-->

ဂျင်ချူရိကီ(人柱力)

ဂျင်ချူရိကီ jinchūriki (人柱力; Literally meaning "Power of Human Sacrifice"စတေးခံလူသားများရဲ့ တန်ခိုး) ဆိုတာ ဘီဂျူး(bijuu:Tailed beast)အင်မတန့်
အင်မတန်ခွန်အားကြီးပြီး ချာကရာဓာတ်ပေါင်းဖိုကြီးတွေလို့ ဆိုရလောက်တဲ့ သတ္တ၀ါကြီးတွေကို ကိုယ်ခန္ဓာထဲမှာသိမ်းဆည်းထားတဲ့ လူသားတွေကို ဆိုလိုပါတယ်..
အဲလိုသတ္တ၀ါကြီးတွေပိုင်ဆိုင်ထားခြင်းဖြင့်သူတို့ဟာသူမတူအောင်အစွမ်းထက်တဲ့ နင်ဂျာတွေ
ဖြစ်လာကြပါတယ်... အကြမ်းအားဖြင့်ပြောရင် ဂျင်ချူရိကီတွေဟာသူတို့ရွာ..နိုင်ငံအတွက် နျူကလိယား လက်နက်တွေလိုမဟာဗျူဟာမြောက်လက်နက်တွေပါပဲ။

သူတို့ရဲ့အစွမ်းကကြောက်မက်ဖွယ်ကောင်းလှတဲ့အအပြင်ဘီဂျူးတွေရဲ့လက်ချက်နဲ့ အပျက်အစီးတွေသေကြေမှုတွေက နိုင်ငံတိုင်းမှာရှိခဲ့ဖူးတဲ့အတွက် ဂျင်ချူရိကီတွေကို
လူဆိုတာထက်သူတို့ရဲ့ကိုယ်ထဲကဘီဂျူးအဖြစ်သာမြင်ကြပြီးကိုယ့်နိုင်ငံသားအချင်းချင်းတောင် ကြောက်ရွံ့ပြီးဖယ်ကျဉ်ခံထားရသူတွေလဲဖြစ်ပါတယ်...ရလဒ်အနေနဲ့ ဂျင်ချူရိကီတွေရဲ့ဘ၀ဟာ
အထီးကျန်ဆန်ပြီး..လူ့အဖွဲ့အစည်းကနေအကြောက်တရား ..အမုန်းတရားတွေနဲ့ အပယ်ခံ ဘ၀ဖြစ်လာ
ရပါတယ်။.အဲဒီလိုနာကျည်းစရာတွေနဲ့ကြုံလာရတဲ့အခါမှာ စိတ်နေစိတ်ထားတွေလဲ တဖြည်းဖြည်း
ပြောင်းလဲလာခဲ့ကြတယ်။ သူတို့ဘက်ကကြည့်ရင်ရွာအကျိုးအတွက်ဒီသတ္တ၀ါဆိုးကြီးတွေကို သူတို့ကိုယ်ထဲကလက်ခံထားရပေမယ့် တကယ်တမ်းပြန်ရတာက နာကျင်မှုတွေ ၀မ်းနည်းမှုတွေ အထီးကျန်ဆန်မှုတွေပဲဆိုတော့ ပြောင်းလဲလာကြတာသဘာဝကျပါတယ်။ ဒီလို နဲ့ တစ်ချိန်ချိန်မှာစိတ်ဖောက်ပြန်ပြီး...ကိုယ့်နိုင်ငံကိုယ့်ရွာကိုသစ္စာမဖောက်အောင်လို့ ဂျင်ချူရိကီအဖြစ်
ထမ်းဆောင်မယ့်သူတွေကိုအစဉ်အမြဲ ရွာအကြီးအကဲ ခါဂဲKage တွေရဲ့မိသားစု အသိုင်းအ၀န်းကနေ
ရွေးချယ်လေ့ရှိကြတယ်လို့ဆိုပါတယ်..ဥပမာ ဂါးရာဟာ ကာဇဲခါဂဲရဲ့ သားဖြစ်ပြီး ကစ်လာဘီးကတော့ ရိုင်ခါဂဲရဲ့ညီ စသဖြင့်ပေါ့.။.


