-->

Namikaze Minato 波風ミナト






Namikaze Minato,   波風ミナト

Minato ၏ အခြားအမည်များ
  • Child of the Prophecy (予言の子, Yogen no Ko)
  • Saviour of this World (この世の救世主, Kono Yo no Kyūseishu)
  • Konoha's Yellow Flash (木ノ葉の黄色い閃光, Konoha no Kiiroi Senkō)
  • Fourth Hokage (四代目火影, Yondaime Hokage)



မွေးနေ့: January 25
လိင်:ကျား
အသက်:ကွယ်လွန်
အရပ်:၁၇၉.၂ (~၅ ပေ ၁၁ လက်မ)
အလေးချိန်:၆၆.1 ကီလိုဂရမ် (~၁၄၆ ပေါင်)
သွေးအမျိုးအစား: B
ဆက်နွယ်မှု: Konohagakure
အဆင့်: Kage
Academy မှ ပြီးမြောက်သည့် အသက်: ၁၀ နှစ်
ငယ်စဉ်က NinjaTeam :Team Jiraiya
Jounnin အဖြစ်တာဝန်ယူသောTeam :Team Minato (Kakahi ,Rin and Obito)
မိသားစု: Uzumaki Kushina (ဇနီး) Uzumaki Naruto (သား)

Minato ၏ Jutsu များ
Contract Seal
Dead Demon Consuming Seal
Eight Trigrams Sealing Style
Flying Thunder God Technique
Four Symbols Seal
Rasengan
Space–Time Barrier
Summoning Technique (Toads)
Summoning: Food Cart Destroyer Technique

လက်နက်အသုံးအဆောင်: Flying Thunder God Kunai

Minato ငယ်ဘဝ

Minatoနဲ့ Kushina
Minato ဟာ Academy မှာသင်ကြားစဉ်က သူ၏ စာသင်ဖတ် ဇနီးလောင်းဖြစ်တဲ့ Uzumaki Kushina က Minato ကို ပေါကြောင်ကြောင်နဲ့ကောင်မလေး ၁ ယောက်နဲ့တောင်တူတယ် လို့ထင်တာကို ခံရပါတယ် (ဖြစ်ရလေ XD)။သူဟာ ငယ်စဉ်ကတည်းက ရွာသူရွာသားများ အသိအမှတ်ပြုခြင်း ခံရတဲ့ Hokage ၁ ယောက်ဖြစ်ချင်ခဲ့တယ်။ Kushina ကတော့ ဒါက Minato လိုလူအတွက်မဖြစ်နိုင်ဘူးလို့ ယူဆခဲ့တယ်။Hidden Cloud မှ Ninja များ Kushina ကိုလာရောက် ဖမ်းဆီး(Kushina ရဲ့ ပြိုင်ဘက်ကင်း chakra နဲ့ Nine-Tails ကို control လုပ်နိုင်ခြင်းကိုလိုချင်လို့) တဲ့အခါမှာတော့ Minato တစ် ယောက်သာလာရောက်ကယ်မယ့် လူရှိပါတယ်။သူမရဲ့ အဲဒီဆံပင်စလေးတွေလိုက်ကောက်ပြီး ကယ်တင်နိုင်ခဲ့တယ်။ (ကဗျာဆန်ပုံများ :P) သူမကိုကယ်ပြီးတဲ့ နောက် သူမဆံပင်ကို Minato က အရမ်းသဘောကျကြောင်း ပြောပြီး နောက်မှာတော့ သူတို့၂ ဦးချစ်ကြိုက်သွားပါတယ်။ (ဒန် တန် တန် ♫ XD)

Minato ကိုသေချာရင်းနှီးတဲ့ သူတွေကတော့ သူဟာငယ်ရွယ်သော်လည်း အင်မတန်ထူးချွန်တယ်။ အလွန်ရှားပါးတဲ့ ပါရမီရှင်တစ်ဦး၊ မျိုးရိုး အစဉ်အဆက်တစ်ခု မှာတစ်ခါသာပေါ်ထွန်းတဲ့ တကယ်ပါရမီရှင်လို့ ချီးကျူးပြောဆိုကြတယ်။(မြင့်တယ်နော် ) Minato ဟာ ၁၀ နှစ် အရွယ်မှာ Academy ကို ပြီးဆုံးပြီးတဲ့ နောက် Jiraiya ရဲ့ genin team မှာပါဝင်ခဲ့ပါတယ်။ Jiraiya ဟာ Minato ရဲ့ အရည်အချင်း ကို အလွန်ဘဲ စိတ်ဝင်စားတဲ့ အတွက် သူ့တပည့် အဖြစ်လက်ခံ ပြီး (Summoning Technique အပါအဝင်)အခြားTechniqueတွေကို အသေအချာသင်ပြပေးခဲ့တယ်။Jiraiya ဟာ Minato ဟာ The Great Toad Sage (ဖားဘိုးတော်ကြီး) ဟောကိန်းထုက်ထားတဲ့ကလေးငယ် ( Child of the Prophecy) ဖြစ်လာမယ်လို့ ယုံကြည်ခဲ့တယ်။

Minato ပုံပန်းသွင်ပြင်
 Minato ဟာ အရပ်အတော်အတန်မြင့်ပြီး အသားဖြူသူတစ်ဦးလို့ဆိုနိုင်ပါတယ်။ Narutoကိုလည်း ရံဖန်ရံခါအားဖြင့် အပြင်ပန်းသွင်ပြင်က Minatoနဲ့ဆင်တယ်လို့ ခဏခဏ နှိုင်းယှဉ်ခံရပါတယ်(ဖအေတူသားလေးပေါ့)။ ဘာကြောင့်လဲဆိုတော့ နှစ်ယောက်လုံးမှာ ပြာလဲ့လဲ့မျက်ဝန်းတွေနဲ့ ထိုးထိုးထောင်ထောင် အ၀ါရောင်ဆံပင်တွေ ရှိကြလို့ပါပဲ။ Narutoနဲ့ကွာတာဆိုလို့ Minatoဆီမှာ နဖူးတစ်ဖက်တစ်ချက်ဆီကနေ ဘေးကိုကျနေတဲ့ မေးထိအောင်ရှည်တဲ့ ဆံနွယ်တွေရှိတာပါပဲ။

Jiraiyaပြောပုံ အရဆိုရင် Minatoဟာ အလွန်ချောပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါတဲ့ (ဆရာထက် တပည့် လက်စောင်းထက်ပါပေ့။) သူ့ရဲ့ ပုံမှန် ၀တ်စားဆင်ယင်ပုံကို မြင်အောင် ပုံဖော်ပြရမယ်ဆိုရင် သာမန် Konohaနင်ဂျာ uniform ဖြစ်ပြီး၊ လက်တစ်ဖက်စီမှာ Konohaအမှတ်အသားကို စည်းနှောင်းထားတတ်ပါတယ်။ ပြီးရင်ထုံစံအတိုင်း Jonin Jacketတစ်ထည်နဲ့ နဖူးကာတစ်ခုပေါ့ဗျား။ Hokageဖြစ်သွားတဲ့နောက်ပိုင်း ကျောပိုင်းတစ်လျှောက်မှာ Kanjiနဲ့ Fourth Hokageလို့ ဒေါင်လိုက်ရေးထားပြီး အနားသတ်တွေမှာ မီးလျှံတွေလို designဆင်ထားတဲ့ အဖြူရောင် လက်တို Long-coatတစ်ထည် ကို သူ့ ပုံမှန် အ၀တ်အစားတွေပေါ်မှာ ထပ်ဝတ်တာကို တွေ့ရပါတယ်။

