-->

Akatasuki [အာကဆုကီ]


" အရုဏ်ဦး " လို့ အနက်ရတဲ့ ဒီအဖွဲ့အစည်းဟာ နာရူတိုဇာတ်လမ်းတွဲထဲမှာအဓိက ဗီလိန် အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ စစ်ဘေးဒဏ်ကြောင့် ပြာကျချည်နဲ့နေတဲ့ မိုးဖုံးရွာ (Amegakure) က အပူသောကမိုးတွေ စဲပြီး၊ ရောင်နီလာ အရုဏ်ဦး 
ကိုသယ်ဆောင်လာဖို့ရည်ရွယ်ချက်နဲ့ ပေါ်ပေါက်လာခဲ့တဲဒီအဖွဲ့အစည်းဟာ အချိုးအကွေ့တစ်ခုမှာ ရက်စက်တဲ့ကြမ္မာရဲ့ တွန်းပို့ချက်ကြောင့် လမ်းမှားပေါ်ရောက်ပြီး ဒုစရိုက်အဖွဲ့ကြီးတစ်ခု ဖြစ်လာခဲ့ရတယ်။မိုးဖုံးရွာက သွေးစွန်းတဲ့
တိမ်တွေကို ကိုယ်စားပြုတဲ့ ဒီ နီရဲတဲ့တိမ် အမှတ်အသားဟာလဲ နိုင်ငံတိုင်း လူတိုင်းက ထိတ်လန့်ရွံရှာရတဲ့ အရာတစ်ခုဖြစ်လာ
ခဲ့တယ်။


နှစ်ယောက်တစ်တွဲစီ လှုပ်ရှားတဲ့ ဒီအဖွဲ့ဟာ သူတို့ရဲ့ လူမဆန်အောင် စွမ်းဆောင်ရည်မြင့်မားမှု (တစ်ကောင်ချင်းစီက အသေကြမ်းတာကို)နဲ့ ချိုသာတဲ့ အခကြေးငွေနှုန်းထားတို့ကြောင့် ထင်ရှားတဲ့ ကြေးစားဂိုဏ်တစ်ခုဖြစ်လာခဲ့ပါတယ်။
 ကိုယ့်နိုင်ငံကတပ်သားတွေမစေလွှတ်လိုတဲ့နိုင်ငံတွေဟာ အမြဲအောင်မြင်တဲ့ရလဒ်ကို စွမ်းဆောင်နိုင်တဲ့ အာကဆုကီ
အဖွဲ့ကို အန္တရာယ်များတဲ့စစ်ဆင်ရေးတွေအတွက် ငှားရမ်းအသုံးပြုခဲ့တြယ်။ ဒီလို ကြေးစားစစ်သည်အဖွဲ့အနေနဲ့လှုပ်

ရှားမှုတွေရဲ့နောက်ကွယ်မှာအာကဆုကီ ဟာ နိုင်ငံကြီးတွေဆီကနေ ဘီဂျူးတွေကို လိုက်လံခိုးယူဖမ်းဆီးခဲ့ကြတယ် 
(ခိုးတယ်တောင်မဟုတ်ပါဘူး..လူတစ်ယောက် နှစ်ယောကတည်းနဲ့ တစ်ရွာလုံးကို ပေါ်တင်ဝင်ချကြတာပဲ..Shippuden အစမှာGaaraကို Deidara ဝင်ဖမ်းတာကို ကြည့်ကြရန်  )

ဒီလို အန္တရာယ်တွေပေးလာတော့ အာကဆုကီကို နှိမ်နင်းတုံ့ပြန်ဖို့နင်ဂျာနိုင်ငံကြီး ငါးနိုင်ငံစုစည်းကြရတော့တယ်။ ခက်တာက နိုင်ငံတွေအားလုံးကအာကဆုကီနဲ့ တစ်နည်းမဟုတ်တစ်နည်းပတ်သတ်နေကြတာပါပဲကိုနိုဟာကနေ 
အီတာချီ ၊ ဆဆုကဲ ၊
 အိုရိုချိမာရုဆိုတဲ့ အာကဆုကီအဖွဲ့သားသုံးယောက်ထွက်ပေါ်ခဲ့သလို သဲဖုံးရွာSunagakure ကလဲ တစ်ချိန်က ကိုနိုဟာကိုတိုက်ခိုက်ဖို့ အာကဆုကီကိုအသုံးချခဲ့ပါတယ်။ မြူဖုံးရွာkirigakure က အာကဆုကီစတင်ပေါ်ပေါက်ရာ နေရာလို့ ပြောစမှတ်ရှိသလို (တိုဘီဟာ Kirigakure ရဲ့ အကြီးအကဲ mizukageကို ထိန်းချုပ်ပုန်းအောင်းနေခဲ့တဲ့အချိန်တွေရှိခဲ့တဲ့အတွက် ဖြစ်နိုင်ပါတယ်) ကျောက်ဖုံးရွာIwagakure က အာကဆုကီကြေးစားအဖွဲ့ကို ဈေးပေါတယ်ဆိုပြီးကောင်းကောင်းကြီးကို အသုံးချခဲ့တယ်။ တိမ်ဖုံးရွာ Kumogakure တစ်ခုပဲအာကဆုကီ နဲ့ကင်းကင်းရှင်းရှင်းရှိခဲ့ပါတယ်။ 

