-->

Control Tower မြန်မာစာတန်းထိုး

High School ဒရာမာချစ်သူတွေအတွက် အခုတစ်ခါမှာတော့ Control Tower ဆိုတဲ့ ရုပ်ရှင်ကားလေးကို တင်ပေးလိုက်ပါတယ်။
ဒီ ရုပ်ရှင်လေး ထူးခြားတာကတော့ ဇာတ်လမ်းဖြစ်ပေါ်လာပုံပါပဲ။ Anohana/Haikyuu/Mobile Suit Gundam AGE အစရှိတာတို့ရဲ့ အဖွင့်/အပိတ် သီချင်းတွေသီဆိုထားတဲ့ Galileo Galilei အဖွဲ့ဟာ အာနိမဲ သီချင်းတွေ နားဆင်သူတွေအတွက်တော့ မစိမ်းတဲ့ အဖွဲ့တစ်ဖွဲ့ပဲ ဖြစ်ပါတယ်။၂၀၀၈ ခုနှစ်က Hokkaido ခရိုင် Wakkanai က လူငယ်အဖွဲ့လေး Galileo Galilei က Teenage Talent Festival Senkou Riot ကို အနိုင်ရရှိခဲ့ပါတယ်။
သူတို့ အဖွဲ့ရဲ့ ပထမဆုံး ဖျော်ဖြေခဲ့တဲ့ သီချင်းက Kanseitou ဖြစ်ပါတယ်။ ဒါရိုက်တာTakahiro Miki က ဒီ သီချင်းကို ကြားကြားပြီးချင်း အခုဒီ Control Tower ရုပ်ရှင်ရိုက်ဖို့ အကြံရခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုလည်း Hokkaido ခရိုင်မှာ ဇာတ်အိမ်တည်ထားပြီး သူငယ်ချင်းမရှိတဲ့ ကောင်လေး ကကဲရု နဲ့ အဖေဖြစ်သူရဲ့ အကြွေးတွေကြောင့် နယ်လှည့်ပြေးနေရတဲ့ ကောင်မလေး မိဇုဟို တို့က အဓိကဇာတ်ကောင်တွေဖြစ်ကြပြီး သီချင်းဖန်တီးမှုပြိုင်ပွဲတစ်ခုမှာ Control Tower ဆိုတဲ့ သူတို့ဖန်တီးထားတဲ့ သီချင်းလေးနဲ့ ပြိုင်ပွဲဝင်မယ့်အကြောင်းဖြစ်ပါတယ်။ ခပ်အေးအေး ဒရာမာလေးဖြစ်ပြီး ကကဲရု နဲ့ မိဇုဟို တို့ အဆုံးအထိ အတူတူပျော်ရွှင်နိုင်မလားဆိုတာတော့ ဇာတ်လမ်းမှာပဲကြည့်ကြပါတော့နော်။၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး မင်းသား မင်းသမီးတွေကတော့ ထိုစဉ်က ၁၇ အရွယ်သာရှိဦးမယ့် မင်းသား Kento Yamazaki နဲ့ ထိုစဉ်က ၁၅ နှစ်အရွယ် မင်းသမီး Ai Hashimoto တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

























ဇာတ်လမ်းအကြောင်းရေးထားတဲ့ Review ဖတ်ရှုချင်ရင်တော့ Motaku Review မှာ ဖတ်နိုင်ပါတယ်။
မြန်မာစာတန်းထိုးရုပ်ရှင် ဒေါင်းလုပ်ရန် (205MB) -

No comments:

Post a Comment