-->

Hikaru no Go

Genre - Comedy, Game, Shounen, Supernatural

ဒီ anime ဟာ Go ဂိမ်းကို အခြေခံထားပြီး ဆွဲထားတဲ့ anime ဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုတော့ Hotta Yumi ရေးသားခဲ့ပြီး ပုံဆွဲတာကိုတော့ နောက်ပိုင်းမှာ Dead Note ၊ Bakuman စတဲ့ manga တွေနဲ့ နာမည်ကြီးလာမယ့် mangaka ဖြစ်တဲ့ Obata Takeshi က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၈ ကနေ ၂၀၀၃ ခုနှစ်အထိ အပတ်စဉ် Shounen Jump မှာ ပါခဲ့တဲ့ manga ဖြစ်ပါတယ်။ Anime ကတော့ ၂၀၀၁ ကနေ ၂၀၀၃ အထိ ထုတ်လွှင့်ခဲ့ပြီး အပိုင်း ၇၅ ပိုင်းရှိပါတယ်။ Manga ဟာလည်း အင်မတန် နာမည်ကြီးခဲ့ပြီး အုပ်ရေ ၂၅ မီလျံလောက် ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၂၀၀၀ ခုနှစ်မှာ "Shogakukan Manga Award" ဆု ၊ ၂၀၀၃ ခုနှစ်မှာ "Tezuka Osamu Cultural Prize" စတဲ့ ဆုတွေ ဆွတ်ခူးခဲ့တဲ့ manga လည်း ဖြစ်ပါတယ်။ ဒါတင်မက Hikaru no Go anime ရဲ့ အောင်မြင်မှုကြောင့် ဂျပန်နိုင်ငံတစ်ဝန်းမှာ ရှေးခေတ်ရင်ကျေးမှုအမွေလို့ ဆိုနိုင်တဲ့ Go ဂိမ်းဟာ လူငယ်လူရွယ်တွေကြားမှာ အသစ်တစ်ဖန် ပြန်လည် ရေပန်းစားလာခဲ့ပါတယ်။


ဇာတ်လမ်းကတော့ အသက် ၁၂ နှစ်အရွယ်ရှိတဲ့ Hikaru ဆိုတဲ့ ကလေးလေးဟာ သူ့အဖိုးရဲ့ ဂိုထောင်ထဲက ပစ္စည်းပစ္စယတွေကို ရောင်းစားဖို့ သူ့သူငယ်ချင်းနဲ့ သွားတဲ့အခါမှာ အလွန်ရှေးကျတဲ့ Go ဘုတ်ပြားကြီးကို တွေ့ခဲ့ပါတယ်။ အဲ့ဘုတ်ပြားမှာ သွေးတွေစွန်းထင်တာကို တွေ့လိုက်ပြီး တစ်ချိန်တည်းမှာပဲ သူ့ကို ခေါ်တဲ့အသံတစ်ခုကို ကြားရပြီး မေ့လဲသွားပါတယ်။ သူ ပြန်သတိရလာတဲ့ အချိန်မှာတော့ သူဟာ ဆေးရုံရဲ့ ကုတင်ပေါ်မှာ ရှိနေခဲ့ပါတယ်။ သူ့ဘေးမှာတော့ အလွန်ရှေးကျတဲ့ အဝတ်အစားကို ဝတ်ဆင်ထားတဲ့ လူတစ်ဦးကို မြင်လိုက်ပါတယ်။ အဲ့လူကို Hikaru တစ်ဦးတည်းသာ မြင်ရတာ ဖြစ်ပြီး သူဟာ Heian ခေတ်က Go ကစားသမားတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့နာမည်က "Sai" ဖြစ်ပြီး Go လောကမှာ အမြင့်ဆုံးအဆင့်(ပြိုင်စံရှား အကွက်) လို့ သတ်မှတ်ကြတဲ့ "Divine Move" ဆိုတာကို ရောက်ချင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့ရည်ရွယ်ချက်မပြည့်ခင်မှာ သေဆုံးခဲ့တဲ့အတွက် မကျွတ်မလွတ်ပဲ ဝိညာဉ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒါနဲ့ Sai ဟာ သူ့ကိုမြင်ရတဲ့ Hikaru နားမှာသာ နေပြီး Hikaru ကို Go ဂိမ်းသွားဆော့ဖို့ တတွတ်တွတ် ပူဆာပါတော့တယ်။
ဒါနဲ့ Hikaru ဟာလည်း ကျောင်းဆင်းတဲ့ အချိန်မှာ Go Saloon ကို ဝင်ပြီး သွားကစားခဲ့ပါတယ်။ ဖြစ်ချင်တော့ သူနဲ့ ကစားတဲ့သူက Go လောကမှာ professional အဆင့်ရှိနေပြီလို့ အများ သတ်မှတ်ထားကြတဲ့ Touya Akira ဖြစ်နေခဲ့ပါတယ်။ Sai ရဲ့ ဘေးက အကြံပေးချက်ကြောင့် Hikaru ဟာ Touya ကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီလို အနိုင်ပိုင်းသွားတာ ခံလိုက်ရတဲ့ Touya က Hikaru ကို သူ့ရဲ့ အကြီးဆုံး ပြိုင်ဘက်အနေနဲ့ သဘောထားခဲ့ပါတယ်။ အစပိုင်းမှာတော့ Hikaru ဟာ Sai ရဲ့တိုက်တွန်းမှုကြောင့် Go ဂိမ်းကို ကစားနေရာက နောက်ပိုင်းမှာ သူကိုယ်၌ကိုက Go ဂိမ်းအပေါ် စိတ်ဝင်စားလာပြီး Go လောကထဲကို တဖြည်းဖြည်းနဲ့ ရောက်မှန်း မသိ ဝင်ရောက်လာခဲ့ပါတော့တယ်။



ဒီ anime ဟာ အင်မတန်ကို စိတ်ဝင်စားစရာကောင်းတဲ့ anime ဖြစ်ပါတယ်။ ကလေးလေးတစ်ယောက်က Go ဂိမ်းကစားတာကို anime ၇၅ ပိုင်းတောင် ပြပြီး ကောင်းရောကောင်းနိုင်ပါ့မလားလို့ မေးစရာရှိပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင်တော့ အတိုင်းထက်အလွန်ကို ကောင်းပါတယ်။ တစ်ပိုင်းပြီးတစ်ပိုင်း မကြည့်ပဲ မနေနိုင်အောင်ကို ဆွဲဆောင်နိုင်တဲ့ anime ပဲ ဖြစ်ပါတယ်။ အပိုင်း ၇၅ ပိုင်းနဲ့ movie တစ်ခု ကြည့်ပြီးသွားတာတောင် အားမရပဲ နောက် ထပ်မထွက်ရကောင်းလား ဆိုပြီး အားမလိုအားမရ ဖြစ်စေမယ့် anime ဖြစ်ပြီး ကြည့်သင့်တဲ့ anime လို့ ဆိုချင်ပါတယ်။

1 comment:

  1. Harrah's Cherokee Casino Resort Will Close in time for Memorial
    The casino has reported 오산 출장샵 a total of 제천 출장샵 $1.2 billion 화성 출장안마 in upgrades and 인천광역 출장마사지 construction, and the resort has said it is looking 부천 출장샵 to reduce the number

    ReplyDelete