၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ မန်ဂ Kanojo wa Uso o Aishisugiteru ကို Live-Action အဖြစ်ပြန်လည်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင် The Liar and His Lover (Kanojo wa Uso o Aishisugiteru) ဟာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး ရှုပ်ထွေးတဲ့ ဂီတလျှောက်လမ်းမှာဘဝကိုငြီးငွေ့နေသူ ပါရမီရှင် တေးရေးဆရာ Aki နဲ့ သီချင်းဆိုရတာကို ရူးသွပ်တဲ့ အသံပါရမီရှင်လေး Riko တို့ရဲ့အချစ်ဇာတ်လမ်းလေးကိုဇာတ်အိမ်တည်ထားပါတယ်။
Boruto: Naruto the Movie (2015) မြန်မာစာတန်းထိုး (720P ဂျပန်အသံထွက်)
Boruto the Movie ဟာ Naruto ဇာတ်လမ်းတွဲရဲ့ ၁၁ကားမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး၊ ၂၀၁၄ခုနှစ် The Last ဇာတ်ကားရဲ့ တိုက်ရိုက်အဆက်လည်း ဖြစ်ပါတယ်။ မူရင်းဖန်တီးရှင် Kishimoto Masashi ကိုယ်တိုင်ရေးသားထားတဲ့ ဒီဇာတ်ကားဟာ မူလရုပ်ပြမန်ဂဇာတ်လမ်းရဲ့ ဇာတ်သိမ်းပိုင်း နောက်ဆက်တွဲဖြစ်လို့ မန်ဂဇာတ်သိမ်းပိုင်း ဒါမှမဟုတ် The Last ဇာတ်ကားကို အရင်ကြည့်ဖူးထားရင်တော့ ပိုကောင်းပါလိမ့်မယ်။
Time Traveller : The Girl Who Leapt Through Time (Toki o kakeru shoujo) မြန်မာစာတန်းထိုး
ဒီဇာတ်ကားလေးက Sci-fi ကားလေး ဆိုပေမယ့် တခြား Sci-fi တွေလို ရှုပ်ယှက်ခက်နေတဲ့ကားတော့ မဟုတ်ပါဘူး။ ဒရာမာကားစစ်စစ်ပါ။
ဒီဇာတ်ကားက Tsutsui Yasutaka ရေးခဲ့တဲ့ နာမည်ကျော်ဝတ္ထု "Toki o kakeru shoujo" ရဲ့အဆက်ဖြစ်ပါတယ်။ ဝတ္ထု ကလည်း စီးရီးပေါင်း၊ ရုပ်ရှင်ပေါင်း၊ အနိမဲ၊ မန်ဂ များစွာထွက်ရှိထားတဲ့ ဒိတ်ဒိတ်ကြဲ ဝတ္ထုပါ။ ဇာတ်လိုက်မင်းသမီး Naka Riisa ဆိုရင်လည်း 2006 က ထုတ်ခဲ့တယ့် Toki o kakeru shoujo ဆိုတဲ့ အနိမဲ မှာလည်း ဇာတ်လိုက်မင်းသမီး အဖြစ်ပဲ အသံသရုပ်ဆောင်ခဲ့ဖူးပါတယ်။
Bakuman Live-action မြန်မာစာတန်းထိုး
ကျွန်တော်တို့ နှစ်သက်တဲ့ ဂျပန်မန်ဂရုပ်ပြတွေ စာမျက်နှာပေါ်ရောက်လာပုံရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တွေကို ရှုစားရမယ့် ရုပ်ရှင်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ Bakuman ဇာတ်ကားဟာ Ohba Tsugumi နဲ့ Obata Takeshi တို့ရေးဆွဲတဲ့ နာမည်ကျော် မန်ဂဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး၊ သူတို့နှစ်ယောက်ဟာ မြန်မာပရိသတ်များအသည်းကျော် Death Note ဇာတ်လမ်းတွဲရဲ့ ဖန်တီးရှင်တွေလည်း ဖြစ်ပါတယ်။