ဘီဂျူးများဖြစ်ပေါ်လာပုံ

ရီကူဒိုဆန်နင်(Sage of the six paths)က အမြီးဆယ်ချောင်းသတ္တ၀ါကြီး Juubi ကိုအနိုင်ယူပြီးနောက်မှာလောကရဲ့ပထမဆုံး ဂျင်ချူရိကီဖြစ်လာခဲ့တယ်..အဲဒီနောက်မှာ အဆိုပါ ဆန်နင်ပုဂ္ဂိုလ်ကြီး ရဲ့ ဘဝနေဝင်ချိန်ရောက်လာတော့ သူမှတစ်ပါး Juubiရဲ့အစွမ်းတွေကိုထိန်းချုပ်နိုင်တဲ့လူမရှိသေးတာကို သိမြင်ခဲ့တဲ့အတွက် All kind of creation ဖန်တီးမှုဂျူစုကိုအသုံးပြုပြီး၊ Juubiရဲ့ချာကုရာတွေကို ကိုးပိုင်းခွဲ..မတူညီတဲ့ ဘီဂျူးကိုးကောင်ကိုဖန်ဆင်း
ခဲ့တယ်။ ဘီဂျူးတွေဟာ ကိုယ်ပိုင်အသိဉာဏ်ရှိပေမယ့် လူတွေနဲ့ နီးစပ်မှုမရှိတာကြာတဲ့အခါ (အထူးသဖြင့်
သူတို့ချစ်တဲ့ ဖခင်ကြီးလိုဖြစ်တဲ့ ရီကူဒိုဆန်နင်မရှိတော့တဲ့နောက်ပိုင်း) တွေ့ရာဖျက်ဆီးတဲ့အရိုင်းအစိုင်း
သတ္တဝါကြီးတွေဖြစ်လာတော့တယ်။ လူတွေကလဲ ဘီဂျူးတွေကို သဘာဝကပ်ဘေးတစ်ခုအဖြစ်ထိတ်လန့်
နေကြချိန်မှ အားလုံးသောဘီဂျူးတွေကို ထိန်းချုပ်နိုင်ခဲ့တာက ကိုနိုဟာရဲ့ ပထမဆုံး ဟိုခါဂဲ ဟာရှိရမာ
ဆန်းဂျူ (Hashirama Senju) ။ အမှန်တော့ ဒီလိုအစွမ်းထက်တဲ့သတ္တဝါကြီးတွေကို မောင်ပိုင်စီးပြီး၊
ကိုနိုဟာအကျိုးအတွက်သုံးလို့ရပေမယ့် ငြိမ်းချမ်းရေးကိုအထူးလိုလားတဲ့ ဟာရရှိမာဟာ
အဲဒီချိန်မှာ အချင်ချင်း ရန်စောင်နေတဲ့ တည်ထောင်ပြီးစ နုင်ဂျာရွာကြီးငါးရွာ ကို အချိုးကျခွဲဝေပေးခဲ့တယ်။
(ဖြစ်နိုင်ရင်သူကအလကားဖြန့်ပေးချင်တာ..ဒါပေမယ့် သူ့ညီတိုဘီရမာက သူ့အစ်ကိုကိုအရမ်းသဘော
ကောင်းမနေနဲ့ ဆိုပြီး အခငွေကြေးနဲ့ရောင်းချစေခဲ့တယ်)
သူ့ရဲ့ ရည်ရွယ်ချက်ကတော့ မတည်ငြိမ်သေးတဲ့ နင်ဂျာရွာနဲ့နိုင်ငံတွေကြားမှာ ဘီဂျူးတွေကိုအသုံးချပြီး၊
ပါဝါချိန်ခွင်လျှာတည်ဆောက်ဖို့ပဲ။ ဒီလိုနဲ့ ဘီဂျူးတွေကိုပိုင်ဆိုင်တဲ့ နင်ဂျာရွာတွေဟာ စူပါ ပါဝါနိုင်ငံတွေ
ဖြစ်လာခဲ့ကြတယ်။