အဲ Long-coatရှေ့ပိုင်းမှာတော့ လိမ္မော်ရောင်ကြိုးတစ်ခုနဲ့ စည်းထားတယ်ပေါ့နော်။ (သြော် ပဲလည်းများတတ်သကိုး XD။) ငယ်စဉ်အခါကတော့ အင်္ကျီလက်တစ်ဖက်စီမှာ အစင်းရာသုံးခုပါတဲ့ အားကစား အင်္ကျီ၊ ပိုက်ကွန်လို ရက်ထားတဲ့ အောက်ခံအင်္ကျီ၊ အနက်ရောင် ဘောင်းဘီတို့ကိုဝတ်ပြီး ညှို့သကျည်းလောက်ရှိတဲ့ sandalဖိနပ်တို့ကို စီးပါတယ်တဲ့ ခင်ဗျာ။

Team Minato.
Minato ဟာ Rin , Uchiha Obito , Hatake Kakashi တို့ပါဝင်တဲ့ အဖွဲ့မှာ ကြီးကြပ်ဖို့တာဝန် ယူရပါတယ်။Third Shinobi World War ကာလတုန်းက Minato ဟာ ဦးဆောင်တဲ့ အဖွဲ့ဟာ Kannabi Bridge ကိုဖျက်ဆီးဖို့ Hidden Grass ကို mission တစ်ခုစေလွှတ်ခြင်း ခံရပါတယ်။အဲဒီ အချိန်တုန်းက Kakashi ဟာ Jonin ဖြစ်နေတဲ့ အတွက် ဒီ mission ကို Kakashi ဦးဆောင်ဆိုပြီး သူက တော့ Konoha front line မှာသွားရောက် ကူညီပါတယ်။


လူအင်အားမမျှတလို့ အရှုံးနဲ့ရင်ဆိုင်နေရတဲ့Konoha ninja တွေနဲ့တွေ့ပြီး နောက် သူရဲ့ flying Thunder God Technique ကိုသုံးပြီး Hidden Rock ninja တွေကိုချေမှုန်းခဲ့ပါတယ်။ တိုက်ပွဲ ပြီးတဲ့ နောက်မှာတော့ Hidden Rock ninja နောက်တစ်ဖွဲ့နဲ့ ရုန်းကန် နေရတဲ့ သူရဲ့ အဖွဲ့ကိုပြန်လာပါတယ်။ ဒါပေမယ့် Kakashi နဲ့ Rin ကိုကယ်တင်နိုင်ခဲ့ပါတယ်။ Obito ကိုတော့ မကယ်နိုင်ခဲ့ပါဘူး။Kakashi နဲ့ သတိပြန်လည်လာတဲ့ အခါမှာတော့ Minato အကူအညီနဲ့ mission ပြီးမြောက်သွားပါတယ်။

Raikage A Vs Minato

Hokage မဖြစ်ခင် က Minato ဟာ Raikage A နဲ့ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ပထမ အကြိမ်တွေ့တဲ့ အခါမှာ A ရဲ့ညီ ( သွေးသောက်ညီ ဆိုလား )Eight-Tails jinchūriki ကိုသတိပြုမိပါတယ်။Konoha ရဲ့ တပ်ပြန်ဆုတ်တဲ့ အချက်ပြမှုကို ရရှိတဲ့အခါမှာတော့ Kage ဆိုတဲ့ ဘွဲ့ကို အရင်းတည်ပြီး နောင်တစ်ချိန်ပြန်တွေ့ကြမယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် သူ့အစ်ကို Aကို Killer Beeဟာ လူသားတစ်ယောက်မဟုတ်သလို Jinchuriki တစ်ယောက်လည်း မဟုတ်ဘူးဆိုတာကိုလည်း ကမ်းလှမ်းပြောကြားခဲ့ပါတယ်။






Minato, Kushina နဲ့ Jiraiya
Third Shinobi World War ကြီးပြီးဆုံးသွားတဲ့ အခါ Minato ဟာ အသက် ၃၀ တောင်မရှိသေးတဲ့ အရွယ်မှာ 4th Hokage အဖြစ်ရွေးချယ် ခံရပါတယ်။သူအုပ်ချုပ်နေတဲ့ အချိန်အတွင်းမှာ သူ ရဲ့ အထင်ကရ technique တွေကို Hokage Guard အဖွဲ့ ကို သင်ပေးခဲ့ပါတယ်.... သင်ပေးခဲ့ရခြင်းအကြောင်းကလဲ ဒီ အဖွဲ့ကို သူတို့ ရဲ့ duties တွေကို အချိန်မရွေး ပိုပြိး အကြိုးရှိရှိ လုပ်နိုင်အောင်လို့ပါ။Kushina ကိုယ်ဝန်ဆောင်နေတဲ့ အချိန်မှာ Jiraiya ဖတ်ရင်း စာအုပ် ထဲ ကအဓိက ဇာတ်ဆောင်ရဲ့ အတွေးအခေါ်တွေကို သဘောကျမိတယ် ဇာတ်ဆောင် ဟာ Jiraiya ကိုယ်တိုင် နဲ့ တူတယ်လို့ သူယုံကြည်ခဲ့တယ်။

Jiraiya က သူရဲ့မွေးလာမယ့် သားကလေးကို Naruto (Ramen ထဲက Ingredient ၁ခုတဲ့ ဒါကြောင့်အသေကြိုက်တာ နေမှာ XD ) လို့ အမည် ပေး ဖို့ဆုံးဖြတ်ပေးပြီး ကလေး ကိုသူ့စာအုပ်ထဲဇာတ်ဆောင် အတိုင်းဖြစ်စေလိုကြောင်း၊ဒီလိုနာမည်ပေးခြင်း ဟာ Naruto ရဲ့ မွေးစားအဖေ သဘောမျိုး ဖြစ်ပြီး သူတို့၃ ယောက်စလုံး ဒီ အစီအစဉ် ကို အရမ်းသဘောကျပြီး လက်ခံခဲ့တယ်။

Kushina Naruto ကို မွေးဖွားခြင်း
Kushina ဟာ Nine Tail jinchuriki ဖြစ်တဲ့အတွက် ကလေးကို အလွယ်တကူ မီးဖွားဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။အဲ ဒီ အတွက် Narutoကို မီးဖွား နိုင်ဖို့အထူးအစီအစဉ် တွေကို ပြင်ဆင်ထားရပါတယ်။ Nine-Tails ကို seal ထိန်းထား seal ဟာ ကလေးမီးဖွားရင် အားလျော့သွားနိုင်လို့ Naruto လေးကို Konoha အပြင်က သီးသန့် လှို့ဝှတ်တဲ့ နေရာလေးမှာ မွေးဖို့စီစဉ်ပါတယ်။ ANBU ၂ ယောက်ဟာ အဲဒီနေရာကို စောင့်ကြပ်ပေး ပြီး Minato ဟာ Kushina မီးဖွားနေတုန်း မှာ seal ကို စောင့်ရှောက်နေပါတယ်။ သိပ် မကြာခင်မှာဘဘဲ Naruto လေးမွေးလာပါတယ် မွေးပြီး ချက်ချင်းဆိုသလို Tobi ဟာ ANBU ၂ ယောက်( Biwako Sarutobi နဲ့ Taji ) ကိုသတ်ပြီး လှို့ဝှတ် နေရာထဲကိုဝင်လာခဲ့တယ်။

