-->
Haku Dono ရဲ့ Dad and Mom အကြောင်းလေး မိတ်ဆက်ပေးချင်ပါတယ်


အဖေကတော့ ရိုးရိုးသာမန် လယ်သမားတယောက်ဖြစ်ပီး
အမေကတော့ Yuki Clan ကနင်ဂျာတယောက်ဖြစ်ပါတယ် သူမ နင်ဂျာဆိုတာကို ယောင်္ကျားက မသိပါဘူး
တနေ့တော့ ဟခုက သူ့ရဲ့ Ice Release kekkei genkai ရှိမှန်း အမေ့ကို သွားပြတဲ့အခါမှာ အဖေကနေ အရိပ်ကနေတွေ့ပီးတော့ သူ့မိန်းမက Yuki Clan ကဖြစ်နေတဲ့ကို သိသွားပါရော ...

Yuki Clan က သူတို့ Land of Water (ရေမြို့တော်) ကလူတွေ ကြောက်ရတဲ့ Jutsu ပိုင်ဆိုင်ပြီးတော့ သူတို့တွေအရမ်းမုန်းတဲ့ Clan တခုဖြစ်တယ်
ဒါကြောင့် ဟခုအဖေက ၀မ်းနည်းစွာနဲ့ပဲ သူ့မိန်းမကို သတ်လိုက်ပါလေရော......
ဟခု(ကျနော့်) ကိုသတ်ဖို့ သူကြိုးစားပေမဲ့ ကိုယ့်ကိုယ်ကို ခုံခံတဲ့အနေနဲ့ ဟခုက အဖေကို သတ်မိပီး ထွက်ပြေးသွားသတဲ့...
အဲ့လိုနဲ့ အလေလွင့်နေတာ နောက်တော့ Zabuza-sama နဲ့တွေ့လို့ သူ့ချစ်တပည့်ဖြစ်သွားပါလေတော့သည်။
From Narutopedia ~
-Haku

The Great Ninja War


ကျွန်တော်တို့ လူတစ်ဦး တစ်ယောက်ချင်း မှာတောင် တစ်ယောက်နဲ့ တစ်ယောက် ရန်ထောင် မာန်စောင်ကြရာ က မကင်းလွတ်နိုင် ကြတာမို့ လူအများကြီးနဲ့ ဖွဲ့စည်း ထားတဲ့ နိုင်ငံတွေ ကြား ထဲမှာ ပဋိပက္ခတွေ စစ်ပွဲတွေ ကတော့ ရှောင်လွှဲလို့ မရနိုင်ပါဘူး။

Masashi Kishimoto က သူ့ရဲ့ Naruto ဇာတ်လမ်းတွဲ ထဲမှာ နင်ဂျာ ကမ္ဘာစစ်ကြီးများ ကို ထည့်သွင်း ရေးဆွဲပြီး ထင်ဟပ် ခြယ်မှုန်း ထားပါတယ်။အပြင် လောက က ကမ္ဘာစစ်ကြီးတွေ လိုပဲ နိုင်ငံတွေ အများကြီး ၀င်ပြီး ချကြ နှက်ကြတဲ့ စစ်ပွဲကြီး တွေ ကို သဘာဝကျကျ သရုပ်ဖော် ထားပြီး၊Naruto ဇာတ်လမ်းကိုပိုပြီး အသက်ဝင် ပီပြင် လာစေပါတယ်။

အဲသလို စစ်ပွဲကြီးပေါင်း သုံးကြိမ်တိတိဖြစ်ပွားခဲ့ပြီးဖြစ်ပြီး ခုလောလောဆယ်မှာစတုတ္ထမြောက်စစ်ပွဲကြီးခုလောလောဆယ်မှာစတုတ္ထမြောက်စစ်ပွဲကြီး
ဖြစ် ပွားနေပါတယ်.......
Ninja တွေမပေါ်ပေါက်မီကဒိုင်မျိုတွေ ဆာမူရိုင်းစစ်သည်တော်တွေခေတ်မှာ နိုင်ငံတွေဟာ
အဆုံးမရှိတဲ့နယ်မြေလုစစ်ပွဲတွေနဲ့လုံးချာလိုက်နေကြပါတယ်...
Sage of the six paths ရဲ့ chakara အသုံးချနည်း ကို ဖော်ထုတ် သင်ပြပေးမှု ကြောင့် နင်ဂျာတွေ ပေါ်ထွက် လာပြီး နောက် မှာတော့ Sageကငြိမ်းချမ်းရေးအတွက် ရည်ရွယ်ခဲ့ပေမယ့် သိတဲ့အတိုင်းလူတွေဆိုတာကလဲ
ငြိမ်ငြိမ်နေတတ်တာမှမဟုတ်တာ ...
နိုင်ငံတွေ ဟာ ကိုယ်ပိုင် စစ်အင်အား ကို အသုံးပြု တာ ထက် Ninja Clan တွေကို ငှားရမ်း တိုက်ခိုက် စေပြီး အဆုံးမဲ့ စစ်ပွဲသံသရာက ပြန်စလာတာပါပဲ။