ဒါပေမဲ့ ဘီဂျူးတစ်ကောင်ကိုထိန်းသိမ်းဖို့ကဟာရှိရမာလိုအစွမ်းရှိတဲ့လူတွေ ကလွဲလို့ကျန်ရွာတွေအတွက်
အင်မတန်ခက်ခဲတာမို့ လူတွေရဲ့ကိုယ်ထဲမှာသိမ်းဆည်းဖို့နည်းလမ်းရှာလာကြပြီး၊ လူသားဂျင်ချူရိကီတွေပေါ်ပေါက်လာတော့တယ်။ ပထမဆုံးအနေနဲ့ သဲရွာSunagakureရဲ့ ဒုတိယမြောက်
ကာဇဲခါဂဲက စတင်ပြီး လူတစ်ယောက်ကိုယ်ထဲမှာ သိမ်းဆည်းပြီး ဂျင်ချူရိကီတွေဖန်တီးဖို့သုတေသန
လုပ်ခဲ့တယ်။.တစ်နည်းပြောရင် လက်နက်ဆန်းကိုတီထွင်စမ်းသပ်တာပေါ့လေ။

(တစ်ချိန်တည်းမှာ ကိုနိုဟာဟိုခါဂဲရဲ့ဇနီး အူဇူမာကီ မီတို ကလဲ ကိုးမြီးမြေခွေးKyuubi ကိုမာဒါရာကလက်နက် အဖြစ်အသုံးမချနိုင်အောင်သူမတို့အူဇူမာကီမျိုးနွယ်တွေ တတ်ကျွမ်းတဲ့Sealing jutsuတွေသုံးပြီး၊ သူမရဲ့ကိုယ်ထဲမှာ သိမ်းဆည်းထားလိုက်ပြီးပထမဆုံးကိုးမြီး ရဲ့ဂျင်ချူရိကီဖြစ်လာပါတယ်)
အူဇူမာကီမီတို

နောက်ပိုင်းမှာတော့နင်ဂျာရွာကြီးတွေရဲ့စစ်အင်အားမှာဂျင်ချူရိကီတွေနဲ့ဘီဂျူးတွေကအင်မတန်အရေးပါတဲ့ ဗျူဟာမြောက်လက်နက်ကြီးတွေဖြစ်လာပြီး၊ ဘီဂျူးတွေကိုအပြည့်အ၀ထိန်းချုပ်နိုင်ဖို့ အတွက်ကြိုးစား
လာကြတော့တယ်။ ဒါပေမဲ့ ဘီဂျူးအပေါ်ထိန်းချုပ်နိုင်ပြီး အောင်မြင်တဲ့ဂျင်ချူရိကီတစ်ယောက်ဖြစ်လာဖို့
ဆိုတာလွယ်တာတော့မဟုတ်ပါဘူး။ တစ်ရွာလုံးရဲ့ပစ်ပယ်မှု တွေ ကြောက်ရွံ့မှုတွေကိုခံနိုင်ရည်
ရှိရမယ့်အပြင် ဘီဂျူးကကိုယ့်အပေါ်လွမ်းမိုးမသွားနိုင်အောင်အတွက်ခိုင်မာတဲ့စိတ်စွမ်းအင်ရှိရမှာလဲ
ဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်ထဲမှာရှိတဲ့မကောင်းစိတ် စိတ်ဆိုးစိတ်ယုတ်တွေအမုန်းတရားတွေအကုန်လုံးကို အရင်ဖယ်ရှားပြီးမှ ဘီဂျူးကို ထိန်းချုပ်ဖို့လေ့ကျင့်ရပါတယ်။ဘာဖြစ်လို့လဲဆိုရင် စိတ်ထဲမှာရှိတဲ့ အမုန်းတွေ စိတ်ဆိုးစိတ်ယုတ်တွေကို အခွင့်ကောင်းယူပြီး ဘီဂျူးတွေကိုမိမိကိုယ်ခန္ဓာကို အပိုင်စီးဖို့ ကြိုးစားလေ့ရှိလို့ပါပဲ။ ဟိုးအရင်က နာရူတို ဒေါသထွက်လာရင် Nine Tails Mode ဝင်သွားပြီး ထိန်းမရတော့သလိုပေါ့။ ..
အထိန်းအချုပ်လွတ်သွားသောကိုးမြီး