The Eternal Zero မြန်မာစာတန်းထိုး ရုပ်ရှင်
The Eternal Zero (Eien no Zero) ဟာ ဒါရိုက်တာ Yamazaki Takashi ရိုက်ကူးပြီး၊ ၂၀၁၃ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ ဂျပန် စစ်-ဒရာမာ ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ Hyakuta Naoki ရဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာတော့ စစ်ကြီးပြီးခါနီးမှာ မဟာမိတ်သဘောင်္တွေဆီ စစ်လေယာဉ်တွေနဲ့ အသေခံဝင်တိုက်ခဲ့တဲ့ ခါမိခါဇဲ (Kamikaze) တိုက်ခိုက်မှုအကြောင်းကို အဓိကထားပြီး၊ ဇာတ်လမ်းဆင်ထားပါတယ်။
OST Songs Review (The Liar and His Lover)
၂၀၀၉ ခုနှစ်က
and His Lover (Kanojo wa Uso o Aishisugiteru) ဟာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ
ထွက်ရှိခဲ့တာ ဖြစ်ပြီး ထွက်ရှိခဲ့တဲ့ Manga Kanojo wa Uso o Aishisugiteru ကို
Live-Action အဖြစ်ပြန်လည်ရိုက်ကူးခဲ့တဲ့ Film The Liar Kenshin မင်းသားချော Satoh
Takeru နဲ့ MUSH & Co အဖွဲ့ရဲ့ အဆိုတော် တက်သစ်စ သရုပ်ဆောင် ကောင်မလေး Ohara
Sakurako တို့ အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းကိုက ဂီတကို အစပြုထားတဲ့ အချစ်ဇာတ်လမ်းဖြစ်တာကြောင့်
ဇာတ်ဝင်တေး အင်အား တောင့်တောင့်တင်းတင်းပါဝင်တာ တွေ့ရပါတယ်။
Control Tower မြန်မာစာတန်းထိုး
High School ဒရာမာချစ်သူတွေအတွက် အခုတစ်ခါမှာတော့ Control Tower ဆိုတဲ့ ရုပ်ရှင်ကားလေးကို တင်ပေးလိုက်ပါတယ်။
ဒီ ရုပ်ရှင်လေး ထူးခြားတာကတော့ ဇာတ်လမ်းဖြစ်ပေါ်လာပုံပါပဲ။ Anohana/Haikyuu/Mobile Suit Gundam AGE အစရှိတာတို့ရဲ့ အဖွင့်/အပိတ် သီချင်းတွေသီဆိုထားတဲ့ Galileo Galilei အဖွဲ့ဟာ အာနိမဲ သီချင်းတွေ နားဆင်သူတွေအတွက်တော့ မစိမ်းတဲ့ အဖွဲ့တစ်ဖွဲ့ပဲ ဖြစ်ပါတယ်။၂၀၀၈ ခုနှစ်က Hokkaido ခရိုင် Wakkanai က လူငယ်အဖွဲ့လေး Galileo Galilei က Teenage Talent Festival Senkou Riot ကို အနိုင်ရရှိခဲ့ပါတယ်။
Flying Colors မြန်မာစာတန်းထိုး
