နာရူတို စီးရီးအောင်မြင်မှုနဲ့အတူ လိုက်ပါလာတာကတော့ ပရိသတ်တွေဆီက၀င်ငွေသောက်သောက်လဲ
ချူယူနိုင်တဲ့ရုပ်ရှင်ဇာတ်ကားတွေပဲဖြစ်ပါတယ်။
မူရင်းစီးရီးနဲ့ဆက်စပ်မှုမရှိတဲ့ သီးခြားဇာတ်လမ်းကိုယ်စီကိုရိုက်ကူးထားတဲ့ဒီရုပ်ရှင်ဇာတ်ကားတွေဟာ ၂၀၀၄ခုနှစ်ကစလို့ တစ်နှစ်ကို တစ်ကားစီ ပုံမှန်ရုံတင်လာခဲ့တာ ၂၀၁၂ခုနှစ်ထိဆို၉ကားတိတိ ထွက်ရှိပြီးဖြစ်ပါတယ်။

1-Naruto the Movie: Ninja Clash in the Land of Snow
ပထမဆုံးထွက်ရှိခဲ့တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ယန်း၁.၃၇ဘီလီယံဝင်ငွေနဲ့အတူ Road to Ninjaမတိုင်ခင်အထိဝင်ငွေအကောင်းဆုံးနာရူတိုရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့အသက်ဘေးကိုကာကွယ်ဖို့နာရူတို ဆဆုကဲ ဆာကုရာ နဲ့ ကာကာရှီတို့ပါဝင်တဲ့ Team 7က တာဝန်ယူရပုံဖြစ်ပါတယ်။ Team 7ကိုစုံစုံညီညီတွေ့နိုင်တဲ့ပထမဆုံးနဲ့နောက်ဆုံး ရုပ်ရှင်ဆိုလဲမမှားပါဘူး။

2-Naruto the Movie: Legend of the Stone of Gelel
၂၀၀၅ခုနှစ်မှာဆက်လက်ထက်ရှိလာတဲ့ဒီရုပ်ရှင်မှာတော့သဲဖုံးရွာကိုအမျိုးအမည်မသိသံချပ်ဝတ်စစ်သည်တွေကကျူးကျော်လာတဲ့အခါ ဂါးရာတို့ အဖွဲ့နဲ့အတူ နာရူတို ဆကုရာ ရှိခါမာရု အစရှိတဲ့ ကိုနိုဟာမှအဖွဲ့ တို့ ပူးပေါင်းပြီး တိုက်ခိုက်ကာကွယ်ကြရပုံတွေကိုရိုက်ကူးထားပါတယ်။
3-Naruto the Movie: Guardians of the Crescent Moon Kingdom
နာရူတို အငယ်ပိုင်းရဲ့ နောက်ဆုံးဇာတ်ကားဖြစ်ပြီး နာရူတိုတို့Team 7ရယ် ရော့ခ်လီ(ဆဆုကဲမပါ) တို့ဟာ လမင်းတိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသမီးကိုကာကွယ်ဖို့တာဝန်ယူရပါတယ်။နာရူတိုတို့ကိုခါတိုင်း
နဲ့မတူတဲ့ဒီဇိုင်းအသစ်(သိပ်တော့မထူးလှပါဘူး)နဲ့တွေ့ရမှာဖြစ်သလို နောက်ဆုံးခန်းမှာ
အထူးအဆန်းရာဆန်းဂန်းကိုလဲကြည့်ကြရမှာဖြစ်ပါတယ်။
နာရူတို အငယ်ပိုင်းရဲ့ နောက်ဆုံးဇာတ်ကားဖြစ်ပြီး နာရူတိုတို့Team 7ရယ် ရော့ခ်လီ(ဆဆုကဲမပါ) တို့ဟာ လမင်းတိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသမီးကိုကာကွယ်ဖို့တာဝန်ယူရပါတယ်။နာရူတိုတို့ကိုခါတိုင်း
နဲ့မတူတဲ့ဒီဇိုင်းအသစ
အထူးအဆန်းရာဆန်းဂန်းကိုလဲကြည့်ကြရမှာဖြစ်ပါတယ်။
4-Naruto Shippuden the Movie