Naruto ကိုဓားစာခံထားပြီး ချိန်းခြောက်တယ်။ (ယုတ်မာတာ >.< )Minato ဟာသူ့သားကိုကယ် နိုင်ခဲ့ပေမယ့် Tobi က Kushina ကိုခေါ်သွားတာကို မတားနိုင်ခဲ့ဘူး။Naruto ကိုလုံခြုံတဲ့ နေရာမှထားပြီး Kushina ရှိတဲ့နေရာကို teleport လုပ်ပြီးသွားတယ်။ရောက်သွားတဲ့အခါမှာ Nine tail seal ဟာ ပျက်ပြီး အပြင်ကိုထွက်နေပါပြီ Nine tail သတ်တော့မယ့် Kushina ကိုကယ်နိုင်ပေမယ့် nine tail ကိုမတားနိုင်ခဲ့ဘူး။ Naruto ရှိတဲ့ ဆီကိုပြန်သွားတယ် သား အမိ ၂ ယောက်ကို ပြန်ပေါင်းစည်းပေးလိုက်တယ်။ အဲဒါ ပြီးတဲ့ နောက်မှာတော့ Konoha ကို Nine-Tails ရန်ကကာကွယ်ဖို့ ထွက်လာခဲ့တယ်။

Minato Vs Tobi
Minato ဟာ Nine-Tails ရွာကို တိုက်ခိုက်မှူထက် စောပြီးေ၇ာက်ခဲ့တယ်။ Konoha ကို Nine tail ရဲ့ tailed beast ball ကနေကာကွယ်ပြီးတော့ Minato က third hokage ကိုသွားပြီး ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို သတင်းပို့ဖို့ ကြိုးစားတယ်။ အဲဒီအခါမှာ Tobi က Space–Time Migration နဲ့ စုပ်ယူပြီးတားဆီးဖို့ကြိုးစားခဲ့ပေမယ့် Minato လွတ်မြောက်ခဲ့တယ်။ Tobi က လိုက်လာတဲ့အတွက် သူတို့တိုက်ခိုက်ကြတယ်။တိုဘီကPhysical တိုက်ခိုက်မှုဆို ထိရောက်မှု မရှိတဲ့ သူ့ရဲ့Flying Thunder God Technique သေသေချာချာချိန်သားကိုက်အသုံးချပြီး ရရှိတဲ့ ရှားရှားပါးပါး အချိန်မှာ အပီ Rasengan နဲ့ ဆော်လိုက်နိုင်တယ်။ အဲဒါပြီးတာနဲ့ ချက်ချင်းဆိုသလို Flying Thunder God နဲ့ဘဲ Tobi ကိုချဉ်းကပ် ပြီး Contract Seal ( summoner နဲ့ summoned creature ကို ခွဲခြားတဲ့ seal ) သုံးပြီး Nine-Tails ကို control လုပ်နေတာကိုရပ်တန့်စေလိုက်တယ်။အဲ ဒီမှာ Tobi လဲ နောက်ဆုတ်လှည့်ပြန်ခဲ့တယ်။

Minato Shinigami ကို ခေါ်ယူခြင်း

Minato ရွာကိုပြန်ရောက်တော့ ရွာက အတော်လေး ပျက်နေပါပြီ ။ Gamabunta ကို summon လိုက်ပြီး Nine-Tails ကိုဖိထားရင်း (Summoning: Food Cart Destroyer Technique) အချိန်ရပြီဆိုတာနဲ့ ရွာနဲ့ ဝေးရာကိုNine-Tail ကြီးပါ ပါ ပါ သွားအောင် teleport လုပ်ပြီး Naruto နဲ့Kushinaရှိတဲ့ နေရာကို ခေါ်သွားတယ်။ Nine-Tails ကို reseal လုပ်ခြင်းကြောင့်ဒဏ်ဖြစ်စေပြီး အသက်ဆုံးရှုံးမှာကိုသိပေမယ့် Kushina က သူ seal ပြန်လုပ် ပြီးNine-Tail နဲ့ အတူသေပွဲဝင်ဖို့ ပြောပါတယ်။Minato သဘောမတူပါဘူး။ အဲဒီအစား Dead Demon Consuming Seal သုံး ပြီး Nine-Tails ကို အားလျော့စေမယ် ပြီး ရင် Naruto ထဲ ကို sealလုပ်ပေးမလို့ စီစဉ်ပါတယ်။
အဲဒီ အခါ Kushina က ငြင်းပါတယ်။ ဘာလို့လဲ ဆို ဒီလိုလုပ်ရင် Minato သေမယ်။Naruto လေး မိဘမဲ့သွားမှာကို မလိုလားဘူးတဲ့။

ဒါပေမယ့် Minato က အတင်း ရှင်းပြတယ်။ဒီလို jinchuriki တစ်ယောက်မရှိရင် Nine-Tails ဟာ ပြန်လည်ပေါ်ထွန်းလာပြီး Konoha သာမက Fire Country ၁ ခုလုံးကို ထိခိုက်စေမယ်။ ဒါ့ အပြင် Jiraiya တခါ က ပြောဖူးတဲ့ သူ့ စာအုပ်ထဲက Child of the Prophecy ဟာ Naruto ဖြစ်စေရမယ် လို့ ယုံကြည်တယ်တဲ့ ။ နောက်ပြီး Tobi ကိုပြန်ချ နိုင်ဖို့ Naruto မှာ Nine-Tails' power လိုတယ်တဲ့။ Dead Demon Consuming Seal ကိုသုံး ပြီး beast's Yin chakra, ကိုseal away လုပ်ပြီးတဲ့ အခါမှာ Nine-Tails ဟာသူတို့ အကြံအစည် ကိုသိပြီး အတင်းရုန်းကန်ပြီး Naruto ကို သတ်ဖို့ ကြိုးစားပါတယ်။အဲဒီ အခါမှာ Minato နဲ့ Kushina ကရှေ့ ကနေဝင်ကာပေးလိုက်ပါတယ်။ (သနာ:ဖို့ ကောင်းလိုက်တာ)


Minato နဲ့ Kushina Naruto ကို ခွဲခွါခြင်း

ဒါကတော့ Naruto Shippuden 249ရဲ့ Review ဖြစ်ပါတယ်။ Naruto ရဲ့ အမေဖြစ်တဲ့ Uzumaki Kushinက မွေးကင်းစ Naruto လေးကို သူမရဲ့နောက်ဆုံး အမှာစကားတွေပြောလို့ပြီးတဲ့ အချိန်မှာ Minato က kuchiyose jutsuနဲ့ Gerotora(စာလိပ်နဲ့ဖား) ကို summonလုပ်ပြီး Naruto ရဲ့ ကိုယ်ထဲမှာ ထည့်မယ့် sealကို ဖြည်မဲ့ scroll ကို Jiraiyaကို ပေးခိုင်းခဲ့ပါတယ်။ အဲ့နောက်မှာတော့ Kushina က Naruto လေးကို သူတို့မိဘနှစ်ယောက်လုံးက ဘယ်လောက်ချစ်ကြောင်းပြောပြပြီးတဲ့နောက်(ဟိုကလေးကတော့ အိပ်နေတာမှ ငြိမ့်လို့။ အဲလောက် ဆူညံပွက်လောရိုက်နေတာ။ မသိတာပဲ ကောင်းပါတယ်။) Minatoက သူရော Kushina ရော သူတို့ရဲ့ အသက်တွေကို Narutoအတွက် စတေးပြီး) ရှိသမျှ Chakara လက်ကျန်တွေနဲ့ Nine-tailed Fox ကြီးကို Naruto ထဲမှာ seal လုပ်လိုက်ပါတယ်။