ကျောင်းသူကျောင်းသားများ ဒါမှမဟုတ် စာမေးပွဲတစ်ခုခုဖြေစရာရှိသူများအတွက် ရုပ်ရှင်ကြည့်လိုက်ရုံနဲ့ ကြိုးစားချင်စိတ် motivation တွေ တဖွားဖွားပေါ်လာစေမယ့် ဂျပန်ရုပ်ရှင်ဇာတ်ကားလေးတစ်ကားပါ။ ဂျပန်ပြည်တွင်းမှာတော့ Biri Gyaru (ဘိတ်ချီးကောင်မလေး) လို့အမည်ရတဲ့ ဒီဇာတ်ကားလေးဟာ ၂၀၁၅ခုနှစ်မှာ ဒါရိုက်တာ Doi Nobuhiro ကနေ ကျူရှင်ဆရာတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဝတ္ထုကိုအခြေခံရိုက်ကူးထားတဲ့ ဘဝဟာသဇာတ်ကားတစ်ကား ဖြစ်ပြီး၊ ဂျပန် Box office မှာ နံပါတ်တစ်ချိတ်ခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ Gyaru ဆိုတာကတော့ ဂျပန်ဖက်ရှင် ၊ music ပိုင်းနဲ့ ရင်းနှီးသူတွေအတွက် ခဏခဏကြားဖူးနေပါလိမ့်မယ်။ Gal(Girl) ဆိုတာက ဂျပန်အသံထွက်နဲ့ slang ပုံစံသုံးကြရာက တွင်ကျယ်လာတဲ့ ဒီစကားလုံးဟာ သုံးနှုန်းပုံဖွင့်ဆိုချက်တွေ၊ အမျိုးအစားတွေအများကြီးရှိပေမယ့် ဒီမှာနားလည်ရလွယ်အောင်လို့ အလှအပအရမ်းဦးစားပေးပြီး၊ ခေတ်ပေါ်ဖန်စီရှုပ်ရှုပ်ယှက်ယှက်တွေအများကြီးဆင်ယင်ထားတဲ့၊ ကလေးဆန်တဲ့ခေတ်ကောင်မလေး လို့ပဲ ဆိုကြပါစို့။
Parasyte Live-action အပိုင်း(၁+၂) မြန်မာစာတန်းထိုး
Parasyte ဟာ Iwaaki Hitoshi ရဲ့ ၁၉၈၈ခုနှစ်ကနေ ၁၉၉၅ခုနှစ်ထိ အခန်းဆက်ရေးသားခဲ့တဲ့ Sci-fi horror မန်ဂဇာတ်လမ်းတွဲဖြစ်ပြီး၊ ဇာတ်လမ်းရဲ့ ထူးခြားတဲ့တင်ပြပုံနဲ့ body horror ကို အသားပေးဖော်ပြမှုကြောင့်နာမည်ကြီးတဲ့ မန်ဂဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခဲ့မှုကြောင့် အမေရိက နဲ့ နိုင်ငံတကာမှာ အတော်လေးအောင်မြင်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ ၂၀၁၄ခုနှစ်မှာတော့ ဇာတ်ခုံပေါ်တစ်ဖန်ပြန်တက်လာခဲ့ပါတယ်။ ၂၀၁၄ခုနှစ်မှာ TOHO ကနေ အပိုင်း၂ပိုင်းပါဝင်တဲ့ Live-action ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးရုံတင်ဖို့ ကြေညာခဲ့ပြီး၊ ၂၀၁၄ ခုနှစ်ထဲမှာပဲ MADHOUSE စတူဒီယိုကနေ ရိုက်ကူးတဲ့ Anime ရုပ်သံဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသခဲ့ပါသေးတယ်။
No Longer Heroine (Heroine Shikkaku) မြန်မာစာတန်းထိုး
မန်ဂဆရာ Momoko Koda ရဲ့ အောင်မြင်ခဲ့တဲ့ Shojo မန်ဂ Heroin Shikkaku (No Longer Heroine) ကို Live Action အဖြစ်ပြန်လည် ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်လေးကတော့ သာမန် အထက်တန်းကျောင်းသားအချစ်ဇာတ်လမ်းတွေလိုပဲဆိုပေမယ့် အဓိကဇာတ်ကောင် မင်းသမီး Hatori ရဲ့ ရယ်စရာဟာသ ဇာတ်ကောင် ကြောင့် ကြည့်ရတာတစ်မူထူးပြီး ဇာတ်လမ်းကောင်းတဲ့ရုပ်ရှင်လေးတစ်ခုဖြစ်ပါတယ်။
