-->

Uchiha Itachi Fan Art Collection-1


Itachi Fan art များကို တစုတစည်းတည်း Download လုပ်နိုင်ဖို့ပါ. . 

All the credits go to original creators ~ 

Fan Art Collection-1

It is a collection of Naruto Fan arts from various photo-hosts. All the credits go to original creators.

(ပုံများကခက်ခက်ခဲခဲ ရှာမနေရပဲ အလွယ်တကူဒေါင်းလုပ်နိုင်အောင်ရည်ရွယ်ပြီး စုစည်းတင်ပေးလိုက်တာပါ)

Ōnoki (オオノキ)


Ōnoki (オオノキ) ဟာကျောက်တုံးရွာရဲ့သုံးယောက်မြောက်ဆူချီခါဂဲဖြစ်ပြီး နိုင်ငံကြီးငါးနိုင်ငံရဲ့ လက်ရှိခါဂဲငါးယောက်ထဲမှာအသက်အကြီးဆုံး..အကျွမ်းကျင်ဆုံး..အရပ်အပုဆုံး..စသဖြင့် ဆုံးပေါင်းများစွာနဲ့ပြည့်စုံသူတစ်ယောက်လဲဖြစ်ပါတယ်


ကိုယ်ရေးအကျဉ်း
Ryōtenbin no Ōnoki(Onoki of both Scales-နှစ်ဖက်ခွထိုင်သူ လို့အကြမ်းဖျင်အဓိပ္ပာယ်ရ) လို့ကျော်ကြားတဲ့ အိုနိုကီဟာအရပ်ပုပု နှာခေါင်းနီနီကြီးကြီးနဲ့ အဆင်းအသွင်ရှိပီး အရေးဟဲ့အကြောင်းဟဲ့ ဆို ခါးကထထနာတတ်တဲ့ လူအိုလေး ဖြစ်တယ်..ဒါပေမယ့် အဆင်းမလှပေမယ့် အချင်းနဲ့ပြည့်စုံတဲ့ အိုနိုကီဟာ အလွန်ရှားပါးတဲ့ Kekkei Tota( နင်ဂျစ်ဆု element သုံးမျိုး ကိုတစ်ပြိုင်တည်းအသုံးပြုနိုင်ခြင်း) ပိုင်ဆိုင်တဲ့ တစ်ဦးတည်းသော သက်ရှိထင်ရှားပုဂ္ဂိုလ်လဲဖြစ်တယ်..
သူ့ရွာနာမည်နဲ့လိုက်အောင် ခေါင်းမာချက်က ကျောက်တုံးတောင်အရှုံးပေးရမယ့် အိုနိကီဟာဆရာရင်းဖြစ်တဲ့ ဒုတိယဆူချီခါဂဲ မူးး(Muu) ဆီကDust release(မီး.ရေ လေသုံးမျိုးလုံးကိုတစ်ချိန်တည်းပေါင်းစပ်ပြီးဖြစ်လာတဲ့အနှိုင်းမဲ့element)ဂျစ်ဆုကို ဆက်ခံခဲ့တာ ဖြစ်ပြီး..
သူ့ဆရာ့ဆရာတွေအတိုင်းပဲ ဘယ်နည်းပဲသုံးရသုံးရကျောက်တုံးရွာကိုကာကွယ်ဖို့အတွက်ဆို ဘာမဆိုပြတ်ပြတ်ပဲလုပ်လေ့ရှိတယ်..
ကျန်ရွာတွေအားလုံအပေါ် အဆိုးမြင်နဲ့ကြည်ပြီ့း..အာကာဆုကီလို ရာဇ၀တ်သားအဖွဲ့ကိုတောင် သူ့ရွာအတွက်ဆိုအသုံးချဖို့လက်မနှေးခဲ့ပါဘူး...

ငယ်ငယ်တုံးက သူတို့ရွာရဲ့ ကျောက်တုံး ဆိုတဲ့နာမည်ကြီးကို သူမကြိုက်ခဲ့ဘူး ..ရိုးစင်းလွန်းတယ်ဆိုပီး ဒီနာမည်ကိုပေးခဲ့တဲ့ပထမဆူချီခါဂဲ အဘိုးကြီး ကို မကျေမနပ် ဗျစ်တောက်ဗျစ်တောက်လုပ်နေတုံး ပထမဆူချီခါဂဲကသူတို့ရွာရဲ့အမှတ်အသားဟာရှီနိုဘီတွေရဲ့ မတုန်မလှုပ်တဲ့ခိုင်ကျည်တဲ့စိတ်ထားကို ရည်ညွှန်းတဲ့အကြောင်းရှင်းပြပြီးနောက်မှာအိုနိုကီဟာစိတ်ဓာတ်အလွန်ခိုင်မာတဲ့ဘယ်တော့မှ
အလျော့မပေးတတ်တဲ့သံမဏိခေါင်းဆောင်းပုဂ္ဂိုလ်ဖြစ်လာခဲ့တယ်..