-->

Gaara [ 我愛羅 ]


အမည်         - Gaara
မွေးသက္ကရာဇ် - ဇန်နဝါရီ ၁၉
အသက်         - 12-13
                     15-16 ( Naruto Shippuden )
အရပ်            -146.1-140.1 cm
                     166.1 cm (Naruto Shippuden )
သွေး             - အေဘီ

One tail(Shukaku) ရဲ့ Jinchuriki ဖြစ်ပြီး..သဲဖုံးရွာရဲ့Kazekageလည်းဖြစ်တယ်..
Gaara ဟာ.. Fourth Kazekage နဲ့ Karura တို့ရဲ့ တတိယမြောက်ကလေးဖြစ်ပါတယ်..
Temari နဲ့ Kankuro တို့ရဲ့မောင်အငယ်ဆုံးလေးပေါ့.. Sabaku no gaara (Gaara of the Desert) လို့သိကြတဲ့..Gaara ကိုမမွေးခင်..သူ့အဖေ Fourth Kazekage ကြီးက one tail (Shukaku)ကို..Sealလုပ်ပေးဖို့..Chiroကိုပြောခဲ့ပါတယ်..ဒါကလည်း..တစ်နေ့ကျရင်Gaaraဟာသူတို့ရွာအတွက်..လက်နက်သဖွယ်ဖြစ်လာအောင်လို့ဆိုတဲ့မျှော်လင့်ချက်နဲ့ဗျ..
ပြီးတော့..Kazekage ရဲ့ကလေးသုံးယောက်ထဲမှာ..Gaara တစ်ယောက်ပဲ.. Jinchuriki ဖြစ်ဖို့ အံဝင်တယ်လို့ယူဆကြတယ်..Gaaraဟာအချိန်မတန်ခင်မွေးခဲ့တဲ့ကလေးဖြစ်တာကြောင့်အရွယ်နဲ့မလိုက်အောင်ညှက်ပြီးအားနည်းပါတယ်..သူ့အဖေကNinjutsuတွေသင်ပေးပေမယ့်တကယ်တမ်းတော့..အမေဘက်ကဦးလေးဖြစ်သူက..ကြည့်ရှုစောင့်ရှောက်ခဲ့တာပါ..GaaraဟာJinchurikဖြစ်နေတာကြောင့်..
တစ်ရွာလုံးကသူ့ကိုမုန်းတီးကြောက်ရွံ့ကြပါတယ်..




သူ့ဦးလေးYashamaruတစ်ယောက်တည်းသာGaaraကိုစောင့်ရှောက်နိုင်သူ..
နားလည်ပေးနိုင်သူဖြစ်ခဲ့ပါတယ်.. သူ့ဦးလေးသေဆုံးပြီးတဲ့နောက်ပိုင်းမှာ..
(ဘယ်လိုသေလဲဆိုတာတော့အားလုံးသိမှာပါ..ပြန်မရေးတော့ဘူးနော်… :D) Gaara ဟာတစ်ချိန်လုံးသူ့ကိုသတ်ဖို့assassinတွေလွှတ်နေတဲ့သူ့အဖေကိုမုန်းတီးလာပြီး..
အပေါင်းအသင်းလည်းမရှာတော့ပဲ..ရွာကသူ့ကိုအသိအမှတ်ပြုအောင်..
သူ့ရဲ့ဖြစ်တည်မှုကိုအသိအမှတ်ပြုဖို့ဆို..ဘယ်သူ့ကိုမဆိုသတ်မယ်ဆိုတဲ့အထိရက်စက်တတ်လာပါတယ်.. ဒီလိုနဲ့ Gaaraဟာသဲဖုံးရွာအတွက်အသုံးဝင်တဲ့လက်နက်ဖြစ်လာခဲ့ပါတယ်..



Gaara ရဲ့ငယ်ဘဝဟာ..Narutoရဲ့ငယ်ဘဝနဲ့တော်တော်များများတူပါတယ်..
နှစ်ယောက်စလုံးက ဘယ်သူမှဂရုမစိုက်လို့အရမ်းကိုအထီးကျန်ဆန်ခဲ့ကြပြီး သူတို့ကိုတစ်ခြားလူကသဘောကျတာအသိအမှတ်ပြုတာ..ချစ်တာကိုအင်မတန်မှခံချင်ကြပါတယ်..
ဒီလိုနဲ့..နောက်ပိုင်းNaruto နဲ့တွေ့ပြီးတဲ့နောက်မှာတော့..Gaara ဟာပြောင်းလဲလာခဲ့ပါတယ်..အရင်ကရက်စက်ခဲ့သလောက်.. Kazekageဖြစ်လာတဲ့အခါမှာတော့..
Gaaraဟာ..သူ့ရဲ့ရဲဘော်ရဲဘက်..အပြစ်မဲ့တဲ့ရွာသူရွာသားတွေကို.ကာကွယ်ပေးခဲ့ပါတယ်.. .



