉ်ကို ရှေ့ဆက်လျှောက်လှမ်းဖို့ လမ်းကြောင်း ဖြစ်စေခဲ့တယ်။

  • အနုပညာ ကောလိပ်မှ ဘွဲ့ရပြီးတဲ့နောက်မှာတော့ သူဟာသူ့ရဲ့ နောက်Manga အသစ် ကျွန်တော်တို့ အသည်းစွဲ Naruto ကို အပတ်တကုတ် ကြိုးစားပြီး ဖန်တီးခဲ့တယ်။sample အနေနဲ့ Akamaru Jump (စာစောင်အမည်)မှာ ၁၉၉၇ မှာထုက်ဝေခဲ့တယ်။

  • ၂နှစ်လောက် သူ့နဲ့အပေါင်းအပါတွေ ကြိုးစားပြီးတဲ့နောက်မှာ အပတ်စဉ်ထွက်တဲ့ ဂျပန် နာမည်ကြီး Shonen Jump  စာစောင်မှာ series အလိုက်ဖော်ပြခြင်းခံရပြီး ဒီနေ့အားလုံးသိပြီးချစ်ရတဲ့ Naruto Manga series ကိုမွေးဖွားပေးလိုက်ပါတယ်။
        Naruto ပုံဆွဲနေစဉ်

  • Naruto Manga ဟာ အခန်းဆက်အများကြီးပါဝင်တဲ့  Manga series ဖြစ်ပြီးတော့  ၁၉၉၉ စတင်ထုက်ဝေချိန်မှစပြီးတော့  copy ပေါင်း သန်း ၁၀၀ ကျော် (ဂျပန် တစ်နိုင်ငံထဲမှာတင်) ရောင်းခဲ့ရအောင်ထိ အောင်မြင်ခဲ့တယ်။


  • အဲဒိနောက်ပိုင်းမှာ တော့ Manga ကကို Anime အဖြစ်အသက်သွင်းခဲ့ ပြီး အောင်မြင်မှုများစွာရရှိခဲ့တယ်ပါ။(Animeများဖန်တီးခြင်း အကြောင်းကို  သေချာဖော်ပြမထားပါ)


Manga to Anime

Add caption



  • သူ့ကကို American မှာရှိတဲ့ Shonen Jump (US) ကလည်းလာရောက်  Interview လုပ်ခဲ့ပါတယ်။

  • - Shonen Jump (US) interview with Masashi Kishimoto

  • ဒါတွေကတော့ သူ့ လက်ရာ Manga တွေပါ  
  1. - Karakuri one-shot (1996, Hop Step Award winner)
  2. - Naruto pilot (1997, published in Akamaru Jump)
  3. - Karakuri (April 1998 – May 1998)
  4. - Naruto (November 1999 – ongoing)

  • ဒါကသူရေးခဲ့တဲ စာအုပ်တွေပါ
  1. - Naruto: First Official Data Book
  2. - Naruto: The Official Fanbook
  3. - The Art of Naruto: Uzumaki
  4. - Naruto: Second Official Data Book
  5. - Paint Jump: Art of Naruto
  6. - Naruto: Third Official Data Book
  7. - The Art of Naruto: Naruto

  • ထူးထူးခြားခြားမှတ်စရာ ကတော့ interview တစ်ခုမှာNaruto ဘယ်တော့ ဇာတ်သိမ်းမလဲ ဆိုတော့ ပြုံးပြီးပြန်ဖြေတယ်

  • "ကျွန်တော်လဲ ပရိသက်တွေလိုဘဲ သိချင်နေတာ"တဲ့

  • နောက်တစ်ခု က တကယ်လို့များ Naruto ဇာတ်လမ်းမှာ ပြန်ပြင်ခွင့်ရခဲ့ရင် ဘာများပြင်ချင်လဲလို့မေးတော့

  • "ကျွန်တော့ ဇာတ်လိုက် Hatake Kakashi ကို မျက်နှာက mask ကလေး ဖယ်ပေးချင်တယ်ဗျာ သူ့ကို အခုလိုဆွဲထားတာ တော်တော်လေးကြည့်ကောင်းတယ် ဆိုပေမယ့် ပြန်ပြင်လို့ရရင် ပြင်ချင်တယ်ဗျာ ဒါပေမယ့် အခုမှပြင်ရင် ဇာတ်လမ်းပေါ့သွားမယ်တဲ့"။

ဝန်ခံချက်။ ။ ဟိုစပ်စပ် ဒီစပ်စပ် ရသလောက် ကူးယူဘာသာပြန်ထားခြင်းဖြစ်ပါသည်။အမှားအယွင်း ရှိပါကျွန်တော်၏ ညံ့ဖြင်းမှုသာဖြစ်ပါသည်။ပြည့်စုံ အောင်ထပ်မံ ဖြည့်စွတ်မည့် သူရှိပါက ဖြည့်စွတ်ပေးပါ ခင်ဗျာ။


Naruto ပုံဆွဲနေစဉ်


No comments:

Post a Comment