လမ်းမှားရောက်ပြီးကျရှုံးသွားတဲ့ဂျင်ချူရိကီတွေလဲအများကြီးရှိသလို စိတ်ကိုအမှောင်ဖုံးလွမ်းမခံပဲ မျှော်လင့်ချက်အလင်းစအစဉ်အမြဲထွန်းညှိထားပြီးအလျော့မပေးပဲကြိုးစားရင်း သူရဲကောင်းအဖြစ်အသိအမှတ်ပြုခံလာရတဲ့နာရူတို နဲ့ကစ်လာဘီး တို့လိုမျိုး လူတွေလဲရှိကြပါတယ်။
အစ်ကိုဖြစ်သူရဲ့ယုံကြည်မှုကိုရလိုတဲ့ ကစ်လာဘီး

နာရူတိုရဲ့နေနှစ်စင်း

ဂါးရာဟာလဲ တစ်ချိန်က တစ်ကိုယ်ကောင်းဆန်ပြီးကြမ်းကြုတ်သူဖြစ်ခဲ့ပေမယ့် နာရူတိုနဲ့တွေ့ပြီးနောက်မှာ တော့ ဂျင်ချူရိကီတစ်ယောက်ရဲ့နာကျင်မှုကို အချင်းချင်းကပဲအားလုံးထက်ပိုပြီးနားလည်စာနာနိုင်တာမို့ နာရူတိုရဲ့စကားလုံးတွေက ဂါရာ့ဆီအရောက်လှမ်းနိုင်ခဲ့ပြီး သူ့ကြောင့်ပဲ ဂါးရာဟာ သဲရွာရဲ့ သူရဲကောင်း ခါဂဲတစ်ယောက်ဖြစ်လာခဲ့တယ်။ 

Gaara Vs Naruto
တစ်ချိန်မှာတော့ဂျင်ချူရိကီတွေကိုပစ်မှတ်ထားဖမ်းဆီးနေတဲ့ အာကာဆုကီအဖွဲ့ပေါ်ပေါက်လာချိန်မှာ ဂျင်ချူရိကီတော်တော်များများဟာဖမ်းဆီးခံရပြီးသူတို့ရဲ့ဘီဂျူးတွေကိုဆုံးရှုံးကြရပါတယ်။
ဘီဂျူးကိုဆွဲထုတ်ခံလိုက်ရတဲ့ ဂျင်ချူရိကီအားလုံးဟာ ဖြစ်စဉ်အတွင်းမှာပဲသေဆုံးကြရပြီး ဂါးရာတစ်ယောက်သာ ဘွားဘွားချီယိုရဲ့ စတေးမှုနဲ့အသက်ရှင်ခွင့်ရခဲ့တယ်။.နာရူတိုမိခင် အူဇူမာကီကူရှီနာကတော့ အူဇူမာကီမျိုးနွယ်တွေရဲ့ အသက်ပြင်းမှု(life forceကောင်းတယ်ဆိုပဲ) ကြောင့် Kyuubi ကြီးဆွဲထုတ်ခံရတာတောင် မသေဘဲအသက်ရှင်ခဲ့ပါတယ်။ ပြီးတော့အမျိုးသမီးဂျင်ချူရိကီတွေအတွက့် ကလေးမွေးဖွားခါနီးမှာပိတ်လှောင်ထားတဲ့
sealကအားပျော့လာတာကြောင့် သူတို့ရဲ့ကိုယ်ထဲကဘီဂျူးလွတ်မြောက်ဖို့
အခွင့်အလမ်းအန္တရာယ်များပါတယ်။
ကူရှီနာမီးဖွားစဉ်က