သူတို့ရဲ့ Chakara တွေကို သုံးတယ်ဆိုတာကလဲ Naruto ကြီးလာရင် သူ့ရဲ့ အတွင်းစိတ်ထဲမှာ သူမိဘတွေနဲ့ပြန်တွေ့နိုင်အောင်ဖြစ်ပါတယ်။သူတို့ရဲ့ အသက်တွေကို Narutoအတွက် စတေးခဲ့ပါတယ်။ နောက်ကျမှ ရောက်တတ်တဲ့ ရဲမြညွန့် နဲ့ အဖွဲ့ ပြည်သူ့ရဲတွေလိုပဲ Third Hokageကြီးနဲ့ အဖွဲ့တွေရောက်လာတဲ့ အချိန်မှာ သေခါနီးဆဲဆဲMinatoက Konohaရွာအနေနဲ့ Narutoကို ရွာကိုကယ်တင်တဲ့ သူရဲကောင်းအဖြစ်သာမြင်စေလိုပြီး ဒီ Tailed-beastကြီးထည့်ထားတဲ့ အငှားခန္ဓာကြီးအဖြစ် မမြင်စေချင်ကြောင်း ပြောခဲ့ပါတယ်။ (နောက်ဆုံးဆန္ဒမပြည့်ရှာပါဘူး။)

သူမသေခင်မှာလဲ နောက်ဆုံးကျန်တဲ့ Chakaraတွေကို Narutoကိုထပ်ပေးခဲ့ပါတယ် (သူလည်းသူ့သားကို တွေ့ချင်သေးပေမပေါ့)။ ဒါပေမယ့် အဓိကရည်ရွယ်ချက်တော့ Sealပျက်ခါနီးရင် အဲဒီ Chakaraနဲ့ နောက်တစ်ဖန်ပြန်ပြီး Sealလုပ်နိုင်ဖို့ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ မျက်ရည်ဖြိုင်ဖြိုင်ကျစေတဲ့ Kushinaရဲ့စကားတွေ၊ Minato ရဲ့ လုပ်ရပ်တွေကို မျက်ဝါးထင်ထင်တွေ့နိုင်မှာပါ။ Konoha ရဲ့ သမိုင်းကြောင်း တစ်စိတ်တစ်ပိုင်းကိုလည်း တီးမိခေါက်မိတွေ့နိုင်မှာဖြစ်ပါတယ်။

Ninjutsu စွမ်းရည်
Rasengan စွမ်းရည်
Minatoဟာ Rasengan ကို ဖန်တီးကျင့်ယူဖို့ သုံးနှစ်တိတိ Bijuu damaလို့ခေါ်တဲ့ Tailed-beastတွေသုံးတဲ့ Chakaraအစုလိုက် အပြုံလိုက်ကို ဘောလုံးပုံလုပ်ပြီး releaseလုပ်တဲ့နည်းကို လေ့လာခဲ့ရပါတယ်။ နောက်ပြီး ဒီပါဝါကိုသုံးဖို့အတွက် Chakaraပုံစံပြောင်းလဲမှုကျင့်စဉ် အမြင့်ဆုံးအဆင့်ကို လိုအပ်ပေမယ့် Hand sealတွေလုပ်စရာမလိုပါဘူး။ ဒါပေမယ့် ဒီပါဝါကို သုံးမယ့်လူ အနေနဲ့ ကိုယ့်လက်ပေါ်မှာ လည်နေတဲ့ စက်လုံးပုံစံ Chakaraလုံးတစ်လုံး ဖြစ်လာအောင် စိတ်စုစည်းမှုစွမ်းရည်နဲ့ ဖန်တီးရတာ Hand sealလုပ်ရတာထက် အပုံကြီးပို ခက်မယ်ထင်ပါတယ်။ သို့သော်ငြားလည်း အဲလောက်ကျင့်ရခက်တဲ့ပါဝါ ဖြစ်တဲ့အတွက် အကျွေးခံရပြီဆိုရင်တော့ မလွယ်ဘူးနော်လို့ပဲပြောချင်ပါတယ် (ထိပြီဆိုတာနဲ့ အောင်မငီးပဲ)။

Rasenganကို စဖန်တီးသူ Minatoအတွက်တော့ ဒီပါဝါကို အလွယ်တကူ ကျွမ်းကျွမ်းကျင်ကျင်သုံးခဲ့ပါတယ်။ သူဟာ လက်တစ်ဖက်တည်းနဲ့ Rasenganကိုသုံးနိုင်ပြီး သူ့ရဲ့ပုံမှန် Rasengan အရွယ်အစားဟာ တစ်ခြားသူတွေ (Jiraiya,Kakashi,Naruto) တို့သုံးတဲ့ Rasengan တွေထက်ကြီးတာကိုတွေ့ရပါတယ်။ နည်းနည်းနောနော ပိုကြီးတယ်မှတ်လို့။ သူ့ပုံမှန် Rasenganက Narutoသုံးတဲ့ Odama Rasengan(Giant ball Rasegan) လောက်ရှိတာဗျ။ နောက်ပြီး Rasenganက Hand sealလုပ်စရာမလိုတဲ့ အတွက် အခြား hand sealလုပ်ပြီးမှ ပါဝါသုံးလို့ရရှာတဲ့ အခြားသူတွေနဲ့ ယှဉ်ရင် Minatoဟာ အပုံကြီးသာနေတာကိုတွေ့ရပါတယ်။ ဥပမာပြောရရင် Tobiနဲ့ ဖဲ့တဲ့ညတုန်းကဆိုရင် သူ့ရဲ့ Space-time kunaiကို ပစ်လို့ပြီးတာနဲ့ချက်ချင်း သူ့လက်ထဲမှာ Rasengan လုပ်ပြီးသား ဖြစ်သွားတာ သတိထားမိမှာပါ။ အဲ့တော့ Flying Thunder God Jutsu ကို သုံးပြီးတာနဲ့ Tobiကို Rasengan သွတ်ထည့်လိုက်တာ ခမျာမှာ ဘာဖြစ်လို့ဖြစ်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ပါဘူး။ Minatoဟာ သူ့ရဲ့ သဘာဝ Chakaraနဲ့ Rasengan ကိုပေါင်းပြီး ပြီးပြည့်စုံတဲ့ ninjutsuတစ်ခုကို တီထွင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း မမျှော်လင့်ဘဲ သေဆုံးခဲ့ရတဲ့ အတွက် သူ့ရဲ့ ဆန္ဒမပြည့်ဝခဲ့ရပါဘူး။

Minato Kakashi ကိုကယ်တင်ခြင်း

Minato ရဲ့ အသိအမှတ်ပြုရတဲ့ ကိုယ်ပိုင်အရည်အချင်းကတော့ အလွန်မြန်တဲ့သူ့ လှုပ်ရှားမှုနဲ့ လျှပ်တပြက် လှုပ်ရှားနိုင်ခြင်း ဘဲဖြစ်ပါတယ်။သက်သေသာဓက ချပြရမယ်ဆိုရင်ဖြင့် လက်ရှိမှာ သက်ရှိထင်ရှားရှိနေတဲ့ အမြန်ဆုံး Shinobi လို့ သတ်မှတ်ခံထားရတဲ့ Raikage A ကြီးကတောင် သူ့ရဲ့ လျှပ်စီးအကာအကွယ် ightning Release Armourဖွင့်ထာတဲ့ အချိန်မှာတောင်မှ Minatoရဲ့ တိုက်ခိုက်မှုအမြန်နှုန်းကို မမှီပါဘူးလို့ ၀န်ခံထားပါတယ်။ Minatoဟာ သူ့ရဲ့ အမြန်ဆုံး Jutsuတစ်ခုဖြစ်တဲ့ Flying Thunder God Jutsuကိုတောင်မှ မသုံးပဲနဲ့ မွေးကင်းစ Narutoကို Tobiကလေထဲပစ်တင်ပြီး Kunaiနဲ့ ထိုးမယ့်ရန်ကနေ ကာကွယ်နိုင်သူဖြစ်ပါတယ်။

