-->

Kakuzu [ 角都]





ကိုယ်ရေးအကျဉ်း

အမည် - Kakuzu
မွေးနေ့ -သြဂုတ် ၁၅
အသက် -၉၁(ကွယ်လွန်)
အရပ် - ၁၈၅စင်တီ
အလေးချိန် - ၆၃.၂ကီလို
သွေး - အေ
အလုပ်အကိုင် - Akatsuki Treasurer
Partner - Hidan

ဟီဒန်နဲ့တွဲဖော်တွဲဖက် Kakuzuကိုမသိတဲ့လူမရှိလောက်ဘူးထင်ပါတယ်..
Kakuzu ဟာTakigakure က S-Rank အဆင့်ရှိတဲ့နင်ဂျာတစ်ယောက်ပါ…
ဟီဒန်နဲ့တွဲပြီးအလုပ်လုပ်ရတဲ့Akatsukiအဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပါတယ်..
နှစ်ယောက်စလုံးက..လွယ်လွယ်နဲ့မသေနိုင်တော့..Kisame ဆို Kakuzu နဲ့
Hidan တို့ကို Zombieအတွဲလို့တောင်စပြီးနောက်ပြီးခေါ်ပါတယ်..



Kakuzu ရဲ့နောက်ကြောင်းကိုမြေလှန်ရရင်. .


သူဟာအရင်က Takigakure က သစ္စာရှိလက်ရွေးစင်နင်ဂျာတစ်ယောက်ပါ. . .
တစ်နေ့ကျတော့.. သူ့မှာMission တစ်ခုကိုသွားဖို့ကြုံလာတယ်..
အဲ့Mission ကတော့ First Hokage Hashirama Senj ကိုလုပ်ကြံဖို့ပါ. .
ဒါပေမယ့်လည်း.. Hashirama ရဲ့ Wood Release techniquesတွေကြောင့်..မအောင်မြင်ခဲ့ဘူး..
သူအတတ်နိုင်ဆုံးကြိုးစားခဲ့ပေမယ့်..တစ်ဖက်လူက..First Hokage ဖြစ်နေတော့..သူ့ခင်မျာမှာလည်းအသက်မသေတာကံကောင်း..
ဒါပေမယ့်လည်း. . . အသက်လုပြီး သူ့ရွာကိုပြန်သွားတဲ့အခါမှာ. သူ့အတွက်စောင့်နေတာက..အပြစ်ဒဏ်ပဲ.
ရွာအတွက်..အသက်နဲ့ခန္ဒာကိုရင်းပြီးတိုက်ခိုက်ခဲ့ရတဲ့Kakuzu ကို..မအောင်မြင်ရကောင်းလားဆိုပြီး..
ပြင်းပြင်းထန်ထန်အပြစ်ပေးတော့…ခင်မျာမှာ..ရွာကိုအတော်လေးစိတ်နာသွားရှာတယ်..
ဒါနဲ့..ရွာအကြီးအကဲတွေကိုသတ်..သူတို့နှလုံးတွေကိုယူ…ရွာရဲ့အဖိုးတန်Forbidden
Techniquesတွေကိုပါ ယူပြီးထွက်ပြေးပါလေရော… နောက်ပိုင်း..Akatsuki ကိုမရောက်ခင်အထိ
ကြေးစားလူသတ်ပြီးပိုက်ဆံရှာ..ပြီးရင်.အားကြီးတဲ့Shinobiတွေရဲ့ခုန်နေသေးတဲ့နှလုံးတွေကိုထုတ်ပြီး..သူ့သက်တမ်းရှည်အောင်ခဲ့လုပ်တယ်..ဒီလိုနဲ့..Akatsukiကို Kakuzu ဝင်ခဲ့တယ်..သူ့ကိုPartner အများကြီးတွဲပေးခဲ့ပေမယ့်..တော်တော်များများက kakuzu ရဲ့ဒေါသကြောင့်အသတ်ခံခဲ့ရတယ်..
ဒါကြောင့်လည်းနောက်ပိုင်းမှာ Kakuzu နဲ့ Immortal ဟီဒန်တွဲဖော်တွဲဖက်တွေဖြစ်လာခဲ့တယ်…
ပြီးတော့ သူဟာ Kinkaku နဲ့ Ginkaku ညီနောင်နဲ့လည်းကြုံခဲ့ဖူးပြီး Kinkakuရဲ့
Jinchuriki Transformation ကိုလည်းမြင်ခဲ့ဖူးတယ်လို့ဆိုကြတယ်.. ရှေ့မီနောက်မီဘိုးတော်ကြီးပေါ့..


