-->

Anime Recommendation

Shin sekai Yori 新世界より (From the New World)

ယနေ့ ခေတ်ကာလ မှ နှစ်ပေါင်း ၁၀၀၀ ကျော် အကြာ ၊.......
မြို့ပြအဖွဲ့အစည်းနဲ့ ခေတ်မှီနည်းပညာများ ကင်းကွာတဲ့စိမ်းစိုတဲ့စိုက်ခင်းကျယ် များ သန့်စင် ကြည်လင်တဲ့ ရေပြင် လွမ်းခြုံ ထားတဲ့ သဘာဝ နဲ့ တသားတည်း ရှိနေတဲ့လူ အဖွဲ့အစည်း ၊ အရာရာ တိုင်းကို စိတ်နဲ့ ရွေ့လျားနိုင် ဖန်တီး နိုင်တဲ့ သဘာဝလွန်
စွမ်းအား တွေကို ပိုင်ဆိုင် ထားပေမယ့် အဲ့ဒီ အစွမ်း တွေကို ကောင်းကျိုး အတွက်သာ အသုံးချ ပြီး တစ်ယောက် နဲ့ တစ်ယောက် ထိခိုက်ရန်လိုစိတ် မရှိ ကြတဲ့ လူသားတွေ ၊သဘာဝတရားကိုထိခိုက်ခြင်းမရှိတဲ့ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းနဲ့
clean energy တွေကိုအခြေပြုပြီး.ကောင်းမွန်ပြည့်စုံတဲ့ပညာရေးဘာသာရေးအသိတွေလွမ်းခြုံ ထားတာကြောင့် ရုပ်ရော နာမ်ပါ ညစ်ညမ်းခြင်း အလျင်း ကင်းတဲ့ ပတ်ဝန်းကျင်... ဒီလို Ideal societyလို့ဆိုရလောက်တဲ့ ပြီးပြည့်စုံတဲ့လူအဖွဲ့အစည်
မျိုးဟာ တကယ်ပဲဖြစ်နိုင် ပါရဲ့လား


ဇာတ်လမ်း စဖွင့် တာက မြို့ပြကြီး တစ်ခု အလယ်ကတက္ကစီကားတစ်စီး ပေါ်မှာရယ် ဓာတ်လှေကား တစ်ခု ရဲ့ ရှေ့မှာရယ် ကျောင်း စာသင်ခန်း တစ်ခု မှာပါ။
ဆယ်ကျော်သက် လူငယ်လေး တစ်ချို့ဟာ စိတ်စွမ်းအား လိုလို ဘာလိုလို သုံးပြီး လူတွေကို သတ်ဖြတ် ပစ်ကြတယ် ..(elfen Lied နဲ့ နင်လား ငါလားပဲ ) နောက် Scene တစ်ခု ရောက်တော့ လယ်ကွင်း ကျယ်ကြီး တွေရဲ့ နံဘေးမှာ ကလေးတွေ ကစား နေကြ တာကို ရှုစား ကြရပါတယ်။ စကတည်း က ယဉ်သကိုး ဆိုသလို တော်တော်လေး ကို နားလည် ချင်စရာ ကြီးပါ။ ထားတော့ ၊ ဒါကမှ တကယ့်အစပါ။ အချိန်ကာလ နှစ်ပေါင်း တစ်ထောင်ကျော် အကြာ ၊ Saki ဆိုတဲ့ ကောင်မလေး ဟာ တစ်ည မှာ သူမရဲ့ အခန်း ထဲမှာ ရုတ်တရက် နိုးထ လာတော့ ပစ္စည်းတွေ အားလုံး လေထဲမှာ ၀ဲပျံပြီး ကသောင်းကနင်း ဖြစ်နေ ကြတာ ကို ထိတ်လန့်စွာ တွေ့ လိုက် ရတယ်။ သူမ ရဲ့ မိဘ တွေက အခန်းထဲ ၀င်လာပြီး အလွန် ၀မ်းသာတဲ့ အမူအရာ နဲ့ ပွေ့ဖက် တာ ခံရ ပါတယ်။ ဒါကတော့ ကောင်းချီး ပေးခြင်း ( Blessing )လို့ ခေါ်တဲ့ Saki တစ်ယောက် အရွယ်ရောက် ပြီ ဆိုတဲ့ အမှတ်အသားပဲ ဖြစ်ပါတယ်။ ဒီ ခေတ်ကာလ မှာ လူသားတိုင်း ဟာ Cursed power လို့ ခေါ်ကြတဲ့ စိတ်စွမ်းအင် ကို ပိုင်ဆိုင် ကြတယ် ( အနီးစပ်ဆုံး ပြောရင် Pokemon ထဲက Psychic ပါဝါ လိုပဲ ) ကလေး တစ်ယောက်ဟာ အရွယ်ရောက် လာပြီ ဖြစ်ကြောင်း ကို သူရဲ့ စိတ်စွမ်းအင် jyuryoku နိုးထ လာရင် သိနိုင် တယ်။