Hikaru no Go
Genre - Comedy, Game, Shounen, Supernatural
ဒီ anime ဟာ Go ဂိမ်းကို အခြေခံထားပြီး ဆွဲထားတဲ့ anime ဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုတော့ Hotta Yumi ရေးသားခဲ့ပြီး ပုံဆွဲတာကိုတော့ နောက်ပိုင်းမှာ Dead Note ၊ Bakuman စတဲ့ manga တွေနဲ့ နာမည်ကြီးလာမယ့် mangaka ဖြစ်တဲ့ Obata Takeshi က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၈ ကနေ ၂၀၀၃ ခုနှစ်အထိ အပတ်စဉ် Shounen Jump မှာ ပါခဲ့တဲ့ manga ဖြစ်ပါတယ်။ Anime ကတော့ ၂၀၀၁ ကနေ ၂၀၀၃ အထိ ထုတ်လွှင့်ခဲ့ပြီး အပိုင်း ၇၅ ပိုင်းရှိပါတယ်။ Manga ဟာလည်း အင်မတန် နာမည်ကြီးခဲ့ပြီး အုပ်ရေ ၂၅ မီလျံလောက် ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၂၀၀၀ ခုနှစ်မှာ "Shogakukan Manga Award" ဆု ၊ ၂၀၀၃ ခုနှစ်မှာ "Tezuka Osamu Cultural Prize" စတဲ့ ဆုတွေ ဆွတ်ခူးခဲ့တဲ့ manga လည်း ဖြစ်ပါတယ်။ ဒါတင်မက Hikaru no Go anime ရဲ့ အောင်မြင်မှုကြောင့် ဂျပန်နိုင်ငံတစ်ဝန်းမှာ ရှေးခေတ်ရင်ကျေးမှုအမွေလို့ ဆိုနိုင်တဲ့ Go ဂိမ်းဟာ လူငယ်လူရွယ်တွေကြားမှာ အသစ်တစ်ဖန် ပြန်လည် ရေပန်းစားလာခဲ့ပါတယ်။
ဒီ anime ဟာ Go ဂိမ်းကို အခြေခံထားပြီး ဆွဲထားတဲ့ anime ဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုတော့ Hotta Yumi ရေးသားခဲ့ပြီး ပုံဆွဲတာကိုတော့ နောက်ပိုင်းမှာ Dead Note ၊ Bakuman စတဲ့ manga တွေနဲ့ နာမည်ကြီးလာမယ့် mangaka ဖြစ်တဲ့ Obata Takeshi က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၈ ကနေ ၂၀၀၃ ခုနှစ်အထိ အပတ်စဉ် Shounen Jump မှာ ပါခဲ့တဲ့ manga ဖြစ်ပါတယ်။ Anime ကတော့ ၂၀၀၁ ကနေ ၂၀၀၃ အထိ ထုတ်လွှင့်ခဲ့ပြီး အပိုင်း ၇၅ ပိုင်းရှိပါတယ်။ Manga ဟာလည်း အင်မတန် နာမည်ကြီးခဲ့ပြီး အုပ်ရေ ၂၅ မီလျံလောက် ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၂၀၀၀ ခုနှစ်မှာ "Shogakukan Manga Award" ဆု ၊ ၂၀၀၃ ခုနှစ်မှာ "Tezuka Osamu Cultural Prize" စတဲ့ ဆုတွေ ဆွတ်ခူးခဲ့တဲ့ manga လည်း ဖြစ်ပါတယ်။ ဒါတင်မက Hikaru no Go anime ရဲ့ အောင်မြင်မှုကြောင့် ဂျပန်နိုင်ငံတစ်ဝန်းမှာ ရှေးခေတ်ရင်ကျေးမှုအမွေလို့ ဆိုနိုင်တဲ့ Go ဂိမ်းဟာ လူငယ်လူရွယ်တွေကြားမှာ အသစ်တစ်ဖန် ပြန်လည် ရေပန်းစားလာခဲ့ပါတယ်။
Subscribe to:
Posts (Atom)