-->

Naruto —ナルト—









Narutoဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့  လွှမ်းမိုး မှု အများဆုံး ရှိတဲ့ Mangaများထဲကတစ်ခုဖြစ်ပါတယ်။ မြန်မာပြည်မှာ လူကြိုက်အများဆုံး anime လို့ ပြောရင်တောင်ရပါတယ်။



Narutoရဲ့မူလဘူတအစ


Masashi Kishimoto ဆိုတဲ့ တက်သစ်စမန်ဂါဆရာတစ်ယောက်ဟာ တစ်ချိန်မှာသူ့ကို တစ်ရှိန်ထိုးအောင်မြင်ကြီးပွားစေမယ့် Narutoအမည်ရ တစ်ခန်းရပ် one shotမန်ဂါဇာတ်လမ်းကို Akamaru Jump 1997 Augustလထုတ်အတွက်ရေးသားပေးပို့ခဲ့တယ်။ Akamaru Jumpဆိုတာကတော့ မန်ဂါရေးဆရာပေါက်စတွေကို မြေတောင်မြှောက်ပေးနေတဲ့ မဂ္ဂဇင်း တစ်ခုပေါ့။ များစွာသော Mangaka အကျော်မော်တွေရဲ့ မွေးဖွားရာ လို့လဲ ပြောလို့ရပါတယ်။ ဒီဇာတ်လမ်းတိုကနေတစ်ဆင့် ပေါက်မြောက်တဲ့ Narutoဆိုတဲ့ မန်ဂါဇာတ်လမ်းတွဲကြီးအတွက် အခြေခံ Ideaတွေ ထွက်ပေါ်လာခဲ့တယ်။
ဒီတစ်ခန်းရပ် မန်ဂါထဲမှာ ရွာကိုဖျက်ဆီးခဲ့တဲ့ မကောင်းဆိုးဝါးမြေခွေးကြီး ရဲ့သားဖြစ်သူ Naruto ဆိုတဲ့ကောင်လေးဟာ သူရွာရဲ့ အသိအမှတ်ပြုမှုကိုရဖို့ရုန်းကန်းကြိုးစား ပုံကိုရေးသားထားတယ်။ ထုံးစံအတိုင်းလူငယ်အကြိုက် friendshipတို့ bondတို့ ကို အသားပေးရေးသားထားတာပေါ့။
အဲဒီ တစ်ခန်းရပ်လေး ဖတ်ချင်ရင် ဒီမှာ ဖတ်လို့ရပါတယ်။





အဲဒီနောက်မှာတော့ တစ်ခန်းရပ် ကနေ တစ်ဆင့်တက်လှမ်းပြီး ဇာတ်လမ်းတွဲကို ဖန်တီး ဖို့ကြိုးစားတဲ့ အခါမှာ 1999ခုနှစ် Shueishaတိုက်ရဲ့ နာမည်ကျော် Weekly Shōnen Jump magazine 43ခုမြောက် ssueမှာ စတင် ပုံနှိပ် ထုတ်ဝေခွင့်ရခဲ့ပါတယ်။ Shone Jumpပေါ်မှာ ရေးသားနိုင်ဖို့ ဆိုတာက ဂျပန်Mangaka အားလုံးရဲ့ အမြင့်မားဆုံးအိပ်မက်တစ်ခုပေါ့လေ။ ဒီလိုနဲ့ နာမည်ကျော်ကြားလူကြိုက်များလာပြီး Jump ရဲ့ ထိပ်ဆုံး မန်ဂါ တစ်ခု ဖြစ်လာသလို ကမ္ဘာ့ရောင်အားအကောင်းဆုံး မန်ဂါများထဲကတစ်ခုဖြစ်လာခဲ့တယ်။