အာကဆုကီ ရဲ့ ရည်မှန်းချက်ဟာ သူတို့ရဲ့ ခေါင်းဆောင် ပိန်း ရှင်းပြချက်အရ သုံးဆင့်ရှိခဲ့ပါတယ်။
ပထမအနေနဲ့ ငွေကြေးအင်အားခိုင်မာအောင်စုဆောင်းဖို့ ဒုတိယအနေနဲ့ တောင့်တင်းတဲ့ စစ်အင်အား တစ်ခု ပိုင်ဆိုင်ဖို့
နောက်ဆုံးအဆင့်က ..စစ်ပွဲကြီးတွေကို သွေးထိုးကြိုးကိုင်ပြီး တစ်လောကလုံးကစစ်အင်အားတွေကိုချုပ်ကိုင်ဖို့..
ဒါကတော့ အာကဆုကီရဲ့ အပေါ်ယံအကျဆုံး Goal ပေါ့လေ..။ အဖွဲ့သားတစ်ယောက်ချင်းစီမှာက သူတို့ကိုယ်ပိုင်ရည်ရွယ်ချက်နဲ့ သူတို့လှုပ်ရှားနေကြတာပါ။ အားလုံးရဲ့နောက်ကွယ်က ဆရာကြီး တိုဘီ က အာကဆုကီကို သူ့ရဲ့ 
Tsuki no mei project
(လမျက်လုံးစီမံကိန်း)အတွက် အသုံးချရုံသက်သက်ဖြစ်ပြီး၊ ခေါင်းဆောင်လုပ်သူ ပိန်းကလဲဘီဂျူးတွေကို လက်နက်အဖြစ်
အသုံးချပြီး တစ်လောကလုံးကငြိမ်ဝပ်ပိပြားစေဖို့ဖြစ်တယ်။ မူရင်းတည်ထောင်သူ ယာဟီကို ကတော့ သူတို့ရဲ့မိုးဖုံးရွာမှာ
ဖြစ်ပွားနေတဲ့ စစ်တွေကို ရပ်စဲပြီး ငြိမ်းချမ်းရေးဆောင်ကြဉ်းပေးလိုတာပါ။ ဒါပေမယ့် သူတို့စိတ်ရင်းစေတနာနဲ့စတင်ခဲ့တဲ့ ဒီအဖွဲ့အစည်းကြီးဟာ ခုချိန်မှာတော့ တစ်လောကလုံးရဲ့ ရန်သူဖြစ်လာခဲ့ပြီး၊နိုင်ငံပေါင်းစုံတပ်ဖွဲ့ကြီးနဲ့ ရင်ဆိုင်တိုက်ခိုက်နေတဲ့ မကောင်းဆိုးဝါးအမည်နာမတစ်ခုအဖြစ် ကြေကွဲဖွယ် ပြောင်းလဲသွားခဲ့ရပါတော့တယ်

နောက်ပိုင်းမန်ဂါဇာတ်လမ်းမှာ Akatsuki ကို နောက်ကွယ်ကကြိုးကိုင်နေတဲ့ သူ့ထက်ငါ ဆရာတွေ တစ်ယောက်ပြီးတစ်ယောက်
ထွက်ပေါ်လာနေပါတယ်။ အံ့သြဖို့လည်းကောင်းသလို စိတ်ပျက်စရာလည်းကောင်းပါရဲ့။ ကျွန်တော်တို့သိထားတဲ့  Coolဖြစ်ပြီး
ကြောက်စရာကောင်းတဲ့ Akatsuki ရဲ့ပုံရိပ်ကို ဘာမှမသိရှာတဲ့ရုပ်သေးအဖွဲ့တစ်ခုသာသာ ဖျက်ဆီးပစ်လိုက်သလိုပါပဲ။

No comments:

Post a Comment