-->

The Great Ninja War


ကျွန်တော်တို့ လူတစ်ဦး တစ်ယောက်ချင်း မှာတောင် တစ်ယောက်နဲ့ တစ်ယောက် ရန်ထောင် မာန်စောင်ကြရာ က မကင်းလွတ်နိုင် ကြတာမို့ လူအများကြီးနဲ့ ဖွဲ့စည်း ထားတဲ့ နိုင်ငံတွေ ကြား ထဲမှာ ပဋိပက္ခတွေ စစ်ပွဲတွေ ကတော့ ရှောင်လွှဲလို့ မရနိုင်ပါဘူး။

Masashi Kishimoto က သူ့ရဲ့ Naruto ဇာတ်လမ်းတွဲ ထဲမှာ နင်ဂျာ ကမ္ဘာစစ်ကြီးများ ကို ထည့်သွင်း ရေးဆွဲပြီး ထင်ဟပ် ခြယ်မှုန်း ထားပါတယ်။အပြင် လောက က ကမ္ဘာစစ်ကြီးတွေ လိုပဲ နိုင်ငံတွေ အများကြီး ၀င်ပြီး ချကြ နှက်ကြတဲ့ စစ်ပွဲကြီး တွေ ကို သဘာဝကျကျ သရုပ်ဖော် ထားပြီး၊Naruto ဇာတ်လမ်းကိုပိုပြီး အသက်ဝင် ပီပြင် လာစေပါတယ်။

အဲသလို စစ်ပွဲကြီးပေါင်း သုံးကြိမ်တိတိဖြစ်ပွားခဲ့ပြီးဖြစ်ပြီး ခုလောလောဆယ်မှာစတုတ္ထမြောက်စစ်ပွဲကြီးခုလောလောဆယ်မှာစတုတ္ထမြောက်စစ်ပွဲကြီး
ဖြစ် ပွားနေပါတယ်.......
Ninja တွေမပေါ်ပေါက်မီကဒိုင်မျိုတွေ ဆာမူရိုင်းစစ်သည်တော်တွေခေတ်မှာ နိုင်ငံတွေဟာ
အဆုံးမရှိတဲ့နယ်မြေလုစစ်ပွဲတွေနဲ့လုံးချာလိုက်နေကြပါတယ်...
Sage of the six paths ရဲ့ chakara အသုံးချနည်း ကို ဖော်ထုတ် သင်ပြပေးမှု ကြောင့် နင်ဂျာတွေ ပေါ်ထွက် လာပြီး နောက် မှာတော့ Sageကငြိမ်းချမ်းရေးအတွက် ရည်ရွယ်ခဲ့ပေမယ့် သိတဲ့အတိုင်းလူတွေဆိုတာကလဲ
ငြိမ်ငြိမ်နေတတ်တာမှမဟုတ်တာ ...
နိုင်ငံတွေ ဟာ ကိုယ်ပိုင် စစ်အင်အား ကို အသုံးပြု တာ ထက် Ninja Clan တွေကို ငှားရမ်း တိုက်ခိုက် စေပြီး အဆုံးမဲ့ စစ်ပွဲသံသရာက ပြန်စလာတာပါပဲ။




First Great Ninja War
ပထမ အကြိမ် စစ်ပွဲကြီး မှာတော့ အင်အားကြီး နိုင်ငံ အားလုံး ပါဝင် တိုက်ခိုက် ခဲ့တယ် လို့ ယူဆရပြီး နိုင်ငံတိုင်း ဟာ စစ်ရဲ့ ဒဏ် ကို ပြင်းထန်စွာ ထိခိုက် ခံစားခဲ့ကြ ရပါတယ်။ စစ်ပွဲ မစတင်ခင် စစ်ရိပ် စစ်ယောင်တွေ သမ်းလာတဲ့ အချိန်မှာ Konoha ရဲ့ First Hokage Senju Harshima က သူ ထိန်းချုပ် ထားတဲ့ Tailed Beast တွေကို ကျန် Ninja Village တွေ ဆီ ဖြန့်ဝေ ပေးပြီး (ကျွန်တော်တို့  ဆီမှာ နျူကလီးယား လက်နက် တွေလိုပေါ့ ) ၊ ပါဝါ ချိန်ခွင်လျှာ တည်ဆောက်ဖို့ ကြိုးစား ပေမယ့် မအောင် မြင် ခဲ့ ပါတဲ့။