စိတ်နေစိတ်ထားကိုပြောရရင်တော့…
အသိသာဆုံးတစ်ခုကတော့.. ပိုက်ဆံမက်တာပါပဲ. . လောဘကြီးတယ်.. ကပ်စီးနဲတယ်. .
သူ့အတွက်ဘယ်လောက်အကျိုးအမြတ်ရမလဲဆိုတာကြည့်ပြီးအလုပ်လုပ်တယ်..တစ်ခါတစ်လေဆို..သူ့အတွက်ဘာမှမရနိုင်ဘူးထင်ရင် ဝင်တောင်မတိုက်ခိုက်ပဲ ဟီဒန်တစ်ယောက်တည်းကိုပဲတိုက်ခိုက်ခိုင်းတယ်. .
ကမ္ဘာမှာပိုက်ဆံကိုပဲအားထားလို့ရတယ်လို့မှတ်ချက်ရှိတယ်…အဲ့လိုနဲ့.. “Treasurer of Akatsuki”ဆိုပြီးဖြစ်လာတယ်ပေါ့…Akatsuki အဖွဲ့ဝင်တွေအားလုံးထဲမှာမှ… ဟီဒန်နဲ့Kakazuဟာ တစ်ယောက်နဲ့တစ်ယောက်မတည့်ဆုံး တစ်ချိန်လုံး စကားများရန်အဖြစ်ဆုံးပဲ..အကြိုက်ချင်းကလည်း တစ်ယောက်နဲ့တစ်ယောက်လုံးဝမတူပါဘူး. .. ဟီဒန်က Kakuzu ရဲ့လောဘနဲ့ဘာသာတရားမသိတတ်တာ..ဘုရားကျောင်းတွေကိုတိုက်ခိုက်ပြီးကျောင်းထိုင်ကိုယ်တော်ကို..Bountyရဖို့သတ်တာမျိုးတွေကိုမကြိုက်သလို..Kakuzu ကလည်း ဟီဒန်ရဲ့ဘာသာရေးနဲ့ ဓလေ့တွေကိုစိတ်ကုန်တယ်..ပြီးတော့..ဟီဒန်တစ်ယောက်အာချောင်တာတွေလည်း Kakuzuခင်မျာသည်းမခံနိုင်ရှာဘူး..ဒါပေမယ့်လည်း..သူတို့နှစ်ယောက်အတွဲကတော်ရုံမသေနိုင်တော့..သိပ်ပျော့ကွက်မရှိသလောက်ပဲ..Kakuzu ကဟီဒန်ကိုသည်းခံနေတယ်ဆိုတာကလည်း.. ဟီဒန်က Immortal ဆိုတော့ သတ်လို့မရလို့ပါ. . သူ့စိတ်နဲ့ဆို..ဟီဒန်မဟုတ်ပဲတစ်ခြားလူဆိုသေနေလောက်ပြီ.. စိတ်ကြီးတာ..လောဘကြီးတာကလွဲရင်..Kakuzu ကဟီဒန်ထက်ပိုပြီးအရာရာသတိရှိတယ်ပြောနိုင်ပါတယ်. ဘယ်တော့မှ ဟီဒန်လိုမျိုး အလောတကြီးနဲ့မစဉ်းမစားပဲ မတိုက်ခိုက်ဘူး.. ဟီဒန်ကိုလည်း ဘယ်တော့မှ သတိလက်လွတ် မနေဖို့မကြာမကြာသတိပေးတယ်.. Kakuzu က..အမိန့်နာခံတတ်တဲ့အကျင့်လည်း ရှိပုံပေါ်တယ်. . Asuma ကိုသတ်မယ့်အချိန်တုန်းက LeaderကTwotails ကို Seal လုပ်ဖို့ ခေါ်တာကိုဟီဒန်က မသွားချင်သလိုပြောပေမယ့်.. kakuzu ကဘာမှမပြောဘူး..
Asuma က Bounty များများရမယ့်လူမို့ အလွတ်တော့မပေးဘူး. .နောက်တစ်ခေါက်ထပ်သွားပြီသတ်ပစ်တာ.. xD