ဂျင်ချူရိကီများနဲ့ဘီဂျူးများ 

သူတို့တွေဟာ ပြောရရင် မတည့်အတူနေတွေပါပဲ ..ဘီဂျူးတွေက ဂျင်ချူရိကီတွေကိုကော လူသားတွေကို ပါသူတို့ရဲ့လွတ်လပ်မှုကို ချုပ်နှောင်ထားသူတွေ သူတို့ကိုလက်နက်အဖြစ်အသုံးချကြသူတွေအဖြစ်
မုန်းတီးကြပြီး၊ တစ်ဖက်မှာလဲ ဂျင်ချူရိကီကိုယ်ထဲမှာမဟုတ်ရင် သူတို(ဘီဂျူး)့တွေဟာ အသိညဏ်မရှိတဲ့အရိုင်းသက်သက်သတ္တ၀ါဆိုးကြီးတွေဖြစ်တာကြောင့် သူတို့နေထိုင်ရာ
ခန္ဓာကိုယ်ပိုင်ရှင်လူသားတွေကိုလိုအပ်ကြပါတယ်..(တစ်နည်းပြောရင် ဘီဂျူးတစ်ကောင်ဟာ သူ့မှာ
ဘယ်လောက်ပဲ Chakaraတွေ စွမ်းအားတွေရှိရှိ အပြင်မှာလွတ်မြောက်နေလို့ရှိရင် အရိုင်းသက်သက်
တိရစ္ဆာန် သာသာ ဖြစ်ပြီး သူတို့အစွမ်းတွေကို ကောင်ကောင်းအသုံးချနိုင်တဲ့ အသိဉာဏ်မရှိကြပါဘူး
ဂျင်ချူရိကီ ရဲ့ ကိုယ်ထဲကိုရောက်သွားပြီဆိုမှ လူသား ဂျင်ချူရိကီရဲ့ ဉာဏ်ပညာအကူအညီနဲ့ ဘီဂျူး
တစ်ကောင်မှာ ရှိသမျှအစွမ်းတွေကို အသုံးချလို့ရပါတယ်။ ဥပမာ ကိုးမြီးမြေခွေးဟာ ကိုနိုဟာရွာကို
ဝင်သောင်းကျန်းတုံးက ထင်သလောက်အစွမ်းမရှိပဲ ကိုနိုဟာခံစစ်တပ်ဖွဲ့ ကနေ ရွာပြင်ဘက်ရောက်အောင်
မောင်းထုတ်နိုင်ခဲ့တယ်။ ဒါပေမယ့် နာရူတို က ကိုးမြီးရဲ့အစွမ်းတွေအားလုံးကို ထိန်းချုပ်နိုင်သွားတဲ့အချိန်မှာ
တော့ အဆရာထောင်မက ပိုစွမ်းသွားတာကိုတွေ့ကြရမှာပါ။ )


လူသားနဲ့ဘီဂျူးတွေတစ်ယောက်နဲ့တစ်ယောက်ပါဝါချင်းလွန်ဆွဲရင်းအချိန်တွေကြာလာတာနဲ့အမျှ
အချင်းချင်းနားလည်မှုရသွားကြတဲ့ ဘီဂျူးနဲ့ဂျင်ချူရိကီတွေလဲရှိကြပါတယ်..ဥပမာ ကစ်လာဘီးနဲ့သူရဲ့ Eight Tailedတို့ဆိုရင်တကယ့်သူငယ်ချင်းအရင်းတွေအလား ရင်းနီးကြပါတယ်..ခုဆိုရင်နာရူတိုလဲ သူရဲ့ ကိုးမြီး ကြီးနဲ့ သင့်မြတ်ပြီးချစ်သူငယ်ချင်းကြီးတွေဖြစ်နေပါပြီ။ ပြောရရင် ထိန်းချုပ်ရအခက်ဆုံးကလဲ
နာရူတိုရဲ့ဗိုက်ထဲက ကိုးမြီးကြီးလို့ပြောရမှာပါ။ နာရူတိုနဲ့ကိုးမြီးဟာ အသားစားရန်သူတွေသဖွယ်ဖြစ်ခဲ့
ကြပေမယ့် တစ်ဖက်ကကြည့်ရင် နာရူတိုမွေးကတည်းကသူ့ဗိုက်ထဲမှာနေလာတဲ့ ကိုးမြီးဟာ အားလုံးထက်
နာရူတိုအကြောင်း နားအလည်ဆုံးလဲဖြစ်ပါတယ်။ နာရူတိုရဲ့ အလျှော့မပေးတဲ့ဇွဲနဲ့စိတ်ထားတွေက
ကိုးမြီးကို အမုန်းတရားတွေပြည့်နှက်နေတဲ့သတ္တဝါကြီးကို ယဉ်ပါးစေခဲ့တယ်ဆိုလဲမမှားပါဘူး။