Shippudenရဲ့ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ဒီဇာတ်ကားကို ၂၀၀၇ခုနှစ်မှာရုံတင်ခဲ့တယ်။အစမှာတင် နာရူတိုရဲ့အသုဘနဲ့စဖွင့်ပြီး(တော်တော်လေးလှတဲ့နိဒါန်း) နောက်ကြောင်းပြန်ပြတာကနာရူတိုနဲ့ သူရဲ့အဖွဲ့တစ်ခုသောတိုင်းပြည်တစ်ပြည်က နတ်ဆရာမလေး ရှီအွန်းကို ကာကွယ်ကြရတဲ့ missionအကြောင်းပါ။ (ထုံးစံအတိုင်း) ..ဒီတော့နောက်ဆုံးမှာနာရူတိုတကယ်အသုဘဖြစ်မလား အသက်ရှင်အောင်ပွဲရမလားဆိုတာတော့ ရင်မခုန်စွာနဲ့စောင့်ကြည့်နိုင်ကြပါတယ်။

5-Naruto Shippuden the Movie: Bonds
ဒီ ရုပ်ရှင်ကတော့ မထွက်ခင်Trailerတွေနဲ့တင်လူတွေကိုတော်တော်ဖမ်းစားနိုင်ခဲ့ပါတယ်။ ဘာလို့ဆို ကိုနိုဟာကထွက်ပြေးသွားတဲ့လူမိုက်ကြီး ဆဆုကဲနဲ့ နာရူတိုတို့ဟာအတူယှဉ်တွဲပြီးတိုက်ခိုက်နေကြလို့ပါပဲ။ ဇာတ်လမ်းကတော့ကိုနိုဟာရွာကြီးကိုအမျိုးအမည်မသိရန်သူတွေက
လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အခါ ဒီရန်သူတွေကိုချေမှုန်းဖို့ကိုနိုဟာရဲ့မင်းသားကြီးများကကြိုးစားရတာပေါ့။ ရန်သူရဲ့စခန်းအလယ် အဓိကဗီလိန်ရဲ့ရှေ့မှောက်မှာရောက်နေတုံး နာရူတိုကိုကူညီတိုက်ခိုက်ဖို့ သူချစ်သူငယ်ချင်းကြီးဆဆုကဲပေါ်လာတဲ့အခါ...ဒန်တန့်တန့်..
6-Naruto Shippuden the Movie: The Will of Fire
နာရူတိုမန်ဂါရဲ့၁၀နှစ်ပြည့်အခါသမယမှာထွက်ရှိလာတဲ့ဇာတ်ကားဖြစ်ပါတယ်။အုပ်စုတစ်စုရဲ့ကြားကဖျက်ဆီးသွေးထိုးမှုကြောင့်
စတုတ္ထနင်ဂျာစစ်ပွဲကြီးဖြစ်အံ့ဆဲမှာ ကိုနိုဟာရဲ့ rookie ၁၁ယောက်(နာရူတိုနဲ့အပေါင်းအပါများပေါ့) က ရန်သူကိုအနိုင်ယူပြီးကမ္ဘာကြီးကိုကယ်တင်ကြရပါတော့တယ်။ Konoha 11အကုန်လုံးစုစည်းတိုက်ခိုက်ကြတာကိုကြည့်ရမယ့်တစ်ခုတည်း
သောဇာတ်ကားဖြစ်ပြီး တခြားရုပ်ရှင်တွေနဲ့ကွဲပြားတဲ့ဇာတ်လမ်းကိုတွေ့ကြရမှာပါ။
7-Naruto Shippuden The Movie: The Lost Tower
ဒီရုပ်ရှင်ကလဲ မထွက်ခင်ကတည်းကနာမည်ကြီးနေတဲ့ထဲမှာပါခဲ့ပါတယ်။ နာရူတိုနဲ့သူ့ဖခင် မီနာတို တို့ကိုအတူတူတွေ့လိုက်ရတဲ့အခါလူတိုင်းကြည့်ချင်ကြတာ မဆန်းပါဘူး။ ၀ရမ်းပြေးတစ်ယောက်ကိုလိုက်လံဖမ်းဆီးရင်းနဲ့ မတော်တဆဖြစ်ရပ်တစ်ခုကြောင့်နာရူတိုဟာလွန်ခဲ့တဲ့အနှစ်နှစ်ဆယ်အတိတ်ကာလကိုရောက်ရှိသွားတယ်။ အဲဒီကာလမှာ သူတို့လိုက်လံဖမ်းဆီးနေတဲ့တရားခံကိုပဲသူဖခင် မီနာတိုနဲ့အဖွဲ့ကလဲ ဖမ်းဆီးဖို့ကြိုးစားနေကြတဲ့အခါ ...သားအဖနှစ်ယောက်အတူတကွတိုက်ပွဲဝင်ခန်းတွေကို ရှုစားကြရမှာဖြစ်ပါတယ်။
8-Naruto the Movie: Blood Prison
နာရူတိုထောင်ထဲရောက်သွားပါတယ်။ဒီတော့ သူ့အပေါ်မတရားစွဲချက်တင်ခံထားရတာတွေကိုချေဖျက်ပြီး တရားခံအစစ်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ကို ဒီ၂၀၁၁ခုနှစ်ထွက်ရုပ်ရှင်မှာ ဇာတ်လမ်းပြုထားပါတယ်။တော်တော်လေး ဆန်းတဲ့ဇာတ်လမ်းကြောင့် စိတ်ဝင်စားကြပေမယ့်