Kishiဟာ Narutoကို ဖန်တီးရာမှာ အခြားသော Shonen Mangaများရဲ့ လွှမ်းမိုးမှုတွေအများကြီး လဲပါတယ် လို့ ဆိုကြတယ် (Shounen Mangaဆိုတာတော့ တိုက်ရိုက်ပြောရင် ယောကျာ်းလေးဖတ် မန်ဂါအမျိုးအစားပေါ့..Actionတွေ၊ Friendship၊ Bond၊nakamaအစရှိတာတွေအသားပေးဖော်ပြလေ့ရှိကြတဲ့ပုံစံမျိုးပါ။
Dragon Ballကစလို့ One piece ၊ Bleachစတာတွေဟာကျနော်တို့နဲ့အလွန်ရင်းနှီးနေတဲ့ ShounenMangaတွေပါ။ ) Akira ဆိုတဲ့ ၈၈ခုနှစ်ထုတ် နာမည်ကျော် Anime ရုပ်ရှင်ပိုစတာကနေတစ်ဆင့် ပရော်ဖက်ရှင်နယ် Mangaka ဖြစ်ချင်စိတ်ဝင်လာတယ် လို့အဆိုရှိတဲ့ အဆိုပါ Kishimoto ဟာ အခြားသော မန်ဂါဆရာများလိုပဲ သူတို့ငယ်ငယ်က နှစ်သက်ခဲ့တဲ့ မန်ဂါတွေရဲ့ အရိပ်အငွေ့တွေပါတယ်ဆိုတာ မငြင်းခဲ့ပါဘူး။ ဒါ့အပြင် သူနဲ့ ရင်းနှီးတဲ့သူငယ်ချင်း မန်ဂါဆရာTogashi Yoshiro ရဲ့ Hunter x Hunter Manga နဲ့ အခြေခံအစချင်း နည်းနည်း ဆင်တူနေတာ လဲသတိထားမိသူတွေ သတိထားမိကြမှာပေါ ။ (HxH က Naruto ထက် အရင်ထွက်တာပါ။)
တစ်ချို့ သော ဝေဖန်ရေးဆရာတွေက Narutoမှာ Shounen Mangaရဲ့ အခြေခံelementတွေအလွန်အကျွံအသုံးပြုထားတယ်လို့ဝေဖန်ကြပါတယ်။ဥပမာ...ဇွဲမလျှော့တာတို့ သူငယ်ချင်းရဲဘော်ကို ကာကွယ်ပေးတာတို့ကို အပ်ကြောင်းထပ်အော်နေတာမျိုးပေါ့။

ဒါပေမယ့် Narutoမှာ လဲ သူဟာနဲ့သူ Unique ဖြစ်တဲ့ နှစ်သက်စရာ အချက်တွေအများကြီးရှိပါတယ်။
Japan culture အငွေ့အသက်တွေကို ဇာတ်လမ်းထဲ ထူးထူးခြားခြား ဖြစ်အောင် ဖန်တီး ထည့်သွင်းထားတာတွေ့ရတယ်။သူ့မှာပါတဲ့Seal တွေSymbolsတွေအမည်နာမတွေကိုလဲ ဂျပန်Mythထဲက အများစုယူသုံးထားတာတွေ့ရပါတယ်။.

ဇာတ်အိမ်တည်ထားတာကလဲ.ဒိုင်မျိုတွေတွေနင်ဂျာတွေ Ninjutsuတွေ နဲ့အတူ လျှပ်စစ်မီးတွေ ကွန်ပျူတာတွေ ကင်မရာတွေ စသဖြင့် ခေတ်မီပစ္စည်းတွေသမထားတာတဲ့လောကကြီးတစ်ခု ဆိုတော့ Kishimotoရဲ့ creative ဖြစ်တဲ့ ဒီလို Ideaတွေက Naruto ကို အောင်မြင်မှု လမ်းကြောင်းပေါ် ပို့ပေးခဲ့တယ်ဆိုတာ မငြင်းနိုင်ပါဘူး ။(အဲ သူ့ထဲမှာ ပါတဲ့ ကွန်ပျူတာတွေက 8-bit low processing ခပ်နိမ့်နိမ့်ကွန်ပျူတာတွေပါတဲ့).သူ့ဟာနဲသူတော့ဟုတ်နေတာပဲ