Let's go! Kurama


ဘီဂျူးများပြန်လည်ပေါင်းစည်းခြင်း 

New Six paths of Pein

ခုလောလောဆယ်မှာ သေဆုံးသွားသူ ဂျင်ချူရိကီ ခြောက်ယောက်ဟာ ခါဘုတိုရဲ့Edo Tensei နဲ့အသက်ပြန်သွင်းခံရပြီး သူတို့ကိုသတ်ခဲ့တဲ့အာကာဆုကီကပြန်အသုံးချတာခံခဲ့ရပါတယ်။ တိုဘီက သူတို့ခြောက်ယောက်မှာ ရှာရင်းဂန်းနဲ့ ရင်နင်ဂန်ကို ထည့်သွင်းပြီး သူ့ကိုယ်ပိုင် Six paths of Pein အဖြစ်ဖန်တီးလိုက်ပါတယ်။ ဂျင်ချူရိကီဖြစ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာနဂိုကတည်းက အစွမ်းထက်ပြီးသား
နင်ဂျာတွေဖြစ်တာကြောင့် သူတို့နဲ့ရင်ဆိုင်ဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲ။ဒါပေမယ့် နာရူတိုတစ်ယောက် အမြီးလေးချောင်းမျောက်ကြီး Son Goku(စွန်းဝူခုံး) မြိုချတာခံရပြီးချိန်မှာတော့
သူ့ဗိုက်ထဲမှာ Son Gokuနဲ့ စကားပြောဖြစ်ခဲ့တယ်။ အဲ့ဒီနောက်မှာ နာရူတိုကတခြားလူတွေလိုမဟုတ်ပဲ
ဘီဂျူးတွေကို အလေးထားပြီးဆက်ဆံတာသိလိုက်ရတဲ့အခါ Son Gokuတစ်ယောက် လူတွေအပေါ်ထားတဲ့အမြင်ပြောင်းသွားပြီး၊ သူပြောပြလို့ဒီအကြောင်းကြားသိရတဲ့ တခြားသောဘီဂျူးတွေ
ဟာလဲ  အမြင်မှန်တွေရပြီး၊ အရင်ကတစ်ချိန်လုံးရန်ဖြစ်နေတဲ့ ဘီဂျူးတွေနဲ့ဂျင်ချူရိကီတွေအားလုံးဟာ
ချစ်ကြည်သင့်မြတ်သွားကြတော့တယ်။ တိုဘီက ထိန်းချုပ်ထားတဲ့ကြားကသူတို့အချင်းချင်းဘယ်လို
ဆက်သွယ်ကြလဲဆိုတော့ ဘီဂျူးနဲ့ဂျင်ချူရိကီတွေအားလုံးဟာ အပြင်လူဘယ်သူမှမဝင်ရောက်နိုင်တဲ့
စိတ်ချင်းဆက်သွယ်တဲ့ကွန်ရက်တစ်ခုရှိကြတယ်။ ဒါက နာရူတိုတစ်ယောက် ကိုးမြီးနဲ့စကားပြောနေကျ
အမြဲတမ်းရေတွေပြည့်နေတဲ့အခန်းကြီးနဲ့အလားတူပါတယ်။

