-->

Detective Conan(Anime)

Kudo Shinichi ဆိုတဲ့ ဉာဏ် မတရားကောင်း တဲ့ super Brain ပိုင်ရှင် ၁၇နှစ် အရွယ် အထက်တန်း ကျောင်းသားလေး ဟာ ရဲတွေ စုံထောက်တွေ လက်လျှော့ ထားရတဲ့ အမှုတွေကို ဖြေရှင်းပြီး High School Detective ဆိုပြီး နာမည်ကျော် ပါတယ်။ တနေ့တော့ သူနဲ့  ဘာညာ ဘာညာ ဖြစ်တဲ့ ( shounen anime တွေ ထုံးစံအတိုင်း သူငယ်ချင်းလား ဆိုတော့လဲ မဟုတ် သမီးရည်းစား လဲ မဟုတ် ကြားက level ပေါ့  ) Mouri Ran ဆိုတဲ့ ကောင်မလေး နဲ့ ကစားကွင်း သွားကြတုန်း တုန်း မသင်္ကာဖွယ်ရာ လူနှစ်ယောက် တွေ့လို့ စုံထောက်ပီပီ လိုက်စပ်စု ပါတယ်။ အဲဒီမှာပဲ လူမိပြီး တော့ ဟိုနှစ်ယောက် က သူ့ကို နှုတ်ပိတ်တဲ့ အနေနဲ့ အဆိပ်ဆေး တစ်မျိုး ကျွေးပြီး သတ်ပစ် လိုက်ပါတယ်။

                             
ကံကောင်းတယ် လို့ဆိုရမလား ကံဆိုးတယ် လို့ ဆိုရမလား Kudo ဟာ အဆိပ်ကြောင့် သေဆုံး မသွားဘဲ သူ့ရဲ့ ခန္ဓာကိုယ်ဟာ မူလတန်း ကျောင်းသားလေး တစ်ယောက် အရွယ်အစား ထိ ငယ်ရွယ်သွား ခဲ့ပါတယ် ။ ဘယ်သူမှ မယုံကြည် နိုင်လောက်တဲ့ အခြေအနေ မျိုးမှာ သူ့ကို ယုံကြည်ပေးသူ ကတော့ Kudoနဲ့ ငယ်စဉ် ကတည်းက အလွန် ရင်းနှီးတဲ့ ပေါက်ကရ ပစ္စည်းတွေ လျှောက် တီထွင်လေ့ ရှိတဲ့ Professor Agasa ပါပဲ။ Agasa ကပဲ Kudo ကို တကယ်လို့သာ သူမသေ သေးတာ ကိုသိရင် အဲဒီလူ တွေက Kudo အပါအ၀င် ပတ်ဝန်းကျင် က လူတွေကို ပါ ပြန်လာပြီး ဒုက္ခ ပေးမှာ စိုးလို့ ခုကိစ္စကို လျှို့ဝှက် ထားပီး Identityအသစ် နဲ့ နေထိုင်ဖို့ အကြံ ပေးပါတယ်။ အဲဒီမှာပဲ Kudo ဟာ Sir Arthur Conan Doyle နဲ့ ဂျပန် စုံထောက် စာရေးဆရာ Edogawa Ranpo တို့ နာမည်တွေ ပေါင်းစပ်ပြီး Edogawa Conan ဆိုတဲ့ နာမည် အသစ် တစ်ခု ကို ဖန်တီး နေထိုင်ပြီး သူ့ကို ဒီလို ဖြစ်သွား စေတဲ့ လူနှစ်ယောက် ကို ရှာဖွေ ဖို့  ဆုံးဖြတ် လိုက်ပါတယ်။ Agasa ရဲ့ အကြံပေးချက် အရပဲ အလွတ်စုံထောက် အေဂျင်စီ အိမ်က သမီးဖြစ်တဲ့ Ran နဲ့ အတူ နေထိုင်ရင်း နဲ့ စုံထောက် အေဂျင်စီ ဖြစ်တဲ့ အတွက် အဲဒီ လူနှစ်ယောက် ကို ရှာဖွေ ရာမှာ သတင်း အချက်အလက် ရှာဖွေ ရ ပိုမို လွယ်လိမ့်မယ် ဆိုတဲ့ အကြံနဲ့ Conan ဟာ Ran တို့ အိမ်မှာ ကပ်နေတဲ့ Freeloader ဖြစ်လာ ခဲ့ပါတယ်။Ranရဲ့ ဖခင် ဘယ်လိုမှ အသုံးမကျတဲ့ အလွတ် စုံထောက် တစ်ဦး ဖြစ်တဲ့ Mouri Kogoro ဟာလဲ Conan ရောက်လာတဲ့ နေ့က စလို့ အမှုတွေ တစ်မှုပြီး တစ်မှု ဖြေရှင်း နိုင်ပြီး Sleeping Kogoro ဆိုတဲ့ နာမည်နဲ့ အလွန် ကျော်ကြားတဲ့ စုံထောက် တစ်ဦး ဖြစ်လာ ခဲ့ပါတယ်။ ( Sleeping Kogoro ဖြစ်ရတဲ့ အကြောင်း ကတော့ Conan က Agasa တီထွင် ပေးထားတဲ့ ပစ္စည်းလေး တွေနဲံ အမြဲတမ်း သူ့ကို အိပ်ပျော်အောင် လုပ်ပြီး ကိုယ်စား ဖြေရှင်း ပေးနေလို့ပဲ ဖြစ်ပါတယ် )
ဒီလိုနဲ့ Conan ဟာ အမှုပေါင်း များစွာ ကို ဖြေရှင်းရင်း နဲ့ သူတက်နေတဲ့ မူလတန်း ကျောင်းက သူငယ်ချင်း တွေ၊ Kudo Shinichi ကို လာပြီး စိန်ခေါ်ရာ က သူ့ရဲ့ လျို့ဝှက်ချက် ကိုသိသွားတဲ့ Osaka က နာမည်ကျော် High School Detective Hattori Heji ၊ conan ကို မောင်လေး တစ်ယောက် လို ခင်တွယ်တဲ့ Ran စတဲ့ သူတွေ နဲ့ ပတ်ဝန်းကျင် မှာ အသားကျလာခဲ့ပါတယ်။
                           