Gaara ရဲ့အသွင်အပြင်ကိုပြောရမယ်ဆိုရင်
သူဟာ Narutoလိုပဲ..သူနဲ့ရွယ်တူယောက်ျားလေးတွေနဲ့ယှဉ်ရင်ပုပါတယ်တဲ့..
ညှက်တယ်လို့ပဲပြောရမှာပေါ့..အသားဖြူပြီးနီညိုရောင်ဆံပင်ထောင်ထောင်လေးနဲ့ပါ.. မျက်ဆံကလည်းစိမ်းစိမ်းလေးတွေ..သူ့မှာမျက်ခုံမွေးမရှိပါဘူး. . သူ့ရဲ့မျက်ကွင်းတွေမည်းနေတာကလည်း..မွေးကတည်းကပါပဲတဲ့...
နှဖူးဘယ်ဘက်နားမှာတော့愛 (ai,Love) ဆိုတဲ့စာလုံးလေးရှိပါတယ်.. ပြီးတော့..သူ့ရဲ့ဘူးသီးခြောက်ပုံသဲအိုးကြီးကိုလည်းအမြဲလိုလိုလွယ်ထားတတ်တယ်… Gaaraဘယ်လောက်ပဲအရပ်ပုတယ်ပြောပြော. . သူ့ကို သဘောကျနေတဲ့ကောင်မလေးတွေလည်း ရှိပါတယ်. . Matsuri နဲ့ Sari ဆိုတဲ့နှစ်ယောက်ဆိုရင် စကားလည်းနည်း..ရုပ်လည်းချော… တော်လည်းတော်တဲ့ Gaara ကို အရမ်းလေးစားသဘောကျကြတာ. . .

သူ့ရဲ့ပင်ကိုယ်စရိုက်(Personality)ကိုပြောရရင်..
Gaara ကနဂိုကကြင်နာတတ်ပြီး..အခြားသူတွေနဲ့လည်းရင်းရင်းနှီးနှီးနေချင်တယ်..
ဒါပေမယ့်..သူ့ဦးလေးYashamaruသေတဲ့ကိစ္စဖြစ်ပြီးနောက်မှာ..လုံးဝပြောင်းသွားတယ်..
ဘယ်သူမှ(သူ့အမေကအစ)သူ့ကိုမချစ်ဘူးလို့ခံယူပြီး..သူ့ရဲ့သဲတွေနဲ့နဖူးမှာ 愛 (ai,Love) ဆိုတဲ့စာလုံးကိုထွင်းခဲ့တယ်..သဘောက..သူ့ကိုယ်သူပဲချစ်တယ်ပေါ့ဗျာ.. ပြီးတော့..Gaara ဟာအိပ်မပျော်တဲ့ရောဂါလည်းရှိတယ်...(ရောဂါလို့ပဲပြောရမှာပေါ့..) သူအိပ်သွားတဲ့အခါဆိုသူ့ကိုယ်ထဲက Demon ကသူ့ရဲ့Soul ကိုတဖြည်းဖြည်းချင်းယူသွားတတ်ပါတယ်…အဲ့လိုအခါမျိုးဆို..Gaaraရဲ့သတ်ချင်ဖြတ်ချင်စိတ်တွေကပိုပြီးတိုးလာတတ်ရော.. (ဒါကြောင့်သူမအိပ်ရပဲ..မျက်ကွင်းညိုတာလို့လည်း..တစ်ချို့ကပြောကြတယ်. . တစ်ချို့ကလည်း သဲတွေကိုထိန်းချုပ်တဲ့ ပါဝါနဲ့လည်းဆိုင်မယ်ထင်တယ်လို့ ဆိုကြသေးတယ်. . )



