-->

Anime Recommendation(Shiki)


Shiki 屍鬼

Sotoba လို့အမည်ရတဲ့ မြို့ပြနဲ့အလွန်အလှမ်းဝေးတဲ့နယ်မြို့လေးတစ်မြို့....အလွန်ကို ရိုးရှင်းလွန်းတဲ့ နေ့စဉ်ဘ၀ကို
 ဖြတ်သန်းနေုထိုင်နေကြတဲ့ Shimizu Megumi ဆိုတဲ့ကောင်မလေးဟာစတိုင်ကျကျနေထိုင်လိုပြီးဖက်ရှင်အဆန်းတွေထွင်
တတ်တော့ မြို့သူမြို့သားများလဲသူ့ကိမျက်စိနောက် သူကလဲ တောကျလွန်းတဲ့ဒီမြို့လေးကိုအမြင်ကပ်ဖြစ်နေပါတော့တယ်။
အဲလိုနဲ့ တစ်နေ့မှာ လူသူအနေမရှိတဲ့ Kanemasaစံအိမ်ကြီးကိုပြောင်းရွှေ့လာတဲ့ထူးထူးဆန်းဆန်းမြို့ကြီးသားမိသားစုကို
စိတ်ဝင်စားပြီး အဲဒီအိမ်နားသွားစပ်စုမိရာက Megumiတစ်ယောက်ပျောက်ဆုံးသွားပါတယ်။ မိသားစုနဲ့ရပ်ရွာသားတွေကရှာ
ကြတဲ့အခါတော့ ဖြူလျော်နွမ်းလျနေတဲ့ megumiကိုပြန်တွေ့ကြပါတယ်။ရက်ပိုင်းအကြာမှာပဲ Megumiတစ်ယောက်

ဆုံးပါးသွားပါတယ် အဲဒီကချိန်ကစပြီး Satobaမြိုလေးမှာ ရောဂါအမည်တပ်မရပဲ လူသေဆုံးမှုတွေ ဆက်တိုက်ဖြစ်လာပြီး
ဘယ်အရေအတွက်လောက်ဆုံးပါးသွားပြီလဲဆိုတာမသိနိုင်လောက်အောင်ပါပဲ။ တိုက်နယ်ဆေးရုံကရပ်ရွာကလေးစားရတဲ့
တာဝန်ကျဆရာဝန်လေး Ozaki Toshioကမူလအစကဒါကို ရောဂါတစ်မျိုးမျိုးကပ်ဆိုက်တာလို့ယူဆပြီးကုသပေးနိုင်အောင်
အပြင်းအထန်ကြိုးစားပါတော့တယ်။ ဒါပေမယ့် အချိန်တွေဖြတ်ကျော်လာတာနဲ့အမျှ ကိစ္စအမျိုးမျိုးဖြစ်အပြီးမှ
သူနဲ့ သူ့သူငယ်ချင်း ရွာဦးကျောင်းက(မြန်မာပြန်လိုက်ရတာမို ခွင့်လွှတ် XD ) ကိုယ်တော်လေးMuroi Seishinတို့ ဟာ
ထိတ်လန့်ဖွယ်ရာအမှန်တရားတစ်ရပ်ကိုသိရှိလိုက်ရပါတယ် ဒါကတော့ ဒီသေဆုံးမှုအလုံးစုံဟာရောဂါကပ်ဘေးတစ်ခုမဟုတ်

ပဲ သူတို့ ကိုယ်တိုင်မြုပ်နှံပေးလိုက်တဲ့သေဆုံးပြီးသာလူတွေ ရဲ့ လက်ချက်ဆို တာပါပဲ။သူတို့ကိုအမည်တပ်လိုက်တာက
Shiki(ဖုတ်ကောင်)တွေ တဲ့။ ညဘက်တွေမှာ Megumiနဲ့တကွ သေဆုံးပြီလို့ ယူဆထားခံရသူတွေ သွားလာနေတာကိုပြန်တွေ့ကြ
ရပြီး လူတွေသတိမထားမိလိုက်ခင်မှာတင် Shikiတွေဟာ သူတို့ရဲ့မြို့လေးမှာနေရာယူစပြုလာပါတော့တယ်။
Toshio နဲ့ Seishin တို့ရဲ့စုံစမ်းလေ့လာမှုရလဒ်အဖြစ် ဒီ ဖြစ်ရပ်တွေရဲ့ မူလဇာစ်မြစ်ဟာ Kanemasa စံအိမ်က ဆိုတာရယ်.
.ပြီးတော့Satoba မြို့လေးဟာတဖြည်းဖြည်းဆိတ်သုဉ်လာပြီး 
Shikiတွေရဲ့အမှောင်ထုကနေ တစ်စတစ်စ ၀ါးမြို ခံလာရပြီဆိုတာကို
သိရှိလာပြီးနောက်သူတို့ကိုယ်တိုင်တပ်အပ်မမြင်မသိရမချင်းယုံကြည် ဖို့ငြင်းဆန်နေဆဲရပ်သူရွာသားများကိုဘယ်လိုသက်သေပြ
ဘယ်လိုကယ်တင်နိုင်မလဲ ဆိုတာတော့ ....ဆက်လက်ရှုစားကြပေါ့နော်..။
အပိုင်းကတော့ ၂၄ပိုင်းပါပါတယ်။
တောက်လျှောက်ဇာတ်လမ်းပြောသွားတာ မင်းသားအကြောင်းမပါလိုက်ဘူး . Yuukiလို့ခေါ်ကြတဲ့Koide Natsunoဟာ
ဒီဇာတ်လမ်းမှာမင်းသားပေါ့။သူ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ToruဟာShikiအဖြစ်ပြောင်းလဲခံလိုက်ရပြီးနောက် သူဟာ Shikiတွေရဲ့ 
သရုပ်မှန်ကိုသိတဲ့အနဲအကျဉ်းလူတစ်စုထဲကတစ်ယောက်ဖြစ်လာပါတယ်။