နောက်ပြီး Tobiရဲ့ Space-time ပြောင်းလဲပြီး အကျဉ်းချနိုင်တဲ့ Jutsu ကနေတောင်မှ လွတ်အောင်ပြေးနိုင်တဲ့ အထိမြန်ပါတယ်။Minato ဟာ ခေတ် အဆက်ဆက် Shinobi တွေ အားလုံး အနက် အမြန်ဆုံးပါလို့ မကြာခဏ လူတွေရဲ့မကြာခဏ ဖော်ပြခြင်းကိုခံရပါတယ်။ လက်ရှိ အမြန်ဆုံးဖြစ်တဲ့ Raikage A ရဲ့ လျှပ်စီးအကာအကွယ် နဲ့ Naruto ရဲ့ Nine-Tails Chakra Mode တွေတောင်မယှဉ်နိုင်ပါဘူးတဲ့။ သူ့ရဲ့သာမန်နဲ့ မတူတဲ့ ပြိုင်ဘတ်ကင်း Kunai ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်တဲ့ အတွက် အနီးကပ် တိုက်ခိုက်ရပြီ ဆို သာမန် Kunai ထက် ပိုပြီး အသုံးတည့်ပါတယ်။ ဒီ Kunai ကို အသုံးပြု ရင်း Minato ဟာ A ကို counter-attack လုပ်တဲ့ အခါ Eight-Tails ရဲ့ လက်တံ တစ်ချောင်းကို ဖြတ်လို့ရလုနီးနီး ကိုမြန်ပါတယ် (ဒီကောင်ကြီးဒီလောက်မြန်တာ နော် ) ဒါဟာ သူဟာအစွမ်းထက်ပြီး မြန်ဆန်တယ် ဆိုတာကိုပြသတဲ့ သက်သေတွေပေါ့ ဗျာ။




Space–Time Ninjutsu
Minato ရဲ့ special kunai.
Minato ဟာ သူဘယ်နေရာ မဆို သွားချင်တဲ့နေရာကို special seals unique space–time technique သို့ Flying Thunder God Technique နဲ့ထင်ရှားပါတယ်။အဲ ဒီ technique ကြောင့် သူဟာ Konoha's "Yellow Flash" ( Konoha ရဲ့ အဝါရောင် အလင်းတန်း အဲ ခေါ်လို့ ကောင်း ဘူး Eng လိုဘဲခေါ်ရတာကောင်းတယ်)။ ဘာလို့ ဒီလိုခေါ်ရလဲ ဆိုရင်တော့ သူ့ရဲ့ ဘယ်လိုမှ ခြေရာကောက် မမှီနိုင်တဲ့ လှုပ်ရှားမှုတွေ ကို အသုံးချနိုင်လို့ပါ။သူ့ ရဲ့ kunai ဟာ special seal လေးတွေ တွဲထားပါတယ်။ အဲဒါကြောင့် ရန်သူတွေရဲ့ နောက်ကို အသာလေးဝင် ပြီး လူ ၁ အုပ် ကို မျက်စိ ၁ မှိတ် အတွင်းမှာ အသာလေး သုတ်သင်နိုင်ပါသတဲ့။သူ့ရဲ့ special kunai ရှိတဲ့ နေရာကို Teleport လုပ်တဲ့ အခါ မြန်ချက် က လေလိုပါဘဲလို့ပြောကြတယ်တဲ့။ သူ ဟာ မျက်နှာပြင် အမာတွေကို သူ လက်ချည်းသက်သက် နဲ့ seal လုပ်နိုင်တယ်။


Flying Thunder God Technique

ဒီလိုလုပ်နိုင်ခြင်းဟာ လဲ ရန်သူ့ နောက်က အလွယ် တကူ လိုက်နိုင်ပြီး အလွယ်တကူ ခြေရာခံပြီး တိုက်နိုင်ဖို့ အကူ အညီပေးပါတယ်။ လိုအပ်ရင် ကူညီပေးနိုင်အောင် Kushina's seal နဲ့ လဲ သူ နဲ့ ချိတ်ဆက်ထားပါတယ် တဲ့။
ခံစစ်အနေနဲ့ သုံးမယ်ဆိုရင်တော့ Minato ဟာ space–time barriers စီစဉ် အကွတ်ချပြီး Tailed Beast Ball, ကြီးမားတဲ့တိုက်ခိုက်မှု မျိုး ကို counter လုပ်ဖို့ သုံးပါတယ်။ counter လုပ်လိုက်ခြင်းအားဖြင့် ပေါက်ကွဲမှု ကြီးကို ရွာရဲ့ အဝေးအပြင် တစ်နေရာကို လွင့်စင်စေပါတယ်Minato ဟာ သူကိုသူ သာမက ပစ္စ ည်း တွေကိုပါ Teleport လုပ်နိုင်ပါတယ်။ Ninetail ကြီးကို အပါခေါ်သွားသလိုမျိုးပေါ့ ဒါပေမယ့် Ninetail ရဲ့ဧရာမ အတ္တဘော ကိုယ်ကြီးကြောင့် သူ့ရဲ့ Chakra တွေ အများကြီးကုန်ပါတယ်။

Sealing Jutsuများ : Nine-tailed Foxရဲ့ seal
Minatoဟာ sealingလုပ်တဲ့ fuuinjutsu လို့ခေါ်တဲ့ jutsu တွေကို ကောင်မွန်စွာ သဘောပေါက်နားလည်သူ တစ်ဦးဖြစ်ပါတယ်။ ဒါဟာလည်း Kushina ကိုယ်တိုင် Uzumaki clan ရဲ့ အများနဲ့မတူ တမူထူးခြားတဲ့ sealing jutsuတွေကို သင်ကြားပေးထားလို့ဖြစ်မယ်လို့ ယုံကြည်ရပါတယ်။ ဒါကြောင့်လည်း Minatoဟာ Dead Demon Consuming Sealရဲ့ အမြင့်ဆုံး စွမ်းရည်နဲ့ ထိန်းသိမ်းနိုင်စွမ်းကို ကောင်းစွာနားလည်ပြီး အဲ့ဒီ sealနဲ့ Nine Tailed Foxရဲ့ chakaraတွေ အကုန်လုံးကို shinigamiလို့ခေါ်တဲ့ Death God ရဲ့ အထဲမှာ seal လုပ်နိုင်မှာ မဟုတ်ဘူးလို့ အစကတည်းက သိနှင့်ပြီးသားဖြစ်ပါတယ်။ နောက်ပြီး Minato ဟာ သူ့ရန်သူရဲ့ summoning jutsu ကို သုံးလို့မရအောင် seal လုပ်နိုင်စွမ်းလည်း ရှိပါတယ် Contract Seal ( summoner နဲ့ summoned creature ကို ခွဲခြားပစ်တဲ့ seal ) ။ သူ့ရဲ့ fuuinjutsu ကျွမ်းကျင်ပိုင်နိုင်မှုကို ပြနိုင်တဲ့ အကောင်းဆုံး ဥပမာကတော့ Narutoကိုယ်ပေါ်မှာ သုံးသွားတဲ့ Four Symbols Sealနှစ်ခုကို ဆင့်ပြီး Eight Trigrams Sealing အဖြစ်တီထွင် လိုက်တဲ့ sealပဲ ဖြစ်တယ်လို့ ပြောရမှာပါ။ ဒါကြောင့်လည်း Nine-tailedရဲ့ chakaraအချို့ဟာ sealအပြင်ကို စိမ့်ထွက်နိုင်ပြီး Narutoရဲ့ chakaraနဲ့ ရောနိုင်ပြီး Naruto အရေးပေါ် အခြေအနေရောက်တိုင်း အထောက်အကူဖြစ်စေခဲ့တာပါ။ နောက်ပြီး Minatoဟာ သူနဲ့ Kushinaတို့ရဲ့ chakaraအချို့ကိုလည်း Naruto ကြီးလာလို့ Nine-tailed Fox နဲ့ ရင်ဆိုင်တွေ့ရတဲ့ အခါမှာ အကူအညီပေးနိုင်ဖို့ seal နဲ့ အတူတကွ ထည့်ထားပေးထားတာကိုလည်း တွေ့ရမှာပါ။