အင်တာဗျူးတစ်ခုထဲမှာတော့ Kishimoto ကသူNarutoကိုစဆွဲကတည်းကကို ဇာတ်သိမ်းပိုင်းရဲ့မြင်ကွင်းတွေ ပုံတွေစာသားတွေကိုကြိုတင်စိတ်ကူးထားပြီးသားဆိုပဲ။ ပြီးတော့ သူ့ရဲ့ Naruto seriesဟာဘယ်လောက်ပဲရှည်လျားထွေပြားနေပါစေ အပိုင်းရေ နောက်ကသုညသုံးလုံး ရောက်တဲ့အထိမဖြစ်စေရဘူးလို့တော့အာမခံထားပါတယ် (အပိုင်းထောင်မကျော်စေရဘူးပေါ့ )။

၂၀၁၂ခုနှစ် ဖေဖော်ဝါ၇ီမှာတော့ Narutoဇာတ်လမ်းဟာဇာတ်ရှိန်အထွတ်အထိပ်ရောက်နေပြီဖြစ်ကြောင်း ပရိတ်သတ်တွေမပြတ်တမ်းအားပေးကြဖို့ကြေညာခဲ့ပါတယ်

မန်ဂါရေးဆွဲပုံအဆင့်ဆင့်

KishimotoဟာNaruto ကိုရေးဆွဲတဲ့အခါ concept and rough sketch, drafting, inking, shading, နဲ့coloringဆိုတဲ့အဆင့်ငါးဆင့်ပုံသေအသုံးပြုလေ့ရှိတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့တွေဟာ တစ်ပတ် တစ်ပတ်မှာ သူရေး တဲ့ ဆယ့်ခြောက်မျက်နှာရှိတဲ့ မန်ဂါအပိုင်းလေးတွေဖတ်ပြီးနည်းနည်းပဲဖတ်ရတာ အားမရဘူး ဆိုပြီး ဗျစ်တောက် ဗျစ်တောက် အပြစ် ဆိုလေ့ရှိကြတယ်။ ဒါပေမယ့် Manga တစ်မျက်နှာ လှလှပပ ထွက်လာဖို့ဆိုတာ လွယ်ကူတယ် အလုပ်တစ်ခုတော့မဟုတ်ဘူး။ အဆင့်တွေအများကြီး ဖြတ်ကျော်ရပြီး ဘယ်လောက်ပဲ အကူအညီ Assistant ပုံဆွဲသူတွေကို ငှားရမ်းပြီး ခန့်ထား ခန့်ထား တစ်ပတ်စာအပိုင်းအတွက် စိတ်ကူးစိတ်သန်းရဖို့ နဲ့ ပုံတွေ ဆွဲဖို့အတွက် Mangaka ကိုယ်တိုင် ခေါင်းစား ခံ ကြိုးစားရတာပါပဲ။

Professional Mangaka တွေ ရဲ့ဘဝ သူတို့ရဲ့ကြိုးစားအားထုတ်ရပုံတွေကို Bakuman လို Anime Series တွေမှာ လေ့လာနိုင်ပါတယ်။ Bakuman ကြည့်ပြီးရင်တော့ မန်ဂါတစ်မျက်နှာထွက်ဖို့ဘယ်လောက်ခက်လဲ သိလာမှာဖြစ်သလို တစ်ခါတစ်လေ Kishimotoတစ်ပတ်နားလို့ မန်ဂါ မထွက်တဲ့ အပတ်များမှာလဲ အပြစ်ဆိုချင်စိတ် လျော့ပါးသွားမှာပါ ။