လူတိုင်းဟာ သူတို့ရဲ့ စွမ်းအား တွေကို ကောင်းကျိုး အတွက်သာ အသုံးချပြီး သူတစ်ပါး ( လူသား အချင်းချင်း ) အပေါ် မကောင်းတဲ့ စိတ်နဲ့ ထိခိုက် နိုင်ခြင်း လုံးဝ မရှိတော့ ပါဘူး။ ဒါကို Moral code လို့ ခေါ်ပါတယ်။ ဒီလိုနဲ့ လူသား အဖွဲ့အစည်း တစ်ခုလုံး က တစ်ဦး အပေါ် တစ်ဦး စိတ်ဆိုး စိတ်ယုတ် ကင်းစွာနဲ့ ငြိမ်းချမ်းမှု ကို အပြည့်အ၀ ခံစား နေကြ ရပါတယ်။

Saki ဟာ သူမရဲ့သန့်စင်တဲ့ စွမ်းအား ရရှိပြီး နောက်မှာ WakiAcadamy ကနေ ပို အဆင့်မြင့်တဲ့ Yuuai Acadamy ကို ပြောင်းရွေ့ သင်ကြား ရပါတယ်(တနည်း ပြောရင် မူလတန်း ပြီးလို့ အလယ်တန်း ရောက်ပြီပေါ့ ) အဲဒီမှာ သူမရဲ့ ငယ်သူငယ်ချင်းတွေ ဖြစ်ကြတဲ့ Satoru ဆိုတဲ့ မတည့် အတူနေ ကောင်လေး ၊ သူမရဲ့ ထူးချွန်မှု အပေါ် ဂုဏ်ယူ တတ်တဲ့ ကောင်မလေး Maria ၊ အရာရာမှာ စိုးရွံ့ နေတတ်တဲ့ ကောင်လေး Mamoru ၊ ဘက်စုံ ထူးချွန်ပြီး Saki သဘောကျ လေးစား ရတဲ့ကောင်လေး Shun တို့က ဆီးကြို နေကြ ပါတယ်။ သူမအဖွဲ့ထဲမှာSaki က graduate ဖြစ်တာ နောက်အကျဆုံး ဆိုပါတော့ ။ သူမထက် နောက်ကျ ကျန်ခဲ့သူတွေ ရှိပေမယ့် ဘယ်သူမှ Yuuai Acadamy ကို ရောက်မလာ ကြတော့ပါဘူး။

ပြီးတော့ အဆိုပါ ကျန်ရစ် ခဲတဲ့ ကလေးတွေ အားလုံး ပျောက်ကွယ် သွားကြတယ် ဆိုတဲ့ ကောလဟာလ တွေလဲ ကြားလာ ရပါတယ်။ အတန်း ထဲမှာ အုပ်စုလေး တွေ ခွဲထားပြီး အုပ်စု နံပါတ်တစ် ဖြစ်တဲ့ Saki တို့ ဟာ အတော်ဆုံး လို့ ဆိုရမယ့် Shun ကို ရရှိ ထားပေမယ့် သူတို့ အဆင့် ရလဒ်မ ကောင်းအောင် အမြဲ ၀င်နှောင့် နေသူလဲ ရှိပါတယ်။ သူကတော့Reiko လို့ အမည် ရတဲ့ ကောင်မလေးပါ။ အမြဲတမ်း အတတ်နိုင်ဆုံး ကြိုးစားလေ့ ရှိပေမယ့် ပင်ကို ပါရမီ မရှိတာ ကြောင့် သူမရဲ့ ကျရှုံးမှု တွေကို ကျန်သူတွေ နဲနဲ စိတ်ပျက် လာကြပါတယ်။ နောက်နေ့ တွေမှာတော့ Reiko ဆိုတဲ့ ကောင်မလေး ဟာ Acadamy ကနေ ပျောက်ချင်းမလှ ပျောက်ကွယ် သွားပါတော့ တယ်။ ထူးဆန်းတာ ကတော့ Saki တို့ တစ်သိုက် ဟာ သူမ ရဲ့ပျောက်ဆုံးမှု ကို လုံးဝ သတိမထား မိတာပါပဲ။ Yuuai Acadamy မှာ သင်ကြား ရတာတွေ က သူတို့ရဲ့ စွမ်းအား တွေကို ကောင်းကောင်း အသုံးချ တတ်အောင် ရယ် နောက်ပြီး အပြင်လောက က ကြောက်မက်ဖွယ်ရာတွေ အကြောင်းကို သင်ယူ ကြရတယ်။ မကောင်းဆိုးဝါး Akki တွေ moral code ပျက်စီး သွားတဲ့ လူသားတွေ ကိုယ့်ရဲ့ စွမ်းအားကို ထိန်းချုပ် နိုင်စွမ်း မရှိတော့ တဲ့ Karma Demon တွေ အကြောင်း တွေပါ။ သူတို့အတွက် ဒီလို moral codeပျက်စီးသွားတဲ့လူသား
တွေဟာအကြီးမားဆုံးကြောက်မက်ဖွယ်အန္တရာယ်ပါပဲ။ဘာလို့ဆို တခြားလူသားတွေကလူသား
အချင်းချင်း ဘယ်အခြေအနေမှာမဆိုလုံးဝဒုက္ခပေးလို့မရတဲ့အချိန်မှာ Akkiတွေကတော့လူတွေ
ကိုလွယ်လွယ်ကူကူပဲသတ်လို့ရတာကြောင့်ပါ။

