-->

Paprika (Anime Movie)


2010 တုံးကထွက်ခဲ့တဲ့ The dark knight ဒါရိုက်တာ Christopher Nolan ရဲ့ အိပ်မက်သူခိုးဇာတ်ကား Leonardo DiCaprioပါဝင်တဲ့ Inceptionကိုတော်တော်များများမှတ်မိကြမယ်ထင်ပါတယ်။ ဘယ်သူမှအစိုးမရတဲ့အိပ်မက်ကို ထိန်းချုပ်ဖို့ကြိုးစားရင်း  တိုင်တွေပတ်နေကြတဲ့ဒီဇာတ်ကားကိုနှစ်သက်ခဲ့ပါသလား
ဒါရင်တော့ Inceptionဇာတ်ကား ကိုဖန်တီးဖို့Nolan အပေါ် inspiration တွေထဲကတစ်ခုဖြစ်တဲ့ Parprika အမည်ရ တဲ့ Animation ရုပ်ရှင်လေး ကို ပြေးကြည့်လိုက်ပါတော့...


Sarutobi Hiruzen

Sarutobi Hiruzen ဟာ Konohagakure ရဲ့ သုံးယောက်မြောက် Hokage ဖြစ်ပါတယ်။ 1st Hokage နဲ့ 2nd Hokage တို့ရဲ့ ပညာတွေကို ရထားတဲ့ သူဖြစ်ပါတယ်။ သူက အစွမ်းထက်တဲ့ ninja တစ်ဦးဖြစ်ပြီး Sage of Six Paths နဲ့ Hashirama တို့လို "Shinobi တွေရဲ့ နတ်ဘုရား" God of Shinobi - 忍の神, Shinobi no Kami ဆိုပြီး တင်စား ခေါ်ဝေါ်ခံရသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ Hokage တွေထဲမှာ သက်တမ်းအရှည်ဆုံး နေခဲ့တဲ့ Hokage ပါ။

Kingdom


ဒီ anime ကတော့ season 2 ခု ထွက်ထားပြီး စုစုပေါင်း 77 episodes ရှိပါတယ်။ တရုတ်နိုင်ငံ Warring States Period ကို နောက်ခံထားတာ ဖြစ်ပြီး genre က တော့ Historical ၊ Shounen genre ဖြစ်ပါတယ်။

Akatasuki [အာကဆုကီ]


" အရုဏ်ဦး " လို့ အနက်ရတဲ့ ဒီအဖွဲ့အစည်းဟာ နာရူတိုဇာတ်လမ်းတွဲထဲမှာအဓိက ဗီလိန် အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ စစ်ဘေးဒဏ်ကြောင့် ပြာကျချည်နဲ့နေတဲ့ မိုးဖုံးရွာ (Amegakure) က အပူသောကမိုးတွေ စဲပြီး၊ ရောင်နီလာ အရုဏ်ဦး 
ကိုသယ်ဆောင်လာဖို့ရည်ရွယ်ချက်နဲ့ ပေါ်ပေါက်လာခဲ့တဲဒီအဖွဲ့အစည်းဟာ အချိုးအကွေ့တစ်ခုမှာ ရက်စက်တဲ့ကြမ္မာရဲ့ တွန်းပို့ချက်ကြောင့် လမ်းမှားပေါ်ရောက်ပြီး ဒုစရိုက်အဖွဲ့ကြီးတစ်ခု ဖြစ်လာခဲ့ရတယ်။မိုးဖုံးရွာက သွေးစွန်းတဲ့
တိမ်တွေကို ကိုယ်စားပြုတဲ့ ဒီ နီရဲတဲ့တိမ် အမှတ်အသားဟာလဲ နိုင်ငံတိုင်း လူတိုင်းက ထိတ်လန့်ရွံရှာရတဲ့ အရာတစ်ခုဖြစ်လာ
ခဲ့တယ်။

Detective Conan(Anime)

Kudo Shinichi ဆိုတဲ့ ဉာဏ် မတရားကောင်း တဲ့ super Brain ပိုင်ရှင် ၁၇နှစ် အရွယ် အထက်တန်း ကျောင်းသားလေး ဟာ ရဲတွေ စုံထောက်တွေ လက်လျှော့ ထားရတဲ့ အမှုတွေကို ဖြေရှင်းပြီး High School Detective ဆိုပြီး နာမည်ကျော် ပါတယ်။ တနေ့တော့ သူနဲ့  ဘာညာ ဘာညာ ဖြစ်တဲ့ ( shounen anime တွေ ထုံးစံအတိုင်း သူငယ်ချင်းလား ဆိုတော့လဲ မဟုတ် သမီးရည်းစား လဲ မဟုတ် ကြားက level ပေါ့  ) Mouri Ran ဆိုတဲ့ ကောင်မလေး နဲ့ ကစားကွင်း သွားကြတုန်း တုန်း မသင်္ကာဖွယ်ရာ လူနှစ်ယောက် တွေ့လို့ စုံထောက်ပီပီ လိုက်စပ်စု ပါတယ်။ အဲဒီမှာပဲ လူမိပြီး တော့ ဟိုနှစ်ယောက် က သူ့ကို နှုတ်ပိတ်တဲ့ အနေနဲ့ အဆိပ်ဆေး တစ်မျိုး ကျွေးပြီး သတ်ပစ် လိုက်ပါတယ်။

Bakuman

ဒီ anime ရဲ့ manga ကို ရေးတဲ့ သူဟာ Death Note ကို ရေးခဲ့တဲ့ Tsugumi Ohba နဲ့ Takeshi Obata တို့ပဲ ဖြစ်ပါတယ်။ Death Note manga ရဲ့ အောင်မြင်မှု ရပြီး နောက်ပိုင်းမှာ fan တွေဟာ ဒီ mangaka နှစ်ယောက် ပေါင်းပြီး manga တစ်ခု လုပ်ကြအုံးမယ်လို့ မျှော်လင့်ထားပေမဲ့လဲ ဒီ manga ဟာ Death Note ဇာတ်လမ်းပုံစံ Thriller type ကို သွေဖယ်ပြီး ဒီလို ပုံစံ manga(Shounen, romance genre) မျိုး ရေးလိမ့်မယ်လို့ ထင်မထားခဲ့ကြပါဘူး။ ဇာတ်လမ်းကို ပြောရင်တော့ Mashiro Moritaka ဟာ ငယ်ငယ်ကတည်းက ပုံဆွဲတာ ဝါသနာပါခဲ့ပါတယ်။ သူ့ ဦးလေးဟာ mangaka တစ်ယောက်ဖြစ်တဲ့ အတွက် သူ့ဦးလေးကို ငယ်ငယ်တည်းက အားကျခဲ့သူလဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ဦးလေးဟာ manga ကို တအားဆွဲပြီး သေဆုံးခဲ့ပြီး နောက်မှာတော့ Mashiro ဟာ ရည်မှန်းချက်မရှိပဲ ဖြစ်နေခဲ့ပါတယ်။ နောက်တော့ သူနဲ့ အတန်းတူ ဖြစ်တဲ့ Takagi Akito ဟာ သူ ပုံဆွဲတာကို တွေ့ပြီး သူနဲ့ အတူ Mashiro ကို manga ရေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲ့ဒါနဲ့ သူတို့ နှစ်ယောက်ဟာ manga လောက ထဲကို ဝင်ရောက်လာပါတယ်။