Kuchiyose no jutsu : ဆင့်ခေါ်ခြင်း Jutsuများ

Minato ငယ်ရွယ်စဉ် အခါတုန်းက ဆရာဖြစ်သူ Jiraiyaက ဖားတွေကို ဆင့်ခေါ်နိုင်တဲ့ Kuchiyose no Jutsuကို သင်ကြားပေးထားခဲ့ပါတယ်။ Minato ဟာ အဲ့ဒီ ဖားတွေထဲကမှ အကြီးဆုံး ဖြစ်တဲ့ Gamabuta ကို ဆင့်ခေါ်နိုင်ပြီး Gamabuta ကိုယ်တိုင်က လိုလိုလားလားနဲ့ တွဲဖက်ကူညီလေ့ရှိတဲ့ လူအနည်းအကျဉ်းထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ Minato နဲ့ Gamabutan ပေါင်းပြီး ရန်သူ့ အပေါ်ကို ရုတ်တရတ် summonလုပ်လိုက်တဲ့ Food Cart Destroyer Jutsuဟာဆိုရင်ဖြင့် Nine-tailed Foxလို စွမ်းအားရော အကောင်ရောကြီးပြီး အန္တရာယ်များတဲ့ ရန်သူတွေကိုတောင်မှ မလှုပ်နိုင်အောင် ချုပ်နိုင်တဲ့ techniqueတစ်ခုဖြစ်ပါတယ်။


Pain ရွာကိုဝင်စီးတဲ့ အချိန်နဲ့ Minatoဆက်စပ်မှု (ခေါင်းစဉ်ဘယ်လိုတပ်ရမလဲ စဉ်းစားမရလို့ XD)
Minatoဟာ Narutoအပေါ်မှာ ယုံကြည်မှု အပြည့်အ၀ထားသူတစ်ဦး ဖြစ်ပါတယ်။ အဲ စကားမစပ်ပြောရရင် Minatoဟာ animeနဲ့ mangaရဲ့ အစပိုင်းမှာ တော့ သေဆုံးသွားတဲ့ Konohaရွာရဲ့ Hero တစ်ယောက်အဖြစ်သာ မကြာခဏ ဖော်ပြခံရလေ့သာရှိပါတယ်။ နောက်ပိုင်းမှာတော့ နောက်ကြောင်းပြန်တဲ့ အပိုင်းတွေမှာ ရံဖန်ရံခါပါလာပြီး ဒီ Pain Arcရောက်မှ Story ရဲ့ အရေးပါတဲ့ အပိုင်းမှာ ၀င်ရောက် ပတ်သတ်လာတယ်လို့ ပြောလို့ရပါတယ်။ ဒါဟာ Painကို ကျေးဇူးတင်ရမှာပါ။ Painရဲ့ လုပ်ဆောင်မှု၊ အကြင်နာတရားကင်းစွာ မညှာမတာတိုက်ခိုက်မှုတွေကြောင့် နာကျဉ်းမှုတွေ ဖုံးလွှမ်းသွားတဲ့ Narutoဟာ Nine-tailed ရဲ့ Pain ကို ဗျင်းနိုင်မယ့် စွမ်းအားပေးမယ်ဆိုတဲ့ ဆွယ်တရားနောက် နားပါပြီး Nine-tailedရဲ့ sealကို ဆွဲခွာဖို့လုပ်နေတဲ့ အချိန်မှာ Minatoရဲ့ ပုံရိပ်က အချိန်မှီတားနိုင်ခဲ့ပါတယ်။ Minato က Nine-tailed ကို ထပ်တွေ့ရတာ သဘောသိပ်ကျပုံ မပေါ်ပေမယ့် Nine-tailedကြောင့်ပဲ သူ့သားနဲ့ နောက်တစ်ကြိမ် ပြန်တွေ့ခွင့်ရတာ ဖြစ်ကြောင်း ၀န်ခံပြောကြားခဲ့ပါတယ်။


Narutoကတော့ Minatoပြောတာကို ရိပ်ဖမ်းသံဖမ်း လေဖမ်းတရားနာပြီး သူ့အဖေဘယ်သူမှန်း သိသွားလို့ အပျော်ကြီး ပျော်နေခဲ့ပါတယ်။ Minato က Narutoနဲ့ အေးအေးဆေးဆေး စကားပြောလို ပေမယ့် သူလွတ်ချင်တာသာသိပြီး အလိုက်ကန်းဆိုးမသိတဲ့ Nine-tailedကတော့ Narutoကို သူ့ကို လွှတ်ပေးဖို့ အမဲသားတောင်းတဲ့ အရူးလို တဖွဖွပြောနေလို့ သားအဖ နှစ်ယောက်ခမျာ စကားကောင်းကောင်း မပြောရရှာပါဘူး (ကျွန်တော်သာဆို နှုတ်သီးဖြတ်ရိုက်ပစ်တယ်။ ဘယ့်နှယ့်ဗျာ။)။ ဒါကြောင့် စိတ်မရှည်တဲ့ Minatoဟာ Narutoကို သူ့အစွမ်းနဲ့ တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့ နေရာတစ်နေရာကို ခေါ်သွားပြီး အဖြစ်မှန် အချို့ကို ပြောပြလိုက်ပါတယ်။ Naruto ဟာ Minatoက သားအရင်းဖြစ်တဲ့ သူ့ကိုယ်ထဲမှာ Nine-tailedကို seal လုပ်ခဲ့တဲ့ လုပ်ရပ်ကို ဒေါသအကြီးအကျယ် ဖြစ်မိပါသေးတယ်။ Minatoက လည်း အဲဒီအတွက် တောင်းပန်ခဲ့ပါတယ်။ Narutoကလည်း သူ့အဖေကို တစ်ချက်တွယ်ပြီးတော့ လွယ်လွယ်ကူကူနဲ့ပဲ ခွင့်လွှတ်ခဲ့ပါတယ်။ နောက်ပြီး သူဟာ Fourth Hokageရဲ့ သားဖြစ်တဲ့ အတွက် ဒါကို အေးအေးဆေးဆေး ကိုင်တွယ်ဖြေရှင်းနိုင်မှာပါလို့ ပြောခဲ့ပါသေးတယ်။