နောက်ပိုင်း မှာတော့ Saki တို့ အဖွဲ့လေး ဟာ စွန်းစားခန်း ပေါင်းစုံ ပြဿနာ ပေါင်းစုံ ကြုံတွေ့ လာရပြီး Holy Barrier ကာရံ ထားရတဲ့ ရည်ရွယ်ချက် တွေ ၊ Waki Acadamy ( မူလတန်းလို့ ဆိုကြပါစို့ ) ကနေ ရော လူတွေရဲ့ မှတ်ညဏ် ထဲကပါ ပျောက်ဆုံး သွားကြတဲ့ ကလေးတွေ (Saki ရဲ့ အစ်မရင်း အပါအ၀င်) သူငယ်ချင်း တွေ ပျောက်ဆုံး သွားတဲ့ နောက်ကွယ် က အကြောင်းရင်း Education Board နဲ့  Ethics Councilစတဲ့သူတို့မြို့လေးကိုကြိုးကိုင်ထားတဲ့အဖွဲ့တွေရဲ့အကြောင်း၊
Bake Nezumiဆိုတဲ့လူတစ်ပိုင်းတိရစ္ဆာန်တစ်ပိုင်းသတ္တ၀ါတွေရဲ့ လူသားတွေအပေါ်သဘောထား၊
သူတို့တွေရဲ့ မူလဇာစ်မြစ်...ယခင်ပျက်စီးဆုတ်ယုတ်နေတဲ့ခေတ်မှီကမ္ဘာကြီးကနေခုလက်ရှိခေတ်ကိုရောက်လာပုံ၊ လူသားတွေရဲ့စိတ်စွမ်းအားတွေရဲ့သရုပ်မှန်..စတဲ့ လျို့ဝှက်ချက် တွေ တစ်ခုပြီး တစ်ခု သိမြင် လာပြီး နောက်မှာ သူတို့ရဲ့ လက်ရှိ perfect ဖြစ်လှ ပါတယ် ဆိုတဲ့ လူ့အဖွဲ့အစည်း ကိုယ်တိုင် က ပြိုလဲလု ပြိုလဲခင် အစွန်းမှာ အစဉ် ရပ်တည် နေရတဲ့ အကြောင်း သိနားလည် လာပါတော့ တယ်။ ဒီလို အဆုံးမဲ့ လျို့ဝှက်ချက် တွေကို လိုက်လံ ခြေရာခံ ရင်း သူငယ်ချင်း တစ်စုဟာ တစ်ချိန်တည်းမှာ သူတို့ တန်ဖိုးထား ရတဲ့ အရာတွေကို ကာကွယ် နိုင်ဖို့ လုံးပန်း ရပါတော့ တယ်။ ကျန်တာ ကိုတော့ ကိုယ်တိုင် ဆက်လက် ရှူစား ကြပါ ပေါ့ ။ဇာတ်လမ်းကတော့ တခြား animeတွေနဲ့လုံးဝမတူအောင်ထူးခြားပါတယ်။ကောင်းလဲကောင်းပါတယ်။ ကြည့်ကြည့်လိုက်ကြပါဦး။

ဇာတ်လမ်းကို အဓိကဇာတ်ကောင်တွေရဲ့အသက်အပိုင်းအခြားသုံးမျိုးမှာခွဲပြီးပြသွားပါတယ်။
အကောင်းဆုံးအချက်ကတော့ အသက်၂၆နှစ်အရွယ် sakiဟာအလွန့်အလွန်ကိုလှပချစ်စရာကောင်းတာပါပဲ။

Japan SF Grand Prize ဆုရ သိပ္ပံဝတ္ထု ကို ပြန်လည်ရိုက်ကူးထားတဲ့ Anime Seriesတစ်ခုဖြစ်ပါတယ်။ ကြည့်ချင်လိုသူများ
အတွက် အောက်ပါလင့်မှာကြည့်နိုင်ကြပါတယ်။

Watch Shin Sekai Yori

No comments:

Post a Comment