Second Great Ninja War
ဒုတိယ အကြိမ် စစ်ပွဲကြီး ကတော့ ပထမ ကမ္ဘာစစ် ဖြစ်ပြီး ၊ နောက် နှစ်ဆယ် လောက် အကြာ မှာ စတင် ပါတယ်။ အကြောင်းရင်း ကတော့ အဆမတန် ကြီးထွား လာတဲ့ နင်ဂျာရွာကြီး တွေဟာ သူတို့ရဲ့ လိုအပ်ချက် များပြား လာတော့ အင်အား အသုံးပြုပြီး ကျူးကျော် စစ်တွေ ဆင်နွှဲ ကြတာ ကြောင့် ဖြစ်ပါတယ်။ Pein ရဲ့ အဆို အရတော့ ဒီစစ်ပွဲဟာ Konoha ဘက် က စခဲ့တာ လို့ ဆိုပါတယ်။ ဒီ စစ်ပွဲမှာ Konohagakure,Iwagakure, Amegakure နဲ့ Sunagakure တို့ အဓိက ပါဝင် တိုက်ခိုက် ခဲ့ကြပြီး Amegakure လို နိုင်ငံငယ် လေးတွေ ဟာ စစ်မြေပြင် ဖြစ်ခဲ့ပါတယ်

Third Great Ninja War
တတိယအကြိမ်စစ်ပွဲ ကတော့ Naruto တို့ ရဲ့ အချိန် ကာလနဲ့ သိပ် မကွာဝေးတဲ့ အချိန်မှာ ဖြစ်ပွား ခဲ့ပြီး၊ စစ်ပွဲမှာ ပါဝင်ခဲ့တဲ့ လူအများစု ဟာလည်း လက်ရှိ အချိန်ထိ သက်ရှိ ထင်ရှား ရှိနေကြဆဲပါ။ ဒီ စစ်ကြီးမှာ တခြားသော Ninja village တွေ ဘယ်လို ပါဝင် ခဲ့တယ် ဆိုတာ မသိရ သေးပဲ Konoha နဲ့ Iwagakure တို့ဟာ Kusagakure (Hidden Grass Village) မှာ ရှေ့တန်း စစ်မျက်နှာ အဖြစ် အပြင်းအထန် တိုက်ခိုက် ခဲ့ကြပါတယ်။

Fourth Great Ninja War
ဒီစစ်ပွဲကြီး ကတော့  ကျွန်တော် တို့ရဲ့  ဇာတ်လိုက် ကျော်ကြီး တွေ ကိုယ်တိုင် ပါဝင် တိုက်ခိုက် ကြမယ့် စစ်ဖြစ်ပြီး ၊ အစကနေ အဆုံး ပြည့်ပြည့်စုံစုံ ရှုစား
ကြရမယ့် စစ်ပွဲကြီး ပဲဖြစ်ပါတယ်။ ဒီတစ်ခါတော့ နိုင်ငံ အချင်းချင်း တိုက်ခိုက်ကြတဲ့ စစ်ပွဲ မဟုတ်တော့ ဘဲ နိုင်ငံတွေ က စုပေါင်း မဟာမိတ် ဖွဲ့ပြီး
Akatsuki အဖွဲ့ နဲ့ စစ်ခင်း ကြတာပါ ။ Third Tsuchikage Ōnoki ရဲ့ စကားကို ယူပြီး ပြောရရင် တော့ ဒီစစ်ပွဲဟာ အရင်ကလို ရယူဖို့
အချင်းချင်း တိုက်ခိုက် ကြတာ မဟုတ်တော့ ဘဲ ကာကွယ်ဖို့ အတွက် အတူတကွ တိုက်ခိုက် ကြတဲ့ စစ်ဖြစ်ပါတယ်။

No comments:

Post a Comment