-->

Naruto Epsiode 327-328-329


Naruto Shippuden အပိုင်း 327၊ 328 နဲ့ 329 တို့ကိုဒေါင်းလုပ်နိုင်အောင် Link များတင်ပေးလိုက်ပါတယ်။



Naruto ဇာတ်လမ်းတွဲဟာ Anime ဇာတ်လမ်းအဖြစ်၂၀၀၂ ခုနှစ်ကတည်းက စတင် ထုတ်လွှင့်လာလိုက်တာ ခုဆိုရင် ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီဖြစ်ပါတယ်။ အစပိုင်းတုန်းက Narutoတစ်ယောက် တားမြစ်စာလိပ်ကိုခိုးသွားတဲ့အခန်းတို့ သူ့ကိုပထမဆုံး အသိအမှတ်ပြုခဲ့တဲ့ Iruka Sensei ကို  Shadow clone Jutsuကိုသုံးပြီး ကယ်တင်ခဲ့တဲ့အခန်းလေးတွေကိုလဲ ခုထိအမှတ်ရကြဦးမယ်
ထင်ပါရဲ့။  ဒီအခန်းလေးတွေကြောင့် ပဲ Naruto ကိုအသဲစွဲခဲ့ကြတာ မဟုတ်ပါလား။ 
အဲဒီကတည်းက Naruto ရဲ့ အဓိကရန်သူသဖွယ်ရှိခဲ့တဲ့ ...Naruto ရဲ့ ငယ်ဘဝကို ခက်ထန်စေခဲ့တဲ့...တစ်ချိန်တည်းမှာ ဆိုးဆိုးကောင်းကောင်း Naruto ရဲ့ ကိုယ်ထဲမှာ အမြဲရှိနေခဲ့တဲ့ Nine Tailed Fox Kurama...
အခု ဆယ်စုနှစ် တစ်ခုကျော်အကြာမှာတော့ သူတို့နှစ်ယောက်ဟာ အတူလက်တွဲပြီး တိုက်ခိုက်ကြတာကို မြင်ရပါပြီ။

Naruto Shippuden 329 - Two Man Team ဟာ လွန်ခဲ့တဲ့တစ်နှစ်လောက်က ထွက်ပြီးသား Manga Chapter ကို Animeပြောင်းလဲ
ရိုက်ကူးထားတာဖြစ်လို့ ဒီဇာတ်လမ်းသွားကို သိပြီးသားပါကွာ လို့ ဆိုကြလိမ့်မယ်။

ဒါပေမယ့် Manga တုံး ကလဲ Kishimoto ကရင်ထဲထိအောင်ဆွဲပြနိုင်ခဲ့သလို ...Anime အဖြစ်ရိုက်ကူးတော့လဲ ကောင်းမွန်တဲ့Animationနဲ့ နောက်ခံ Music  တို့ ပေါင်းစပ်လိုက်တဲ့အခါ Mangaထဲက မလှုပ်မရှားအရုပ်တွေထက် အများကြီး ရင်ထဲထိပါတယ် ။ တကယ်လို့သင်ဟာ Naruto ကိုစွဲစွဲမြဲမြဲ အားပေးသူ အားပေးဖူးသူတစ်ယောက် ဆို ရင်တော့ ဒီ အပိုင်းလေးကို မလွတ်တမ်း ကြည့် လိုက်ကြပါဦး။

ထို့အတူ ရှေ့နှစ်ပိုင်းကလဲ Filler သဘောမျိုးတွေဆိုပေမယ့် အဲဒီမှာပါတဲ့ Naruto တောက်လျှောက်ဖြတ်သန်းလာတဲ့ ဘဝကောက်ကြောင်းကို ပြန်ကြည့်ပြီး...နောက်ဆုံး Kuramaနဲ့သင့်မြတ်သွားတဲ့ အခန်းလေးကိုကြည့်ရင် Nostalgic Feeling လေးနဲ့ ပိုပြီးခံစားရအောင် အထောက်အပံ့ပေးနိုင်တယ်လို့ယူဆပါတယ်။ 


(ဒါပေမယ့် ရှေ့မှာဒါတွေကခဏခဏကြည့်ဖူးနေတော့ နည်းနည်းတော့ပေါ့သွားတာပ)









Mediafire Links Password- www.arga7.net

No comments:

Post a Comment