သူ့ရဲ့Ability တွေကိုပြောရမယ်ဆိုရင်တော့..
အသက်၁၅နှစ်နဲ့Kazekageဖြစ်တယ်ဆိုတော့..အလွန့်အလွန်စွမ်းအားကြီးတဲ့Shinobiလို့ပြောရမယ်..
(နှယ်နှယ်ရရတော့မဟုတ်ဘူး..:D )အရင်က..သူ့ရဲ့စွမ်းအားကိုလူတိုင်းကြောက်ခဲ့ပေမယ့်..
နောက်ပိုင်းမှာတော့..တစ်ခြားရွာခေါင်းဆောင်Kageတွေကအစ..အားလုံးကလေးစားယုံကြည်ပြီးအားထားကြပါသတဲ့.. သူ့ရဲ့tailed beast Shukakuကိုဆုံးရှုံးသွားသည့်တိုင်အောင်..Gaaraဟာ Kazekageတစ်ယောက်အဆင့်လောက်စွမ်းအားရှိနေဆဲပါ..



Gaaraဟာတိုက်ခိုက်တဲ့အခါဆိုရင်.. သူ့ရဲ့ကိုယ်ခန္ဒာကိုရွေ့စရာမလိုသလောက်ပါပဲ..
ပြောရရင်တော့..Taijutsuသုံးစရာမလိုဘူးပေါ့.. ပြီးတော့..အထူးခြားဆုံးက..သဲတွေကိုလေထဲမှာထိန်းချုပ်ပြီးတိုက်ခိုက်နိုင်တာပါပဲ..
ထိန်းချုပ်နိုင်တဲ့သဲပမာဏကလည်းအတော်များဆိုပဲ…သဲနည်းနည်းပဲရှိတဲ့နေရာမျိုးမှာဆို..
မြေကြီးကိုဖြိုပြီးသဲပမာဏများအောင်လုပ်ပြီးတိုက်ခိုက်လေ့ရှိတယ်..ဒါပေမယ့်… သဲခြောက်မဟုတ်တဲ့ရိုးရိုးသဲမျိုးဆို..ထိန်းချုပ်ဖို့Chakaraသုံးရတာပိုများတာမို့လို့ပိုပင်ပန်းတယ်..
ထင်သလောက်လည်းမမြန်ဘူးတဲ့..ဒါကြောင့် Gaaraဟာ..သူ့Chakaraရောထားတဲ့သဲကို.. အမြဲတမ်းကျောမှာဘူးသီးခြောက်ပုံအိုးလေးနဲ့သယ်ထားလေ့ရှိတယ်..အဲ့သဲနဲ့ဆို..ပိုပြီးထိန်းချုပ်ရတာလွယ်ပြီး..ပိုပြီးStrongဖြစ်လို့ပါတဲ့ ပြီးတော့..သူ့ရဲ့သဲတွေကသူ့ကိုအမြဲတမ်းကာကွယ်ပေးထားပါတယ်..
သူ့ကိုယ်သူတောင်ထိခိုက်အောင်လုပ်လို့မရဘူး..Absolute Defense .. Sasuke ရဲ့Amaterasu, Madara ရဲ့Susanooswordတို့ကိုပါကာဗာလုပ်နိုင်တယ်ဗျ..ဒါကလည်းGaaraကိုသူ့အမေပေးခဲ့တဲ့အကောင်းဆုံးလက်ဆောင်လို့ပဲပြောရမှာပေါ့..








<<According to Data book>>

Gaara ရဲ့ ဝါသနာကတော့.. တိုက်ခိုက်ရတာနဲ့…ရှားစောင်းပင်လိုကန္တာရအပင်လေးတွေစိုက်ရတာပါတဲ့..
Gaara ဟာ Naruto နဲ့အရပ်အမောင်းရော..ကိုယ်အလေးချိန်ပါတူပါတယ်တဲ့..
Mission ပေါင်း ၃၄ ခုထမ်းဆောင်ခဲ့ပြီး..C-rank 9 ခု၊ B-rank 8 ခု၊ A-rank 14ခု နဲ့ S-rank 3ခုပါတဲ့..အခုဆိုရင် Allied Shinobi Forces မှာ Regimental Commander အနေနဲ့ရော Fourth Division Commander အနေနဲ့ရော. . တာဝန်ထမ်းဆောင်ရင်းတိုက်ပွဲဝင်နေပါတယ်. . .



Peace under an illusion is not true peace. It's only meaningful if the real world manages to accomplish it. -Gaara



No comments:

Post a Comment