-->

Rin Nohara


(ဒီစာတွင် Animeအဖြစ်ပြောင်းလဲမရိုက်ကူးရသေးသည့် ဇာတ်လမ်း အကြောင်းအရာ(Spoiler)များပါသဖြင့် Mangaမဖတ်ပဲ Animeသီးသန့်ကြည့်သူများအတွက်နားလည်ရခက်ခဲစေနိုင်ပါကြောင်းနှင့်ဇာတ်လမ်းကြိုသိပြီးအရသာပျက်နိုင်ပါကြောင်းသတိပေးအပ်ပါသည်။

မီနာတိုရဲ့တပည့်ကျော်သုံးယောက်ထဲကတစ်ယောက်ဖြစ်ပြီး သူပါဝင်ခွင့်ရတဲ့အပိုင်းအရေအတွက်ကတော့ နှစ်ပိုင်းတိတိရှိပါတယ်။
(flashbackလေးတွေမှာတော့ ဟိုတစ်စ ဒီတစ်စ ပါတာပေါ့)ဒီလို နှစ်ပိုင်းပဲပါသေးပေမယ့် သူမ ဟာNarutoဇာတ်လမ်းတွဲ

ကြီးတစ်ခုလုံးရဲ့အရေးပါဆုံးနေရာမှာရှိပါတယ်။ဘာလို့ဆို ဇာတ်လမ်းကိုစမွှေတဲ့ Akatsukiအဖွဲ့ကြီးဖြစ်လာတဲ့အကြောင်းရင်းက ဒီ Rin ဆိုတဲ့ ကောင်မလေးဖြစ်နေလို့ပါပဲ။


Team Minatoမှာ ဆေးတပ်သားနင်ဂျာဖြစ်တဲ့ Rin ဟာကြင်နာတတ်ပြီး သူ့အဖွဲ့သားတွေဖြစ်တဲ့ Kakashiနဲ့Obito

တို့အပေါ်အရိပ်တကြည့်ကြည့် စောင့်ရှောက်ပေးတတ်သူဖြစ်ပါတယ်။ တစ်ချိန်လုံးကိုက်နေတဲ့ ဟိုနှစ်ကောင်ကြားမှာအမြဲဖျန်ဖြေပေး
ရတတ်ပြီး..အထူးသဖြင့် လေလုံးထွားပြီးအမြဲဒုက္ခတွေ့ဒဏ်ရာရတတ်တဲ့ Obitoကိုပိုဂရုစိုက်ပေးရတယ်။ Obitoကသူမ ကိုချစ်သလို သူမကKakashiကိုချစ်ပါတယ်။ (ဇာတ်လမ်းကထုံးစံအတိုင်း )
ရေခဲတုံးKakashiကတော့ မသိချင်ယောင်ဆောင်နေတာလား..ဒါမှမဟုတ်...သုံးပွင့်ဆိုင်ပီသအောင် Obitoကိုချစ်နေသလား
တော့မသိပါဘူး။

တတိယနင်ဂျာစစ်ပွဲကြီးကိုအဆုံးအဖြတ်ပေးခဲ့တဲ့ ကာနာဘီတံတား တိုက်ပွဲမှာမီနာတိုကသူတပည့်ကျော်သုံးယောက်ကိုယုံကြည်
စွာ
နဲ့ ရန်သူနယ်မြေထဲထားပစ်ခဲ့ပြီးနောက်ချက်ချင်းကိုRinတစ်ယောက်ရန်သူလက်ထဲပါသွားတော့တယ်။အဲ့မှာ အဖမ်းခံထားရတဲ့ Rinကိုသွားကယ်သင့်မကယ်သင့်ကို Kakashi နဲ့ Obitoတို့အငြင်းပွားရာကNarutoဇာတ်လမ်းရဲ့ အကျော်အမော်စကားစု တစ်ခုထွက်ပေါ်လာခဲ့တယ်။

Those who break the rules are trash, but those who abandon their comrades are worse than trash! 

အဲ့ဒီနောက် Obitoတစ်ယောက်ကျောက်တုံးပိပြီး သေသွားပြီလို့ယူဆလိုက်ကြတယ်Madaraရဲ့ကယ်တင်ခြင်းခံရပြီးမြေအောက်မှာ

ပိတ်မိနေတဲ့ObitoဟာMadaraရဲ့သွေးဆောင်စည်းရုံးခြင်းကိုလက်မခံ...စိတ်ဓာတ်ခိုင်ခိုင်ထားပြီး.. Kakashiနဲ့Rinတို့ဆီပြန်နိုင်မယ့်
ရက်ကိုလက်ချိုးရေလို့စောင့်မျှော်နေတာပေါ့။

