Tsunade၊ Orochimaru နဲ့ Jiraiya တို့ဟာ sannin 3 ယောက် ဆိုပြီး ကျော်ကြားခဲ့ပြီး Tsunade ကို လောကမှာ အစွမ်းဆုံး "kunoichi"(အမျိုးသမီး ninja) အဖြစ် သိကြတဲ့ အပြင် သူ့ရဲ့ ဆေးပညာ စွမ်းရည်ကလဲ စံ ထားရလောက်အောင် အစွမ်းထက်ပါတယ်။ နောက်ပြီး Tsunade ကို အခြားသော သူတွေက "မင်းသမီး" (Hime) လို့လဲ ခေါ်ကြပါတယ်။ (ခုတော့လဲ Ba-chan ပေါ့ :P) Tsunade ဟာ First Hokage ရဲ့ မြေးဦးဖြစ်တဲ့ အတွက် Hashirama က သူ့ ကို အရမ်း အလို လိုက်ထားတယ်လို့ ဆိုပါတယ်။ သူ လောင်းကစား လုပ်တတ်အောင်လဲ First Hokage ကပဲ သင်ပေးထားတယ်လို့ ဆိုပါတယ်။
Jutsu
Body Pathway Derangement
Chakra Enhanced Strength
Chakra Scalpel
Chakra Transfer Technique
Creation Rebirth
Heavenly Foot of Pain
Mystical Palm Technique
Remote Healing
Strength of a Hundred Seal
Strength of a Hundred Technique
Summoning Technique (Slugs)
Transformation Technique Yin Seal: Release
Tsunade ဟာ လောင်းကစား ဝါသနာ ပါသူလဲ ဖြစ်ပါတယ်။ သူ့ရဲ့ အင်္ကျီနောက်မှာတောင် လောင်းကစားလို့ အဓိပ္ပာယ်ရတဲ့ 賭 (kake) ဆိုတဲ့ စာ ရှိပါတယ်။ ဒီလောက် ဝါသနာ ကြီးသော်ငြားလဲ လောင်းကစားလုပ်ရင် တော်တော် ကံဆိုးတဲ့လူ ဖြစ်ပါတယ်။ အရှုံးကြီး ရှုံလွန်းလို့ "ရာဇဝင် တွင်တဲ့ အရှုံးသမား" (Legendary Sucker) လို့တောင် ခေါ်ကြပါတယ်။
စိတ်ဓာတ်ကို ပြောရမယ် ဆိုရင်တော့ Tsunade ဟာ စိတ်မြန်ပြီး ဒေါသလဲ ကြီးပါတယ်။ ဥပမာ ပြောရရင် Jiraiya က Tsunade ရေချိုးတာကို သွားချောင်းတာ မိသွားတဲ့ အခါမှာ Tsunade ကြိတ်လိုက်တာ Jiraiya လက် နှစ်ဖက်နဲ့ နံရိုး 6 ချောင်း ကျိုးသွားပြီး ကိုယ်တွင်း အင်္ဂါ တွေလဲ ကျိုးသွာတယ် ဆိုပါတယ်။ အဲ့ဒဏ်ရာက Jiraiya ရဲ့ အပြင်းထန်ဆုံး ဒဏ်ရာ နှစ်ခုထဲက တစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။
Tsunade ဟာ Chiyo ရဲ့ အဆိပ် ကို ဖယ်ရှား နိုင်တဲ့ အတွက် နာမည်ကြီးလာခဲ့ပါတယ်။ 2nd Shinobi War မှာ Konoha နိုင်ခဲ့တာဟာ Tsunade ရဲ့ ပြိုင်ဘက်ကင်းတဲ့ စွမ်းရည်နဲ့ ဆေးပညာ အရည်အချင်း ကြောင့် ဖြစ်တဲ့လို့ Jiraiya က ဆိုပါတယ်။ 2nd Shinobi War မှာ Konoha နိုင်သွားခဲ့ ပေမဲ့လဲ Tsunade ကတော့ အရှုံးတွေ ရင်ဆိုင်ခဲ့ရပါတယ်။ သူ့မောင် Nawaki နဲ့ သူ့ ရည်းစား Dan Kato တို့ သေဆုံးခဲ့ပြီးနောက်မှာ သူဟာ သွေးကြောက်တဲ့ ရောဂါ "Haemophobia" ရခဲ့ပါတယ်။ (Nawaki နဲ့ Dan Kato နှစ်ယောက်လုံးဟာ Hokage ဖြစ် ချင်သူ တွေ ဖြစ်ပါတယ်။) အဲ့နောက်ပိုင်းမှာတော့ Tsunade ဟာ Hokage ရာထူးဆိုတာ အရူးတွေပဲ လိုချင်တာဆိုပြီး ယုံကြည်ခဲ့ပြီး Dan Kato ရဲ့ တူမ ဖြစ်တဲ့ Shizune ကို တပည့် အနေနဲ့ ခေါ်ပြီး Konoha က ထွက်သွားပါတယ်။ Naruto နဲ့ တွေ့ပြီးနောက်မှာတော့ " Hokage ရာထူးမှန်းတယ် ဆိုတာ အဓိပ္ပာယ် မရှိတဲ့ ရည်မှန်းချက် ဖြစ်တယ်" ဆိုတဲ့ သူ့ရဲ့ အတွေးဟာ Nawaki နဲ့ Dan တို့ရဲ့ အိပ်မက်ပန်းတိုင်ကို စော်ကားရာ ကျတယ် လို့ သိသွားပြီး Hokage လုပ်ဖို့ ကမ်းလှမ်းတာကိုလဲ လက်ခံခဲ့ပါတယ်။
အခုတော့ 4th Shinobi War မှာ ပါဝင်ဆင်နွှဲနေပါတယ်။ xD
Ref: http://naruto.wikia.com/wiki/Tsunade
No comments:
Post a Comment