-->

OST Songs Review (The Liar and His Lover)


၂၀၀၉ ခုနှစ်က and His Lover (Kanojo wa Uso o Aishisugiteru) ဟာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး ထွက်ရှိခဲ့တဲ့ Manga Kanojo wa Uso o Aishisugiteru ကို Live-Action အဖြစ်ပြန်လည်ရိုက်ကူးခဲ့တဲ့ Film The Liar Kenshin မင်းသားချော Satoh Takeru နဲ့ MUSH & Co အဖွဲ့ရဲ့ အဆိုတော် တက်သစ်စ သရုပ်ဆောင် ကောင်မလေး Ohara Sakurako တို့ အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းကိုက ဂီတကို အစပြုထားတဲ့ အချစ်ဇာတ်လမ်းဖြစ်တာကြောင့် ဇာတ်ဝင်တေး အင်အား တောင့်တောင့်တင်းတင်းပါဝင်တာ တွေ့ရပါတယ်။
ဇာတ်လမ်း အစအဆုံး ပါ ဝင်ခဲ့တဲ့ သီချင်းတွေကတော့
1.Insecticide – CRUDE PLAY
2.Ashita Mo – MUSH & Co
3.Sayonara no Junbi wa Moudekiteita – CRUDE PLAY
4.Sotsugyo – CRUDE PLAY
5.Chippokena Ai no Uta - Satoh Takeru & Ohara Sakurako
ဒီ ၅ ပုဒ်ထဲကမှ ဇာတ်လမ်းအတွက် အဓိက ထောက်ပံ့ခဲ့တဲ့ ၃ ပုဒ်ကို ထပ်ဆင့် ညွှန်းလိုက်ပါတယ်။

1.Ashita Mo – MUSH & Co
          ဒီသီချင်းလေးက ဇာတ်လမ်းထဲမှာ ရော တကယ် အပြင်မှာပါ မင်းသမီး Ohara Sakurako ရဲ့ Debut သီချင်းပဲ ဖြစ်ပါတယ်။ သီချင်းကို တေးရေး Kameda Seiji က ရေးစပ်ထားခဲ့တာ ဖြစ်ပြီး Origin PV ထဲမှာလည်း Band နဲ့ သီဆို ပုံကိုပဲ ရိုက်ကူးထားပါတယ်။ စာသားအကြောင်းအရာကတော့ မနက်ဖြန်ဆိုတာကို ဘယ်သူမှ ကြိုမသိနိုင်တဲ့ အတွက် အကောင်းဆုံး မျှော်လင့်ချက်တွေနဲ့ ဘဝကို ဖြတ်သန်းဖို့ စာသားတွေပဲ ဖြစ်ပါတယ်။ Ohara Sakurako ရဲ့ ကြည်လင် တဲ့ အသံနဲ့ သီဆိုထားတာ နားထောင်လို့ ကောင်းတဲ့ မမြူးလွန်း မအေးလွန်း သီချင်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
Film Time : 01:41:00 ~ 00:44:00
               


2.Sotsugyo – CRUDE PLAY
          ဒီသီချင်းကျတော့ ဇာတ်လမ်းမှာ CRUDE PLAY အဖွဲ့ရဲ့ ပထမဆုံး သီချင်း ၊ တေးရေး Aki (Satou Takeru) ရဲ့ Master Piece သီချင်းနေရာ အဖြစ် ပါဝင်ပါတယ်။ ဇာတ်လမ်း အလယ်လောက်မှာလည်း မင်းသမီးက ဒီသီချင်းကို Aki ရဲ့ တီးခတ်မှုနဲ့ သီဆိုထားပါတယ်။ သီချင်းက Rock မြူးမြူးလေးဖြစ်ပြီး လိုက်ဆိုလို့ ကောင်းပါတယ်။ ကျောင်းသားတို့ရဲ့ ပြန်မရနိုင်တော့တဲ့ ပျော်ရွှင်စရာ ကျောင်းတတ်တဲ့ နေ့ရက်တွေ အကြောင်း သီဆိုထားထားတဲ့ Graduation သီချင်းကောင်း တစ်ပုဒ်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းထဲက Riko (Ohara Sakurako) ရဲ့ Acoustic Version ကလည်း နားထောင်လို့ ကောင်းပါတယ်။
Film Time : 00:33:00 ~ 00:34:00
                00:56:00 ~ 00:59:00


3. Chippokena Ai no Uta - Satoh Takeru & Ohara Sakurako
          ဇာတ်လမ်းတစ်လျှောက်အကောင်းဆုံး သီချင်းဖြစ်ပြီး ဇာတ်လမ်းအရ တေးရေး Aki က မင်းသမီး Riko အတွက် ရေးစပ်ပေးခဲ့တဲ့ သီချင်းဖြစ်ပြီး ဇာတ်သိမ်းပိုင်းမှာမှ သီဆိုခဲ့တာ ဖြစ်ပါတယ်။ သီချင်းက အေးအေးလေးနဲ့ နားထောင်လို့ ကောင်းသလို စာသားတွေကလည်း ဇာတ်လမ်းထဲက Aki ရဲ့ ခံစားချက် အားလုံးကို သီချင်းတစ်ပုဒ်ထဲနဲ့ တင် ရေးစပ်ထားတာ ဇာတ်သိမ်းနေရာနဲ့ စာသား အတော် လိုက်ဖတ်မှု ရှိပါတယ်။ ရုပ်ရှင်ကပြီးသွားလို့ စာတန်းထိုးနေပေမယ့် သီချင်းလာနေလို့ မပိတ်လိုက်နိုင်အောင် စာသားလေးတွေက ထိမိပါတယ်။ အစပိုင်းမှာ Aki က ဂစ်တာ တီးခတ်ပြီး Riko က သီဆိုဟန်နဲ့ စတင်ထားပြီး နောက်ပိုင်း တီးလုံး မြိုင်မြိုင်လေးတွေနဲ့ သီချင်းကောင်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။
Film Time : 01:48:00 ~ 01:54:00
         


The Liar and His Lover (Kanojo wa Uso o Aishisugiteru) Drama Film ဟာ ဇာတ်လမ်းကောင်းရုံသာ မက ပါဝင်တဲ့ ဇာတ်ဝင်တေးတွေကလည်း နားထောင်ကောင်းတာမို့ တေးချစ်သူတွေ အတွက်ပါ အကြိုက်တွေ့စေမှာ လို့ ဆိုချင်ပါတယ်။ 

No comments:

Post a Comment