ဒီလိုနဲ့ Minatoဟာ သူ့မှာ ကျန်တဲ့ Chakaraနဲ့ နေရမယ့် အချိန်သိပ်မကျန်တော့တဲ့ အတွက် Narutoကို ပြောစရာရှိတာလေတွေကို ခပ်မြန်မြန်ပြောပြသွားပါတယ်။ Jiraiya ကို Painသတ်သွာတဲ့ အကြောင်း၊ Konoha ကို Pain ဖျက်ဆီးသွားတာတွေကို Naruto ကိုယ်ထဲကနေ သူသိနေကြောင်းကို ပြောပြပါတယ်။ နောက်ပြီး Painဟာ သူရဲ့ငယ်စဉ်ဘ၀တုန်းက တွေ့ခဲ့ရတဲ့ အကြောက်တရားတွေကို အသုံးချပြီး စိတ်ပိုင်းဆိုင်ရာအားဖြင့် တစ်စုံတစ်ယောက်ရဲ့ ထိန်းချုပ်မှုကို ခံနေတာဖြစ်လောက်ကြောင်း သံသယ၀င်ခဲ့ပါတယ်။ ဒါဟာလည်း Konohaရွာကို ပျက်စီးစေလိုတဲ့ မျက်နှာဖုံးစွပ် Akatsuki ဂိုဏ်းသား ဖြစ်ကြောင်းကိုလည်း Narutoကို သတိပေးခဲ့ပါတယ်။ ဒါ့အပြင် လက်တုန့်ပြန်နေတဲ့၊ အမုန်းတရားကို လက်ဆင့်ကမ်းစေတဲ့ ဒီလိုမျိုး နင်ဂျာစနစ်ကြီး ရှိနေသမျှကာလပတ်လုံး စစ်ရဲ့သားကောင်တစ်ဖြစ်လဲ Painလိုမျိုးလူတွေ သက်ဆိုးရှည်နေမှာ ဖြစ်တယ်လို့ Narutoကို ပြောပြသွားပါတယ်။ ဒီလိုနဲ့ Minatoဟာ Narutoရဲ့ ၀မ်းဗိုက်ပေါ်က sealကို ပြန်ပြီး ခိုင်မာအောင် ပြုပြင်ပေးခဲ့ပြီး နောက်ဘ၀ကို မကူးခင် အချိန်မှာ သူ့အနေနဲ့ Narutoဟာ ဒီလို ဆိုးညစ်တဲ့ သတ်ဖြတ်မှု၊ ဖျက်ဆီးမှု သံသရာတွေကို အဆုံးသတ်နိုင်မယ့် လူတစ်ယောက်ဖြစ်တာကို ယုံကြည်ကြောင်းကို ထပ်လောင်းပြောဆိုပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။

အတိတ်သမိုင်းနှင့် ဆက်စပ်မှု
Third Hokage က Narutoကို ကာကွယ်စောင့်ရှောက်ဖို့ အစွမ်းရှိသမျှ ကာကွယ်ခဲ့ပေမယ့် လူတော်တော်များများ ကတော့ Narutoကို သာမန်လူတစ်ယောက်အနေနဲ့ မမြင်နိုင်ပဲ Nine-tailed Fox ကြီးရဲ့ ၀င်စားမှုတစ်ခုအဖြစ်နဲ့သာ ပစ်ပယ်ဆက်ဆံခဲ့ကြပါတယ်။ ဒီတော့ Third Hokage ကလည်း Nine-tailed ကြီး Konoha ရွာကို ၀င်ရောက်ဖျက်ဆီးခဲ့တာကို မမှတ်မိနိုင်လောက်အောင် ငယ်ရွယ်တဲ့ ကလေးတွေ Narutoကို အခြားလူကြီးတွေ မုန်းသလို မမုန်းရလေအောင် Nine-tailedကြီး အကြောင်းကို မပြောလေနှင့်ဆိုပြီး အမိန့်ချလိုက်လေတော့တယ်။ နောက်ပြီး Minatoရဲ့ ရန်သူတွေကနေ Narutoကို ကာကွယ်ပေးရအောင် Narutoရဲ့ မိသားစုနာမည်ကိုလည်း Namikaze လို့မပေးဘဲ အမေဖြစ်သူ Uzumaki Kushinaရဲ့ မိသားစုနာမည်ကိုပဲ အသုံးပြုခဲ့ပါတယ်(ကြည့်စမ်း အကြောင်းရင်းအမှန်က ဒီမှာကိုး)။ Third Hokage က မိဘတွေမရှိတဲ့အပြင် အားလုံးရဲ့ အပယ်ခံဖြစ်နေတဲ့ Narutoကို နေရထိုင်ရတာ အဆင်ပြေအောင် နောက်ကွယ်ကနေ အဖက်ဖက်က ပံ့ပိုးပေးခဲ့ပါတယ်။ ဒါတွေဟာ Narutoအနေနဲ့ သူ့မိဘတွေနဲ့ပတ်သတ်တဲ့ ကိစ္စတွေ၊ Konohaရွာရဲ့ အတိတ်သမိုင်းကြောင်းတွေကို မသိခဲ့ရရှာတဲ့ အကြောင်းရင်းတွေပဲဖြစ်ပါတယ်။

Minato သေဆုံးသွားတဲ့ အခါမှာ Sarutobi Hiruzen အနေနဲ့ Third Hokage နေရာကို တစ်ဖန်ပြန်လည် ထမ်းဆောင်ရရှာပြန်ပါတယ် (အသက်ကြီးမှကွယ်။)။ Minatoနဲ့ အဆင့်အတန်းချင်းတူတဲ့ Hokage တစ်ယောက်ကို ရှာဖွေရင်းပဲ Konohaရွာကြီးအတွက် အသက်ပေးသွားရပါတယ်။ Minatoကတော့ Konohaရွာအတွက် အသက်စွန့်သွားခဲ့တဲ့ သူရဲကောင်း၊ Konohaရွာရဲ့ အကြီးကျယ် အမြင့်မြတ်ဆုံးသော Ninja တွေထဲက တစ်ယောက်အနေနဲ့ အမှတ်ရခံခဲ့ရပါတယ်။ ရွာမှာ ပြဿနာ အကြီးအကျယ် ပေါ်ပြီဆိုတာနဲ့ ရွာသားတွေမှာ Minatoကိုပဲ ပြေးပြီး သတိရကြ၊ လွမ်းကြရတာဖြစ်ပါတယ်။ ရွာသားတွေ ကလည်း Nine-tailedကြီး ၀င်မွှေသွားတဲ့ ညအကြောင်းကို Minato ဘာမှ ပြန်ပြောမသွားနိုင်တဲ့အတွက် ကိုယ့်အတွေးနဲ့ ကိုယ်သာသောက်သုံး ဟုတ်ပေါင် ကိုယ်တွေးချင်တာတွေးပြီး Narutoကိုသာ အပြစ်တွေပုံချထားသတဲ့ကွယ် (ပုံပြောပြမယ်။ နားထောင် :P)။ Jiraiyaအနေနဲ့လည်း Narutoကိုယ်ထဲကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲနဲ့ Minatoတစ်ယောက် Nine-tailedကြီးကို seal လုပ်မှာ မဟုတ်တဲ့အကြောင်း ယုံကြည်တဲ့အပြင်၊ Narutoအနေနဲ့ နောင်တစ်ချိန်မှာ Nine-tailedကို ထိန်းချုပ်နိုင်အောင် ရည်ရွယ်ခဲ့တယ်လို့ပဲ ယုံကြည်ပါတယ်။ ဒါပေမယ့်လည်း ကျေနပ် နှစ်သိမ့်နိုင်မယ့် အဖြေကိုတော့ Jiraiyaလည်းမပေးနိုင်ခဲ့ပါဘူး။

Narutoခမျာမှာတော့ Minatoနဲ့ သူရဲ့ ဆက်နွယ်မှုကို မသိတဲ့ အချိန်ကတည်းက Fourth Hokageကို ရွာအတွက် အသက်စွန့်သွားခဲ့တဲ့ သူရဲကောင်းတစ်ယောက်အနေနဲ့ လေးစားခဲ့ရသူ ဖြစ်ပါတယ်။ သူဘယ်လောက်တောင် Minatoကို လေးစားအားကျသလဲဆိုရင် Tsunadeက Fourthကို မကောင်းပြောတဲ့ အခါမှာ ဒေါသထွက်တာကိုတွေ့ရပြီး Jiraiya၊ Kakashiတို့က သူ့ကို Fourthနဲ့တူတယ်လို့ ပြောရင်(တူမှာပေါ့။ ဒီ ဥကပဲပေါက်တာကိုး :P။) အပျော်လွန်တဲ့ အထိပါပဲ။ Jiraiyaနဲ့ trainingသွားဖို့ Konoha ကနေ ထွက်သွားတုန်းကလည်း Fourth ရဲ့ မျက်နှာကြီးကို ကြည့်ပြီး သူ့ကို ကြည့်ရှု စောင်မဖို့အတွက် တောင်းဆိုခဲ့ပါသေးတယ်။(မ, လိုက်မှဖြင့် :P)။ နောက်ပြီး ဖုံးကွယ်ထားတဲ့ အမှန်တရားကို သိသွားတဲ့နောက်မှာ Narutoဟာ သူ့ အဖေကိုယ်တိုင်က သူ့ကိုယ်ထဲမှာ Nine-tailed ကြီးကို sealလုပ်ခဲ့တာကို လျစ်လျှူရှုပြီး Fourth Hokageရဲ့ သားဖြစ်ရတာကိုပဲ ဂုဏ်ယူနေတာကိုတွေ့ရပါတယ်။ (Fourth ခမျာလည်း အွတ် ခနဲနေအောင် အရှိုက်ကို အကျွေးခံရပါသေးတယ်။)