ဒီမှာ Rinကသူ့ရဲ့specialityဖြစ်တဲ့အဖမ်းခံရခြင်းကိုနောက်တစ်ကြိမ်ခံရပြီး 
ဒီတစ်ခါတော့Kirigakure(မြူဖုံးရွာ)ရဲ့ဖမ်းဆီးခြင်းကို
ခံရတာပါ။Kiriရွာက သူတို့ရဲ့ သုံးမြီး ကောင်ကြီးကိုRinရဲ့ကိုယ်ထဲထည့်သွင်းJinchuurikiဖြစ်စေပြီးKonohaရွာလယ်မှာအရင်က
ကိုးမြီးသောင်းကျန်းဖူးသလိုပဲ သုံးမြီးကို သောင်းကျန်းဖျက်ဆီးစေဖို့ယုတ်ယုတ်မာမာကြံစည်ပါတော့တယ်။(ခုချိန်မှာ ရွာကြီးတွေ
အားလုံးကမဟာမိတ်အဖြစ်ပူးပေါင်းနေကြပေမယ့် အဲ့ခေတ်ကတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံနဲ့ လစ်ရင်လစ်သလိုတွယ်နေကြတာပေါ့).. အဲ့ဒီနောက် မြူဖုံးရွာကRinကိုဖမ်းထားရာက တမင်လွှတ်ပစ်လိုက်ပြီး Kakashiက လာကယ်တဲ့အခါနောက်ကနေ KiriရွာကAnbuနဲ
့Jouninအဆင့်ရှိနင်ဂျာတွေကလိုက်ဖမ်းချင်ယောင်ဆောင်စေပါတယ်။ (သူတို့ရည်ရွယ်ရင်းက Rinတစ်ယောက် Konohaရွာကို
ချောချောမွေ့မွေ့ပြန်ရောက်ပြီး သူ့ကိုယ်ထဲက သုံးမြီးကိုရွာထဲမှာလွှတ်ပစ်နိုင်အောင်ပဲ )သူတို့အကြံကိုသိနေတဲ့ Rinက Kakashiကိုသူမကိုသတ်ပစ်ဖို့ တောင်းဆိုပါတယ်။ Kakashiကတော့ငြင်းတာပေါ့။ သူလက်နဲ့မသတ်နိုင်ဘူးကာကွယ်ပေးမယ်
..ဘာညာဆိုပြီး ..ပြောမရတဲ့အဆုံးမှာ တိုက်ပွဲဝင်နေတဲ့Kakashiရဲ့ ရှေ့ကိုဝင်ပြီး ခံလိုက်ရာက Kakashiရဲ့ chidori Jutsuက
သူမရင်ကိုထိုးဖောက်ဝင်သွားခဲ့တယ်။ 

ဒီမြင်ကွင်းကိုမှ အချိန်ကိုက်ရောက်လာတဲ့ဘသားချော Obitoကမြင်သွားပြီး နောက်မှာ သောကအပူတွေကြွပြီး လူဆိုးလုံးလုံး
ဖြစ်ကာ နောက်ပိုင်း Akatsukiအဖွဲ့တွေဘာတွေထောင်ပြီးတစ်လောကလုံးနဲ့ပတ်ရန်ဖြစ်ပါတော့တယ်။ Kakashiက တော့ Rinကို
သတ်လိုက်ရတဲ့အကျိုးကျေးဇူးနဲ့ Mangekyo Sharinganလေးတစ်ဖက်ရလိုက်ပါတယ်။ (Obitoနဲ့အတူတူ တစ်ယောက်တစ်ဖက်
စီပေါ့) 

နောက်ပိုင်းမှာKakashiဟာ Rinရဲ့အုတ်ဂူကိုခဏခဏသွားပြီးအလွမ်းသယ်ပါတယ်။ အလွမ်းသယ်ကောင်းလို့ Narutoမွေးဖွားတဲ့ 

ကိစ္စလို ထိပ်တန်းလျို့ဝှက်ချက်တွေကနောက်ကလာချောင်းနေတဲ့ Obitoရဲ့နားထဲပေါက်ကြားပြီး၊Narutoတစ်ယောက်မိဘမဲ့
ဖြစ်ရရှာပါတယ်။

Rinဟာခုချိန်ထိ Episode119နဲ့120ထိသာပါဖူးသေးပေမယ့်သူမဟာ Konohaအတွက်လူမသိသူမသိ အသက်စွန့်လွှတ်
သွားခဲ့တဲ့ သူရဲကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာရယ်....Narutoဇာတ်လမ်းတစ်ခုလုံးစတင်ပေါက်ဖွားလာအောင်
စညှော်ပေးခဲ့သူလေး ဆိုတာရယ် မမေ့မလျော့ရအောင်ရေးသားလိုက်ပါတယ်။

No comments:

Post a Comment