မန်ဂါအကြောင်းပြောရင်းနဲ့ ခု ကျွန်တော်တို့တွေ Naruto mangaတွေကိုအွန်လိုင်းကနေဖတ်ကြတယ်။Mangapanda , Mangastream,Manga reader,one manga, eat manga,Mangabit, Good manga, manga access, like naruto, naruto get,naruto base အစရှိသဖြင့် အစုံစုံသော Manga website တွေကပေါ့။ ဗုဒ္ဓဟူးနေ့ညနေရောက်ပြီဆိုရင် Manga siteတွေကသူ့ထက်ငါအပြိုင် တက်လာပြီ ဆိုအပြေးအလွှားဖတ်ကြရတာပေါ့။အဲဒါတွေဟာ Shounen Jumpမဂ္ဂဇင်းကို scanဖတ်ပြီးတင်ထားတာမဟုတ်ပါဘူး...Naruto chapterအသစ်ပါတဲ့Jumpဟာအပတ်စဉ်တနင်္လာနေ့မှာ
ထွက်ရှိပါတယ်။ အဲဒါမထွက်ခင်မှာ Shueishaစာအုပ်တိုက်ထဲကဝန်ထမ်းတစ်ယောက်ကဖြစ်ဖြစ် (စပိုင်လို့ပြောရမလား) လူတစ်ချို့ဟာ မန်ဂါအသစ်တွေကိုscanဖတ်ပြီး အွန်လိုင်းတင်ပါတယ်။ အဲဒီScanဖတ်ထားတဲ့RAW(Japanဘာသာနဲ့ mangaတွေ)ကိုManga ဘာသာပြန်အဖွဲ့တွေကဘာသာပြန်ပေးပြီးနောက်မှာတော့ကျွန်တော်တို့ဆီ အသင့် ဖတ်နိုင်ဖို့ ရောက်လာကြပါတယ်။ ခုလတ်တလောမှာ အမြန်ဆန်ဆုံးအဖွဲ့ကတော့ Mangapanda ပေါ့။ မန်ဂါဘာသာပြန်တာလဲ လွယ်ကူတဲ့အလုပ်တစ်ခု တော့မဟုတ်ပါဘူး ။ ခပ်ဝါးဝါး scan တွေကို ပြန်အရောင်ချယ်စာသားတွေကို အင်္ဂလိပ်ဘာသာပြန်ထိုး ရတာက ပြောလွယ်သလောက် လက်ဝင်တဲ့အလုပ်တွေပါ။ ဒါတွေကို အခငွေကြေးမယူပဲ ဝါသနာအလျှောက်လုပ်ပေးနေတဲ့ အဖွဲ့တွေကို ကျွန်တော်တို့ လို အသင့်ခူးယူစားသုံးနေသော ပရိသတ်များက အနည်းဆုံးတော့ သိထားပေးရမှာပေါ့ ။

အချောမသတ်ရသေးခင် Scanအကြမ်း

အချောသတ်ပြီး


ပြောရရင်တော့ Online ပရိတ်သတ်များဟာ တကယ့်ဂျပန်ပြည်ကလူတွေထက်ပိုစောပြီးတော့ ကို မန်ဂါအပိုင်းသစ်တွေကိုဖတ်နိုင်ကြပါတယ်။ကျွန်တော်တို့ဒီဗုဒ္ဓဟူးမှာဖတ်ပြီးသားကို ဂျပန်ပြည်တွင်းမှာ တနင်္လာနေ့ရောက်မှဖတ်ကြရရှာပါတယ်။

Animeကတော့ သိကြတဲ့အတိုင်းကြာသာပတေးနေ့ည ပိုင်းမှာ TV Tokyoမှာ လွှင့်ပါတယ်။ Hayato Dateက ဒါရိုက်တာအဖြစ်ရိုက်ကူးထာပြီး TV tokyoနဲ့Studio Pierrotကပူးပေါင်းထုတ်လုပ်ပါတယ် ။ ဂျပန်ရော ပြည်ပမှာပါ လူကြည့်အများဆုံး Anime စာရင်းမကြာခဏဆိုသလို ၀င်ပါတယ်..
Mangaရဲ့အောင်မြင်မှုအရှိန်ဆိုတာထက် Animeကြောင့်ကို Mangaကပိုအောင်မြင်လာတယ် လို့ဆိုရမှာပါ။
ဝေဖန်မှုများကတော့Naruto ဟာMangaရဲ့ လှပတဲ့art styleတွေကို ညံ့ဖျင်းတဲ့animationတွေနဲ့ ကူးပြောင်းသရုပ်ဖော်တယ်လို့ဆိုပြီးအပြစ်ပြောကြပါတယ်.။အမြင်ကတော့တစ်ထပ်တည်းပဲ။.long running seriesချင်းအတူတူ One pieceတို့ကတောင် အများကြီးanimationသာတယ်လို့ပြောရမယ်။ (Bleachဆိုရင်ဇာတ်လမ်းသာnarutoလောက် ဆွဲဆောင်မှုမရှိရင်နေမယ်...animationကတော့ရှယ်ပါပဲ)