ဘီဂျူးများနဲ့နာရူတိုတွေ့ကြသောအခါ

ဘီဂျူးပေါက်စများ
လူအားလုံးဟာ ဘီဂျူးတွေကို သတ္တဝါဆိုး ဒါမှမဟုတ် လက်နက်တစ်ခုအဖြစ် ပိုမမြင်ပေမယ့် နာရူတိုက
သူတို့ကိုအရေးပါတဲ့ ရဲဘော်ရဲဘက်အဖြစ်သတ်မှတ်ပြီး၊ ကူညီဖို့ဆန္ဒရှိတာတွေ့လိုက်ရတော့ ဘီဂျူးတွေ
ဟာ တစ်ချိန်ကသူတို့ဖခင်ကြီး ရီကူဒိုဆန်နင် ပြောခဲ့တဲ့စကားကိုအမှတ်ရသွားကြတယ်။
 မင်းတို့အားလုံးဟာအခုတကွဲတပြားစီဖြစ်နေပေမယ့် တစ်ချိန်မှာ ပြန်ပြီးပေါင်းစည်းနိုင်ကြလိမ့်မယ်
လို့ပေါ့။ ဒါကြောင့် နာရူတိုကို သူတို့ချာကုရာတွေပုံအပ်ပြီး၊ ယုံကြည်ဖို့ဆုံးဖြတ်လိုက်ကြတော့တယ်။
ဒီယုံကြည်မှုကပဲ တစ်ချိန်မှာ ဗီလိန်တွေကိုအနိုင်တိုက်နိုင်မယ့် အစွမ်းသတ္တိတွေဖြစ်လာပါလိမ့်မယ်။

ဘီဂျူးကိုးကောင်နဲ့သူတို့ရဲ့လက်ရှိဂျင်ချူရိကီတွေကတော့ 
(One Tailed) Shukaku 
Jinchuuriki- Gaara 

(Two Tailed) Matatabi 
Jinchuuriki- Yugito
ဟီဒန်နဲ့ကကုဇူတို့နှစ်ယောက်သားလာရောက်ဖမ်းဆီးသွားကြတဲ့ တိမ်ရွာKumogakureမှအမျိုးသမီး
နင်ဂျာဖြစ်ပါတယ်..နောက်ပိုင်းမှာကဘုတိုရဲ့အဲဒိုတန်းဆဲနဲ့ပြန်လည်အသက်သွင်းခြင်းခံခဲ့၇ပါတယ်..ကစ်လာဘီးကတောင်မှ လေးစားရတဲ့အလွန်ထူးချွန်တဲ့နင်ဂျာတစ်ယောက်ဖြစ်တယ်လို့ဆိုပါတယ် 

(Three Tailed) Isobu 
Jinchuuriki - Yagura
 မြူရွာ ရဲ့စတုထ္ထမြောက်မီဇူခါဂဲဖြစ်ခဲ့ပြီး တိုဘီရဲ့ ထိန်းချုပ်မှုကိုခံခဲ့ရတာကြောင့် သူ့ရွာကိုBloody Hidden Mistလို့အမည်ဆိုးနဲ့ကျော်ကြားစေခဲ့ပါတယ်ရုပ်က ကလေးရုပ်ထွက်နေပေမယ့် တကယ်တော့ အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်ပါတယ်တဲ့..
သူဟာလည်းနောက်ပိုင်းမှာကဘုတိုရဲ့အဲဒိုတန်းဆဲနဲ့ပြန်လည်အသက်သွင်းခြင်းခံခဲ့၇ပါတယ်Three Tailed လိပ်ကြီးIsobuကိုလဲ အာကာဆုကီ .အိုရိုချီမာရု နဲ့ ကိုနိုဟာတို့သုံးဖွဲ့လုကြတဲ့အပိုင်းတွေမှာ မြင်ဖူးကြမှာပါ 