တကယ်တမ်းကြည့်တော့ထင်သလောက်မဟုတ်တာတွေ့ရပါတယ်။
9-Road to Ninja: Naruto the Movie
လတ်တလောမှာအဟော့ဆုံးနာရူတိုရုပ်ရှင်ဖြစ်ပြီးနောက်ဆုံးထွက်အသစ်ချပ်ကျွတ်ဇာတ်ကားလဲဖြစ်ပါတယ်။ ထွက်ပြီးသမျှ နာရူတိုဇာတ်ကားများထဲမှာအကောင်းဆုံးလို့လဲ သမုတ်ကြပါတယ်။မူရင်းမန်ဂါဖန်တီးရှင် ကီရှီမိုတိုကိုယ်တိုင် ရေးသားပေးထားတဲ့ဇာတ်လမ်းမို့ အရင်ဇာတ်ကားတွေနဲမတူအောင်ပေါက်တာလဲအံ့သြစရာမဟုတ်ပါဘူး။ ယန်း၁.၄၆ဘီလီယံဝင်ငွေရခဲ့တာမို့သူရှေ့ကပထမဆုံးနာရူတိုရုပ်ရှင်ကားရဲ့ဝင်ငွေစံချိန်ကိုလဲချိုးဖျက်နိုင်ခဲ့ပါတယ် ။နာရူတိုနဲ့ဆကုရာတို့နှစ်ယောက်ဟာ တိုဘီရဲ့ဂျူစုကြောင့် သူတို့လောကရဲ့ပြောင်းပြန်လို့ဆိုရမယ့်အခြားသော လောကကြီးတစ်ခုကိုရောက်သွားကြတယ်။အဲဒီမှာ နာရူတိုဟာသက်ရှိထင်ရှားသူရဲ့မိဘနှစ်ပါးနဲ့အတူကပေါက်တိကပေါက်ချာစရိုက်တွေနဲ့သူရဲ့သူငယ်ချင်းတွေကိုတွေ့လိုက်ရတဲ့ အခါ...
လတ်တလောမှာအဟော့ဆုံးနာရူတိုရုပ်ရှင်ဖြစ်ပြီးနောက်ဆုံးထွက်အသစ်ချပ်ကျွတ်ဇာတ်ကားလဲဖြစ်ပါတယ်။ ထွက်ပြီးသမျှ နာရူတိုဇာတ်ကားများထဲမှာအကောင်းဆုံးလို့လဲ သမုတ်ကြပါတယ်။မူရင်းမန်ဂါဖန်တီးရှင် ကီရှီမိုတိုကိုယ်တိုင် ရေးသားပေးထားတဲ့ဇာတ်လမ်းမို့ အရင်ဇာတ်ကားတွေနဲမတူအောင်ပေါက်တာလဲအံ့သြစရာမဟုတ်ပါဘူး။ ယန်း၁.၄၆ဘီလီယံဝင်ငွေရခဲ့တာမို့သူရှေ့ကပထမဆုံးနာရူတိုရုပ်ရှင်ကားရဲ့ဝင်ငွေစံချိန်ကိုလဲချိုးဖျက်နိုင်ခဲ့ပါတယ်
ဒီဇာတ်ကားကို ကျွန်တော်တို့Konoha[-Myanmar-]မှမြန်မာစာတန်းထိုး ဘာသာပြန်ထားပါကြောင်း ....
နာရူတိုရုပ်ရှင်ဇာတ်ကားတွေသူ့ဟာနဲ့သူအထိုက်အလျောက်အောင်မြင်မှုရကြတဲ့ကားတွေချည်းဖြစ်ပါတယ်။ သူရဲ့လျော့ရဲတဲ့ဇာတ်လမ်းအဖွဲ့နဲ့တစ်ကားနဲ့တစ်ကားခပ်ဆင်ဆင်patternတွေကြောင့်(Road To Ninjaကလွဲလို့)မကြိုက်တဲ့လူကမကြိုက်ကြပေမယ့် ဒါကလဲ ကိုယ့်အမြင်နဲ့ကိုယ်ပါပဲ။မူရင်း Anime Series ထက်အဆမတန်သာလွန်တဲ့ Animationနဲ့ Production Qualityတွေကြောင့်ဟုတ်ဟုတ်မဟုတ်ဟုတ်အပျင်းပြေဖြစ်ဖြစ်ကြည့်ဖို့ကောင်းတာတော့အမှန်ပါ။
တစ်နှစ်တစ်ကား ပုံမှန်ထွက်လေ့ရှိပေမယ့် ခု၂၀၁၃မှာတော့ ထုံးစံကိုသွေဖည်ပြီးNaruto Shppuden movie 7ဟာ ၂၀၁၄မှာမှ ရုံတင်မယ်လို ကြေညာထားပြီးဖြစ်ပါတယ်။
သင်လဲ ဒီဇာတ်ကားတွေအားလုံးကိုကြည့်ပြီးပါပြီလား?မကြည့်ရသေးတာကျန်က နာရူတိုပရိသတ်ပီသစွာဖြင့်အမြန်ရှာဖွေကြည့်ရှုကြပါလေ ..ဒေါင်းလုပ်လိုပါက အောက်ပါလင့်မှာဒေါင်းလုပ်နိုင်ပါတယ်။
No comments:
Post a Comment