-->

Bakuman Live-action မြန်မာစာတန်းထိုး


ကျွန်တော်တို့ နှစ်သက်တဲ့ ဂျပန်မန်ဂရုပ်ပြတွေ စာမျက်နှာပေါ်ရောက်လာပုံရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တွေကို ရှုစားရမယ့် ရုပ်ရှင်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ Bakuman ဇာတ်ကားဟာ Ohba Tsugumi နဲ့ Obata Takeshi တို့ရေးဆွဲတဲ့ နာမည်ကျော် မန်ဂဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး၊ သူတို့နှစ်ယောက်ဟာ မြန်မာပရိသတ်များအသည်းကျော် Death Note ဇာတ်လမ်းတွဲရဲ့ ဖန်တီးရှင်တွေလည်း ဖြစ်ပါတယ်။ 

ဒီဇာတ်လမ်းရဲ့ အဓိက Theme ကတော့ မူရင်းဖန်တီးရှင်နှစ်ယောက်ရဲ့ Death Noteနဲ့ Bakuman ကို အခန်းဆက်ဖော်ပြခဲ့တဲ့ ဂျပန်နိုင်ငံ နံပါတ်တစ် မန်ဂမဂ္ဂဇင်း Weekly Shonen JUMP နဲ့ သူ့ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ Friendship၊ Effort၊ Victory ဆိုတဲ့အပေါ် အခြေခံထားပါတယ်။ အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Mashiro Moritaka နဲ့ Takagi Akito တို့အဖြစ် Satoh Takeru နဲ့ Kamiki Ryunosuke တို့ပါဝင်ထားပါတယ်။ လက်ရှိဂျပန်မှာ လျှမ်းလျှမ်းတောက်လူငယ်သရုပ်ဆောင်တွေဖြစ်တဲ့ သူတို့နှစ်ယောက်ထဲမှာမှ Satoh Takeru ကိုတော့ ဒီကပရိသတ်များ Kenshin အဖြစ် အထူးလူသိများကြမှာ ဖြစ်ပါတယ်။ Kamiki Ryunosuke ကိုယ်တိုင်လည်း Ruroni Kenshin နောက်ဆက်တွဲဇာတ်ကားနှစ်ကားမှာ Kenshin ရဲ့ အဓိကဓားရေးပြိုင်ဘက်ရန်သူ Soujiro အဖြစ် ပါဝင်ထားပါသေးတယ်။ (ဒီကားမှာတော့ ရန်သူတွေမဟုတ်တော့ပဲ သိပ်ချစ်ကြတဲ့ ဘော်ဒါတွေပေါ့နော်)
ဒီဇာတ်ကားအတွက် လောလောဆယ် English Subtitle တောင် မထွက်သေးတဲ့အတွက် ဦးဦးဖျားဖျား မြန်မာစာတန်းထိုးနဲ့ ကြည့်လိုက်ကြပါဦး။

Bakuman Live-action မြန်မာစာတန်းထိုး ရုပ်ရှင်ဒေါင်းလုပ်ရန်
Google Drive Link (733MB)
https://drive.google.com/open…

No comments:

Post a Comment