မကောင်းဘူးဆိုတာအပိုင်းတိုင်းကိုပြောတာတော့မဟုတ်ပါဘူး။ Kyubiရွာကိုဝင်သောင်းကျန်းတဲ့ အခန်းတို့ Minatoတို့Kushinaတို့နောက်ဆုံးအချိန် ဇာတ်ဝင်ခန်းပါတဲ့အပိုင်းတွေဆိုရင်animationရော နောက်ခံmusicရောအပြစ်ပြောစရာမရှိ အရမ်းကိုကောင်းပါတယ်။ Shikamaruနဲ့Hidan Kakuzuတို့ရင်ဆိုင်ကြတဲ့အပိုင်းတွေဆိုလဲ တော်တော်လေးကောင်းပါတယ်။ ဒါကတော့ ဇာတ်လမ်းအရ အရေးပါတဲ့ Special အပိုင်းတွေမို့ ရှယ်လုပ်ပေးတာ ထားတော့။ အပိုင်းတိုင်းကိုဒီလိုလှလှပပလုပ်ပေးဖို့ ဆိုရင်လဲ ဘတ်ဂျတ်နိုင်မှာမဟုတ် ဒေဝါလီခံရပါလိမ့်မယ်။ ဒါပေမယ့် အနည်းဆုံးတော့ တခြားအပိုင်းတွေကိုလဲကြည့်ပျော် ရှုပျော် ရှိအောင်လုပ်ပေးသင့်တယ်။

အကောင်းဆုံးAnimationတွေနဲ့Episodeတစ်ခု

အဆိုးရွားဆုံးAnimation တွေနဲ့Episode တစ်ခု
အချောအလှလေးHakuတောင်အခြောက်ရုပ်ထွက်သွားတယ်။

အများစုဟာ Mangaကဇာတ်လမ်းကို Animeရောက်ရင် ရသပေးသင့်သလောက်မပေးနိုင်သလို ဖြစ်နေတယ်။ ပြီးတော့ anime ဖန်တီးသူအပေါင်း ဟာ Narutoရော Naruto shippudenရောမှာ တကယ်သုံးစားမရတဲ့ Fillerဇာတ်လမ်းတွေ ထည့်ပြီး Naruto ပရိသတ်တော်တော်များများကိုမောင်းထုတ်ပစ်ခဲ့ပါတယ် ဥပမာ Naruto အငယ်ပိုင်းတွေမှာ Sasuke ကိုလိုက်ခေါ်တဲ့အခန်းတွေပြီးတဲ့နောက်မှာshippudenကိုမဆက်သေးဘဲနဲ့ ပေါက်ကရmissionပေါင်းစုံကိုNarutoနဲ့လူပေါင်းစုံတွဲပေးပြီးfiller ဇာတ်မျောကြီးဖန်တီး လိုက်တော့
နဂိုNarutoကြိုက်နေတဲ့လူတစ်ချို့တောင် ဆက်မကြည့်တော့ဘူးတွေဖြစ်ကုန်ပါတယ်...
ခုNarutoမကြိုက်သူတော်တော်များများကိုအကြောင်းရင်းမေးကြည့်ပါ။.fillerတွေကရာခိုင်နှုန်းတော်တော်များများ တရားခံဖြစ်နေပါတယ်။အဲဒါကြောင့်ဖြစ်နိုင်ရင် Mangaလေးပါ တွဲ ဖတ်မှပဲ Naruto ဆက်ကြည့်ချင်စိတ်ပေါ်လာမယ် ပြောရမယ်။
ပြီးတော့Narutoနဲ့sasukeတို့ရဲ့ BL Yaoi ဇာတ်လမ်းကြီးပေါ်လာရတာကလဲ Anime Fillerတွေကြောင့်ပါ...
Mangaမှာ Narutoက Sasuke ကို သတိရတာက တစ်ကွက်နှစ်ကွက်တည်း ရယ်. အဲဒါကိုAnimeရောက်တော့ သူတို့ပြသချိန်ဆွဲဆန့်လို့ရအောင် တစ်ပိုင်းစာလောက်ကို NarutoကSasukeကိုအရူးမလင်ပျောက်သလိုတနေတဲ့ ဇာတ်ကွက်တွေခပ်များများနဲ့ တိုးချဲ့ လိုက်တော့ လူတွေ ဒင်းတို့ကို Yaoiတွေ ကျားကျားချင်းတွေ ဆိုပြီး သောက်မြင်ကပ်ကြတာမဆန်းပါဘူး။.