ဒီ Shikiဟာ Horror novel seriesတစ်ခုကနေဆင်းသက်လာတာပါ။ဇာတ်လမ်းကတော့ အများအခေါ် Vampireဇာတ်ပေါ့။
ဒါပေမယ့်လူလုံးဝမသတ် တိရစ္ဆာန်ရဲ့သွေး၊...ထုတ်ယူပြီးသားသွေး ဒါမှမဟုတ် သွေးအစားထိုး တစ်ခုခု(tabletဆေးဖြစ်ဖြစ်)
ဒါတွေကိုမှီခိုအသက်ရှင်တဲ့အလွန် ချောမောလှပတဲ့ စူပါစွမ်းအားတွေရှိတဲ့ စသဖြင့်ဇာတ်လမ်းနဲ့ကိုက်ညီပြီး ဇာတ်လိုက်လုပ်လို့
ရအောင်ဖန်တီးထားသော သက်သတ်လွတ်စား Vampireတွေပါတဲ့ Fancy ဇာတ်လမ်းမျိုးမဟုတ်ပဲ ခါးသီးတဲ့
အမှန်တရားကို သဘာဝကျစွာရိုက်ပြထားတဲ့ Animeပါ။Vampireတွေ ဘာတွေ ယုတ္တိမဲ့သဘာဝလွန်တွေဆိုတာအသာထား.
.ဒီဇာတ်လမ်းရဲ့ လူ့ သရုပ်ပေါ်လွင်မှု လက်တွေ့ဆန်မှုကိုတော့ အရမ်းကြိုက်ပါတယ်။ ပြီးတော့နောက်တစ်ချက်သဘောကျတာက 
တခြားဇာတ်တွေလိုတစ်ဖက်ဖက်ကနေအကောင်းရိုက်ပြထားတာမဟုတ်တာပါ။(အများအားဖြင့်လူတွေဘက်အကောင်းပေါ့)
လူတွေဘက်ကကြည့်ရင် သူတို့ကိုညဘက်တွေမှာ လာလာပြီးသွေးစုပ်သတ်ဖြတ်နေတဲ့ shikiတွေကိုတားဆီးရမှာဖြစ်သလို
Shikiတွေအတွက်လဲ ဆာလောင်မှုကိုဖြေသိမ့်နိုင်ဖို့ ဆက်လက်အသက်ရှင်နိုင်ဖို့ အတွက် သူတို့ရဲ့တစ်ချိန်ကမိသားစုတွေသူငယ်ချင်း
ဖြစ်ခဲ့တဲ့လူတွေကို ရွေးစရာနည်းလမ်းမရှိပဲ သတ်ဖြတ်နေရတာပါ။ လူသားနဲ့ Shikiတို့ နှစ်ဖက်လုံးဟာ ကိုယ်စီရှင်သန်ရပ်တည်နိုင်ဖို့
အတွက်ရုန်းကန်လှုပ်ရှား နေကြရတာဖြစ်ပြီးတစ်ဖက်ဖက်ကတော့လုံးဝကျဆုံးရမယ် ဆိုတာသဘောပေါက်လာချိန်မှာ
သူတို့ဘယ်လိုဆုံးဖြတ်ပြီး ဘယ်လိုလုပ်ကြမလဲဆိုတာတော့စိတ်ဝင်စားစရာပါ။
လူတွေအသတ်ခံရတော့လူတွေဘက်က နာရသလို Shikiတွေခံရတော့ 
လဲသူတို့ကိုသနားရပြန်ပါတယ်။နောက်ဆုံးချိန်ထိလုံးဝ
မငြီးငွေ့စေရတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေကို အရမ်းမိုက်တဲ့ character design တွေနဲ့တကွ (လန်ပြန်ထွက်နေတဲ့ 
hairstyleတွေအပါအ၀င်)ရှုစားကြရမှာပါ။ Sword Art Onlineတို့လို Light Novel(အပျော်ဖတ်Fantasyဝတ္ထုတွေမဟုတ်တဲ့)
ဝတ္ထုဇာတ်လမ်းတွဲကြီးကနေမှီးငြမ်းထားတာနဲ့အညီ ဇာတ်လမ်းပိုင်းကတော့ တခြားanimeတွေနဲ့လုံးဝကွဲပြားနေတာကို
တွေ့ကြရမှာပါ။
Shiki ကိုအောက်ပါ လင့်ကနေ ကြည့်လို့ရပါတယ်။
Watch Shiki Episodes

No comments:

Post a Comment