-->

The Eternal Zero မြန်မာစာတန်းထိုး ရုပ်ရှင်




The Eternal Zero (Eien no Zero) ဟာ ဒါရိုက်တာ Yamazaki Takashi ရိုက်ကူးပြီး၊ ၂၀၁၃ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ ဂျပန် စစ်-ဒရာမာ ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ Hyakuta Naoki ရဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာတော့ စစ်ကြီးပြီးခါနီးမှာ မဟာမိတ်သဘောင်္တွေဆီ စစ်လေယာဉ်တွေနဲ့ အသေခံဝင်တိုက်ခဲ့တဲ့ ခါမိခါဇဲ (Kamikaze) တိုက်ခိုက်မှုအကြောင်းကို အဓိကထားပြီး၊ ဇာတ်လမ်းဆင်ထားပါတယ်။ 

ယနေ့ခေတ်လူငယ် မောင်နှမနှစ်ယောက်ဟာ ဒုတိယကမ္ဘာစစ်တုန်းက ကျဆုံးသွားတဲ့ အဖိုးဖြစ်သူအကြောင်း သိချင်လာတဲ့အတွက် အဖိုးနဲ့တစ်တပ်တည်း လေသူရဲဟောင်းတွေဆီမှာ လိုက်စုံစမ်းကြပါတယ်။ ခါမိခါဇဲအသေခံတိုက်ရင်း ကျဆုံးသွားတဲ့ အဖိုးဖြစ်သူကို အဆိုပါရဲဘော်ဟောင်းတွေ မှတ်ချက်ပြုတာက သူရဲဘောကြောင်တဲ့လူ၊ ငကြောက်တဲ့။ ဒီလိုအပြောခံရတဲ့ လူတစ်ယောက်ဟာ ဘာကြောင့် အသေခံတိုက်ရင်း ကျဆုံးသွားခဲ့သလဲဆိုတာကတော့ ဒီမောင်နှမနှစ်ယောက် အဖြေရှာရမယ့် ပဟေဠိတစ်ခုပါပဲ။
The Eternal Zero မြန်မာစာတန်းထိုး ရုပ်ရှင် ဒေါင်းလုပ်ရန် (390MB)
http://www.mediafire.com/…/g2ri555k…/TheEternalZero.WeeB.mp4
Review အပြည့်အစုံဖတ်ရှုရန်>>http://www.myotaku.club/archives/4316

No comments:

Post a Comment