ဂျပန်မှာလွှင့်တဲ့ TV tokyoအပြင် တခြားသောကုမ္ပဏီတွေကလဲဂျပန်ပြည်ပ မှာထုတ်လွှင့်နေကြတာတွေရှိပါတယ်

Onlineအနေနဲ့တော့ TV tokyoနဲ့ အမေရိကားကViz mediaတို့ကသူတို့siteတွေမှာ premium account နဲ့streaming ပေးကြည့်သလို Hulu,Joost,Crunchyrollစတဲ့ websiteတွေကလဲမူပိုင်ခွင့်ဝယ်ယူပြီး ဂျပန်သံEng sub ထိုးပြီးသားအပိုင်းတွေကိုonlineကနေဖြန့်ပါတယ်။ မြန်မာပြည်မှာတော့ ခုချိန်ထိ ဒီလို service တွေသုံး လို့မရသေးတော့ Copyright ကိုလေးစားတဲ့အနေနဲ့ အခငွေကြေးပေးပြီး တရားဝင် ကြည့်ချင်သပ ဆိုရင် ပြည်ပရောက်နေတဲ့အခိုက်မှာ ကြည့်နိုင်ပါတယ်။
လောလောဆယ်တော့ ကျွန်တော်တို့အများစုအားပေးနေတာကတော့ Fansubအဖွဲ့တွေရဲ့ ကြိုးစားပမ်းစား Subထိုးထားတာကိုအလကားကြည့်ရတာပေါ့။.ဂျပန်စကားနားမလည်တဲ့Anime Fanတွေအတွက် Fansubတွေဟာကျေးဇူးရှင်တွေပါပဲ။ Fansubဆိုတာကတော့ နာမည်အတိုင်းပဲFanတွေစုပြီး TV rip episodeကိုဘာသာပြန် english subထည့်ပေးပြီး အွန်လိုင်းပေါ်ကနေ ကြည့်ရှုသူတွေဆီ အလကားအရောက်ပို့ပေးနေတဲ့လူတွေပါ...ထိုးထားတဲ့Subတွေကတစ်ဆင့်ဇာတ်လမ်းတစ်ခုလုံးကိုနား
လည်အောင်ကြည့်ရတာမို့Sub ထိုးတာကောင်းလေ ကြည့်ရတာအဆင်ပြေလေပါပဲ။

.အဲဒါကြောင့်ကိုယ်ဘယ်Fansubကိုအသုံးပြုကြည့်ရှူနေလဲဆိုတာသိထားရင်ပိုကောင်းပါတယ်...Narutogetတို့လိုအွန်လိုင်းကနေကြည့်ရတဲ့siteတွေကနေvideo sizeသေးတာလေးတွေဆွဲတဲ့လူတွေမသိနိုင်ပေမယ့်
File Size ကြီးကြီး episodeတွေဆွဲတဲ့လူတွေအတွက်ကတော့Fileရဲ့နာမည်ဘေး
မှာFansubအဖွဲ့ရဲ့နာမည်ကို[ ]နဲ့ရေးထားပါတယ် (ဥပမာ[HorribleSubs] Naruto Shippuuden - 262 [720p].mkv)
ကျနော်သိသလောက် Narutoကိုsub ထိုးပေး တဲ့ အဖွဲ့တွေကတော့