Kakuzu ရဲ့အသွင်အပြင်ပုံစံကိုပြောရမယ်ဆိုရင်…
အရပ်မြင့်မြင့်…အသားညိုညို.. ဗလတောင့်တောင့်..အညိုရင့်ရောင်ဆံပင်ရှည်နဲ့…
မျက်လုံးက .. အစိမ်းရောင်နဲ့..မျက်ဆံလည်းမပါဘူး..ဘေးမျက်သားတွေကအနီရောင်.
Kisame ကလွဲရင်…တစ်ခြားAkatsukiအဖွဲ့ဝင်တွေကို..အသာလေးမိုးထားလို့ရလောက်အောင်
လူကောင်ကြီးတယ်. . Kakuzuကအဖြူရောင်ခေါင်းစွပ်နဲ့အမည်းရောက်maskကိုမျက်နှာတစ်ခုလုံးမှာ..
သူ့မျက်လုံးလေးပဲမြင်ရအောင်ဆင်ထားတယ်..အဲ့mask အောက်မှာတော့..သူ့ပါးစပ်ကို ထောင့်နားလေးတွေမှာ..ချုပ်ထားတယ် .. သူ့တစ်ကိုယ်လုံးနီးပါးပါပဲ..ချုပ်ရာတွေနဲ့..
ဒါကလည်းသူ့ရဲ့အစွမ်းထက်တဲ့Techniqueတစ်ခုဖြစ်တဲ့Earth Grudge Fear ပါ..




<<Ability>>


ရာစုနှစ်နီးပါးရှိတဲ့ အတွေ့အကြုံတွေနဲ့.. Kakuzu ရဲ့Earth Grudge
Fear Technique ကိုပူးပေါင်းလိုက်တော့..အရမ်းကိုအစွမ်းရှိတဲ့နင်ဂျာတစ်ယောက်ဖြစ်လာခဲ့ပါတယ်. .
Taijutsu ဆိုလည်း..Speed ကတော်တော်မြန်.. အားကလည်းကြီး.. Ninjutsu
ဆိုရင်လည်း Long range ချလို့ရတဲ့.. Earth Grudge Fear နဲ့.. (အဲ့ဒိ Jutsu နဲ့
Deidara ရဲ့လက်တွေကိုပြန်ချုပ်ပေးခဲ့ပြီး ဟီဒန်ရဲ့ခေါင်းကိုလည်း..ပြန်ဆက်ပေးဖူးတယ်..)
ဒီမှာ.. အဲ့ဒိ Jutsu အကြောင်းလေးနည်းနည်းပြောချင်ပါတယ်. .
သူ့ရဲ့ကိုယ်ထဲမှာ..ကြိုးလိုလိုအမျှင်တွေအများကြီးရှိတယ်. .
အဲ့အမျှင်တွေကြောင့် သူ့ကိုယ်အဆစ်အပိုင်းတွေကို စိတ်တိုင်းကျ ဆန့်လို့ရတယ်..
အဝေးကနေတိုက်ခိုက်လို့ရတယ်.. ပြီးတော့..သူ့မှာဒဏ်ရာရလာရင်လည်းချက်ခြင်းပြန်ချုပ်လို့ရတယ်…
သူ့ကိုလွယ်လွယ်မသတ်နိုင်တာ..အဲ့ဒိအမျှင်တွေကြောင့်လည်းပါတယ်. .ဒီအမျှင်တွေကသူများကိုယ်ထဲကိုလည်းဖောက်ဝင်နိုင်တာကြောင့်..kakuzu တစ်ယောက်သူများနှလုံးတွေယူပြီးအသက်ဆက်နေနိုင်တာ..သူ့မှာအမြဲတမ်းနှလုံးအပိုလေးခုရှိတယ်..အဲ့တော့..သူ့ကိုတကယ်သေစေချင်ရင်ငါးခါဆက်တိုက်သတ်မှပဲဖြစ်မှာ..Kakuzu ရဲ့ကျောမှာ..မျက်နှာဖုံးလေးခုရှိပြီး..တစ်ခုစီမှာနှလုံးတစ်ခုရှိပါတယ်..တိုက်ပွဲထဲရောက်ရင်..နှလုံးတစ်ခုစီကိုအမျှင်တွေနဲ့ပတ်ပြီး.. Monsterလိုလိုပုံစံတွေနဲ့တိုက်ခိုက်လေ့ရှိပါတယ်.အဲ့ဒိmonster တွေပါးစပ်ကနေ Element တစ်မျိုးစီထုတ်ပြီးတိုက်တာမို့လို့..မျက်နှာဖုံးတွေမှာနာမည်လေးတွေရှိပါတယ်.
အဲ့ဒါတွေကတော့ Earth Mask, Fire Mask, Lightning Mask, Wind Mask တို့ပါပဲ..