Detective conan ဟာ ဂျပန် မှာ အလွန် အောင်မြင်မှုအရှိန်အ၀ါ ကြီးမားတဲ့ Franchise တစ်ခုဖြစ်ပြီး ဂျပန်ပြည်ရဲ့ရှားလော့ဟုမ်း
ို့လဲ ဆိုနိုင်ပါတယ်။ ၁၉၉၄ခုနှစ်ကတည်းကယနေတိုင်(ကျနော်တို့တစ်သက်စာ) အောင်မြင်မှုအရှိန်ကို ထိန်းထားနိုင်တာက အံ့ဖွယ်ပါ။Manga နည်းတူ ၁၉၉၆မှာ စခဲ့တဲ့animeကလဲ ယနေ့တိုင် တစ်နှစ်ကို Featured Film တစ်ကားစီ နဲ့ခြိမ့်ခြိမ့်သဲအောင်
ပွဲဆင်တုံးပါ(Anime seriesတစ်ခု အနေနဲ့ ရုပ်ရှင်ကားရုံတင်နိုင်တာဟာအဲဒီ Anime ရဲ့အောင်မြင်မှု နှုန်းကိုဖော်ကျူးပါတယ်)..
                     
 အပိုင်း ၆၀၀ကျော်ဆိုတော့ နဲနဲ အားနာပါတယ်။ ဒါကြောင့် ခုထိ ထွက်ပြီးသမျှ movie ၁၆ကားကို အရင်ကြည့်ပါ ။Episode တွေက စမကြည့်လို့ ဇာတ်လမ်းတွေ နားမလည် character တွေ မသိမှာ မစိုးရိမ် ပါနဲ့  Movie တိုင်းရဲ့ အစမှာ Detective conan ရဲ့ ဇာတ်လမ်း အကျဉ်း နဲ့ ဒီကားထဲမှာ ပါဝင် လာမယ့် character အားလုံး ကို မိတ်ဆက် ပေးတဲ့ အကွက်လေး အမြဲ ပါတာမို့ ( ရှင်းရှင်း ပြောရင် conan ရဲ့ အဓိက ဇာတ်လမ်း ကလဲ နည်းတော့ ) အဲဒါလေး ကို ကြည့်ရုံ နဲ့တင် အတော်လေး သဘောပေါက်ပြီး ကြည့်ရတာ အဆင်ပြေ မှာပါ။ရာချီတဲ့ သေသေသပ်သပ်အမှုကျူးလွန်နည်းတွေကို တစ်ထိုင်တည်းနဲ့ ရမယ့်အခွင့်အရေးကိုလက်လွတ်မခံပါနဲ့ xD

No comments:

Post a Comment