narutoverse ...Taka..Horrible subs...hatsuyuki...yoshikibiစတာ Fansubတွေပါ။
အရင်တုန်းကတော့DattebayoကNaruto fansubတွေထဲမှာဆရာကြီး ဖြစ်ခဲ့ပေမယ့်ခုတော့ရပ်နားသွားခဲ့ပါပြီ။ ဒီမှာရောင်းတဲ့ ၅၀၀ တန် Seasonအခွေ
တစ်ချို့မှာတောင် ကံကောင်းရင် Dattebayoက အင်္ဂလိပ်စာတန်းထိုး ပါတတ်ပါတယ်။ Dattebayoရပ်နားသွားတဲ့နောက် နောက်ပိုင်းပေါ်လာတဲ့အဖွဲ့တွေထဲမှာ Takaကိုအကောင်းဆုံးလို့ပြောကြတယ်တခြားSubတွေထက်စာရင်တော့ထွက်တာတော်တော်လေးနောက်ကျပါတယ်။ သူတို့နဲ့ ဒီမှာလဲ မြန်မာစာတန်းထိုး နဲ့ Naruto ကိုကြည့်နိုင်ပြီ ဖြစ်ပါတယ်။
သိသူတွေလဲ သိကြမှာပါ။ NarutoMyanmar ဆိုတဲ့ Facebook pageကနေတစ်ဆင့် ဒေါင်းလုပ်ရယူကြည့်လို့ရပါတယ်။

ကျွန်တော်တို့ Konoha ကနေလဲ Road To Ninja Movieကို မြန်မာစာတန်းထိုးဖူးပါတယ်။ နောက်လဲ ဆက်လုပ်ရင်လုပ်ဖြစ်မှာပါ။
Fansubတွေရဲ့ လက်ရာတွေဟာတခြားလိုင်စင်ရစီးပွားရေးသမားကုမ္ပဏီတွေ
ထက်ပိုကောင်းနေလေ့ရှိတာကတော့သိပ်အံသြစရာမဟုတ်ပါဘူး။
(ဥပမာ- ကျွန်တော်တို့ဆီမှာSky netက animeတွေကိုပေါက်ကရရှစ်ဆယ်စာတန်းးထိုးပြီး လွှင့်နေသလိုပေါ့။ subbingလုပ်တဲ့လူကလဲ တကယ် animeကြိုက်တဲ့လူဖြစ်ဖို့အရေးကြီးတယ်လို့မြင်ပါတယ်)။.ဒါပေမယ့် Naruto အမာခံပရိတ်သတ်စစ်စစ်ကြီး ပါ'ဆိုရင်တော့ သူတို့တစ်ပတ် တစ်ပတ်ပိုက်ဆံသန်းချီ ပြီး ထုတ် ရတဲ့ အပိုင်းတွေအတွက် အဖိုးငွေပေးပြီး တရားဝင်ကြည့်ချင်စိတ်တွေပေါ်လာနိုင်တာပေါ့ xD ။
ဒီမှာလဲ မကြာပါဘူး ။ ဒီလို Serviceတွေရောက်လာတော့မှာပါ။


ဒါကတော့ ကျွန်တော်တို့ ကြိုက်ကြတဲ့ Naruto ဇာတ်လမ်းတွဲနောက်ကွယ် က အချို့အချို့ သော အချက်အလက် တွေပေါ့။ တစ်ချို့က စိတ်ဝင်စားစရာလို့မြင်နိုင်ပေမယ့် တစ်ချို့ကလဲ ပျင်းစရာကြီး လို့ ထင်ကြမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီ စာကြောင်းထိရောက်အောင် စိတ်ရှည်ရှည် နဲ့ ဖတ်ပေးလာသူများကို


လေးစားစွာဖြင့် ကျေးဇူးတင်ပါကြောင်း။ ။
-Itachi-

No comments:

Post a Comment