စိတ်နေသဘောထားပုံစံ
Jiraiyaနဲ့ Tsunadeတို့ရဲ့ ပြောပုံအရဆိုရင်တော့ Narutoဟာ ပုံပန်းသွင်ပြင်အရ Minatoနဲ့ တော်တော်တူပေမယ့် စိတ်နေစိတ်ထားကတော့ Kushinaနဲ့ ထပ်ထူနီးနီးတူတယ်လို့ လက်ခံရမှာပါ။(dattebayo ,dattebane ဆိုတာဘဲကြည့် )Narutoဟာ အမြဲတမ်း အသံကျယ်ကျယ်နဲ့ တက်တက်ကြွကြွနေတတ်ပြီး တစ်ခုခုသင်ရင်တော့ တော်တော်ကြာကြာသင်ယူရပါတယ်။ အားမနာတမ်းပြောရရင် ထုံတယ်ပေါ့နော်။ Minatoကတော့ ဘာလုပ်လုပ် တည်တည်ငြိမ်ငြိမ် စနစ်ကျကျနဲ့ ထက်ထက်မြက်မြက်ရှိတယ်ပေါ့ဗျာ။ နောက်ပြီးသူ့ကို သူ့ရန်သူတွေ သူ့ကိုဘယ်လောက်ရှိန်ကြောင်းကို သူ ကောင်းကောင်းသိတယ်။ Minato့ အနီးအနားဝန်းကျင်က လူတွေကတော့ သူကို အရမ်းလေးစားကြပါတယ်။ နောက်ပြီးသူဟာ သူများရဲ့ အတိတ်ကြောင်းတွေကို မလိုအပ်ပဲ မပြောတတ်တာတွေကြောင့် စိတ်ထားကောင်းတဲ့ လူတစ်ယောက်လို့ အများရဲ့သတ်မှတ်ခြင်းကို ခံထားရသူပါ။

Minatoဟာ သူ့ရဲ့ မိန်းမနဲ့ ကလေးကိုလည်း အရမ်းချစ်တဲ့ လူတစ်ယောက် ဖြစ်မှန်းသိသာပါတယ်။ Naruto ကိုမွေးတဲ့အချိန်ကို ပြန်ကြည့်ရအောင်။ ကလေးမွေးချိန်မှာ နာကျင်နေတဲ့ Kushinaကိုကြည့်ပြီး နေမထိ ထိုင်မသာဖြစ်နေတာတွေ၊ သူ့သားလေးလောကထဲရောက်လာချိန်မှာ ၀မ်းသာမျက်ရည်ကျတာတွေကို ကြည့်လိုက်ရင် Minatoရဲ့ မိသားစုပေါ်မှာထားတဲ့ ကြီးမားတဲ့ မေတ္တာတရားကို မျက်ဝါးထင်ထင်တွေ့နိုင်မှာပါ။ သူဟာ စာဖတ်ဝါသနာပါသူတစ်ဦး ဖြစ်တဲ့အပြင် သူ့ရဲ့ဆရာဖြစ်တဲ့ Jiraiyaရဲ့ စာတွေကိုတော့ အထူးနှစ်သက်ပါတယ်တဲ့ခင်ဗျား။(ဆရာစဉ်ဆက်ကို ၀ါသနာမသေးတာပါဗျာ :P။)

Jiraiyaကပြောဖူးပါတယ်။ Minatoဟာ အကင်းပါးပြီး ကိစ္စတစ်ခုကို အကြောင်းပြချက်တစ်ခု မရှိပဲဘယ်တော့မှ မလုပ်တတ်တဲ့သူပါတဲ့။ သူဟာ နင်ဂျာလောကမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သတ်ပြီး ဗဟုသုတတော်တော်ကြွယ်ဝတဲ့သူ ဖြစ်တယ်ဆိုတာကိုလည်း Uchiha Madara တစ်ယောက်တည်းသာလျှင် Konoha မှာ Nine-tailed Fox ကို ထိန်းချုပ်ပြီး တိုက်ခိုက်နိုင်တဲ့ အစွမ်းနဲ့ အကြောင်းပြချက်ရှိနိုင်တယ်လို့ Madara (Tobi ဘဲခေါ်မလား )နဲ့ တိုက်ပွဲဖြစ်နေတဲ့ တစ်ခဏအတွင်းမှာ ကောက်ချက်ချနိုင်ခဲ့တာကို ကြည့်ပြီး ပြောနိုင်ပါတယ်(မှန်လား၊ မှားလားတော့မသိ)။

Minatoဟာ ဘာဖြစ်လို့ထင်ပေါ်ခဲ့လည်းဆိုရင်ဖြင့် သူ့ရဲ့ မယိုင်မနဲ့ ခိုင်မြဲတဲ့ စိတ်ဆုံးဖြတ်ချက်၊ မယုံနိုင်လောက်အောင် ကြီးမားတဲ့ စွမ်းအားတို့ကြောင့်ဖြစ်နိုင် ပါတယ်။ ဒီ qualityတွေကို Naruto ထံမှာလည်းတွေ့နိုင်မှာပါ။(မျိုးရိုးပေါ့လေ) နောက်ထပ် Narutoဟာ အဖေတူသားဖြစ်ကြောင်း ပြနိုင်တဲ့ အချက်ကတော့ Minatoဟာလည်း ငယ်စဉ်တုန်းကတည်းက တစ်ရွာလုံးရဲ့ အသိအမှတ်ပြုတာကို ခံချင်ပြီး ကြီးကျယ်မြင့်မြတ်တဲ့ Hokage ဖြစ်ချင်တဲ့စိတ်ရှိတာပါပဲ။ သူ့ရဲ့ရွာ အပေါ်မှာ မြှုပ်နှံထားတဲ့ချစ်ခြင်း၊ သူ့ရဲ့ သူငယ်ချင်းတွေအပေါ်ထားတဲ့ စစ်မှန်တဲ့ မေတ္တာ စတာတွေကြောင့် တစ်ရွာလုံးရဲ့ ချစ်ခင်မှုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကိုယ့်အဖေအရင်းကိုယ်တိုင်က ဒီ Tailed-beastကြီးကို ငါ့အထဲ sealလုပ်သွားပါလားဆိုပြီး Naruto နာကျင်ခံစားရမှာကို လည်း ကြိုတွေးပေးနိုင်ပြီး နားလည်ပေးနိုင်သူတစ်ဦးဖြစ်ပါတယ်။စာရင်းချုပ်ရyရင်တော့ Minatoဟာ အဘက်ဘက်က ပြည့်စုံပြီး ခေါင်းဆောင်ကောင်း၊ ခင်ပွန်းကောင်း၊ ဖခင်ကောင်းပီသတဲ့ Konoha ရွာရဲ့ စံပြ Hokage ဖြစ်ပါတယ်လို့ပဲ ပြောချင်ပါတယ်။

No comments:

Post a Comment