Earth Mask မှာပါတဲ့ နှလုံးဟာဆိုရင် မြေ Element
ကိုအဓိကထားသုံးပြီး.. သူ့ရဲ့Mask ဟာနှုတ်သီးရှိတဲ့ခြေနှစ်ချောင်းdemon
ပုံစံမျိုးရှိပါတယ်..
Fire Mask မှာပါတဲ့နှလုံးကတော့ မီးနဲ့ဆက်စပ်မှုရှိပြီး.. သူ့ရဲ့Maskပုံစံဟာ ကျားပုံစံမျိုးရှိပါတယ်တဲ့.. သူဟာ Wind Mask နဲ့ပေါင်းပြီး တိုက်ခိုက်လေ့လဲရှိတယ်.
Lightning Mask ကတော့.. ထူးဆန်းတဲ့ခြေနှစ်ချောင်းသတ္တဝါပုံရှိတယ်လို့ဆိုပါတယ်..
သူလည်းထုံးစံအတိုင်းပဲ.. Lighting Element သုံးတာပေါ့..
Wind Mask.. ဒီတစ်ခုကတော့ နည်းနည်းထူးဆန်းတဲ့ပုံစံရှိတယ်..ခြေလေးချောင်းရှိတဲ့သတ္တဝါကိုမှ
အတောင်ပါးပါးလေးပါတယ်…



ရာစုနှစ်တစ်ခုနီးပါ..သူများနှလုံးတွေကိုယူပြီးသက်တမ်းရှည်နေတဲ့ Kakuzuတစ်ယောက်…
နောက်ဆုံးတော့ Kakashi, Team 7 နဲ့ Naruto တို့ကြောင့်သေဆုံးခဲ့ရပါတယ်..
သိသလောက်ပြောရရင် Kakuzu ဟာဘယ်အရာမဆို..သေချာစူးစမ်းလေ့လာပြီးမှလုပ်လေ့ရှိတယ်. .

နောက်ပြီး..Kakuzu ဟာ.. အသက်အတိအကျသိရတဲ့ Shinobi တွေအားလုံးထဲမှာအသက်အကြီးဆုံးလို့အဆိုရှိတယ်. .Kakuzu ရဲ့အကြိုက်ဆုံးအစားအစာကတော့ Liver Sashimi နဲ့ monkfish Liver ဖြစ်ပြီးတော့..သစ်အယ်သီးနဲ့လုပ်တဲ့Jelly ကိုမကြိုက်ဆုံးပါတဲ့..Bounty များများရှိတဲ့လူတွေနဲ့တိုက်ခိုက်ရတာကိုနှစ်သက်ပြီး..ရှားပါးစာအုပ်အဟောင်းတွေဖတ်ရတာကို ခုံမင်ပါတယ်တဲ့.. ဒါကတော့ Kakuzu အကြောင်း ကျွန်တော်သိသလောက်လေးပါ. .


"Even Hell runs on money. I'd be just fine."
-Kakuzu










No comments:

Post a Comment