(Four tailed)Son Goku  
Jinchuuriki - Rōshi
 ကျောက်တုံးရွာကဖြစ်ပြီး သူ့ကိုဖမ်းဆီးခဲ့သူကတော့ ကစ်ဆားမီ ဖြစ်ပါတယ်..အီတာချီကိုဝင်မပါဖို့ပြောပြီး ကစ်ဆာမီကိုယ်တိုင်တစ်ဦးချင်းရင်ဆိုင်ဖမ်းဆီးခဲ့သူဖြစ်တယ်..သူဟာ ကျောက်တုံးရွာရဲ့ဆူချီခါဂဲ အိုနိကီလိုပဲ အလွန်ခေါင်းမာသူတို့တစ်ယောက်ဖြစ်တယ်လို့လဲ ဆိုတယ်..Son Goku မျောက်ကြီးဟာ တိုဘီထိန်းချုပ်ထားတဲ့ဘီဂျူးတွေထဲကပထမဆုံးနာရူတိုနဲ့ဆုံတွေ့ခဲ့သူဖြစ်ပြီး..ကျန်ဘီဂျူးတွေကိုနာရူတိုအကြောင်းသူပဲ ပြောပြခဲ့တာဖြစ်တယ်.. .နောက်ဆုံး တိုဘီက ဘီဂျူးတွေကို ပြန်လည်သိမ်းဆည်းမှုကြောင့်ပျောက်ကွယ်ခါနီးမှာ Roshiဟာ မျောက်ကြီးရဲ့နာမည်အရင်းကို ထုတ်ခေါ်ပြီး နာမည်ကိုမှတ်သားထားကြောင်းဖော်ပြလိုက်တဲ့အခါမှာတော့ နာမည်ကိုအလေးထားတဲ့ Son Gokuတစ်ယောက်စိတ်ကျေနပ်သွားပြီး နှစ်ယောက်သား ဆက်ဆံရေးပြေလည်သွားကြပါတယ် 

(Five tailed)Kokuō 
Jinchuuriki - Han
 ကျောက်တုံးရွာကပဲ ဖြစ်ပြီးသူ့အကြောင်းတော့သိပ်မပါပါဘူး..
သိသလောက်တော့ဂျင်ချူရိကီတွေထဲမှာသူအရပ်အရှည်ဆုံးပါ 

(Six Tailed)Saiken 
Jinchuuriki - Utakata
မြူရွာက ၀ရမ်းပြေးနင်ဂျာ missing ninဖြစ်ပြီးသူ့အကြောင်းကိုတော့သူအဓိကဇာတ်ကောင်
အဖြစ်ပါဝင်တဲ့Tsuchigumo Kinjutsu Arc(အလွယ်ပြောရင် ပူစီဖောင်းမှုတ်တဲ့ကောင်ပါတဲ့အပိုင်းတွေ)မှာ အသေအချာပြထားပါတယ်..အဲဒီArcရဲ့အဆုံးသတ်မှာ ပိန်းခြောက်ယောက်နဲ့တွေ့ဆုံပြီးအဖမ်းခံခဲ့ရပါတယ်

(Seven Tailed)Chōmei 
Jinchuuriki - Fū
 ရေတံခွန်ရွာHidden Waterfallရွာကကောင်မလေးဖြစ်တယ်ဆိုတာက လွဲပြီးသူ့အကြောင်းသိပ်မသိရပါဘူး..ဂျင်ချူရိကီဖြစ်တာကြောင့်သူ့လူမုန်းများလောက်ပေမယ့် နာရူတိုနဲ့တွေ့ဆုံတဲ့အခါမှာတော့ ရွှင်မြူးတဲ့စိတ်ထားဟန်အမူအရာရှိတာတွေ့ရပါတယ် 

(Eight Tailed)Gyuki 
Jinchuuriki - Killer Bee

 (Nine Tailed)Kurama 
Jinchuuriki - Naruto
ဒါကတော့ AnimeမှာSpecialအဖြစ်ပါတဲ့ ဘီဂျူးတွေရဲ့နာမည်တွေကိုသီချင်းလုပ်ဆိုထားတာလေးဖြစ်
ပါတယ်။

No comments:

Post a Comment