-->

Hikaru no Go

Genre - Comedy, Game, Shounen, Supernatural

ဒီ anime ဟာ Go ဂိမ်းကို အခြေခံထားပြီး ဆွဲထားတဲ့ anime ဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုတော့ Hotta Yumi ရေးသားခဲ့ပြီး ပုံဆွဲတာကိုတော့ နောက်ပိုင်းမှာ Dead Note ၊ Bakuman စတဲ့ manga တွေနဲ့ နာမည်ကြီးလာမယ့် mangaka ဖြစ်တဲ့ Obata Takeshi က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၈ ကနေ ၂၀၀၃ ခုနှစ်အထိ အပတ်စဉ် Shounen Jump မှာ ပါခဲ့တဲ့ manga ဖြစ်ပါတယ်။ Anime ကတော့ ၂၀၀၁ ကနေ ၂၀၀၃ အထိ ထုတ်လွှင့်ခဲ့ပြီး အပိုင်း ၇၅ ပိုင်းရှိပါတယ်။ Manga ဟာလည်း အင်မတန် နာမည်ကြီးခဲ့ပြီး အုပ်ရေ ၂၅ မီလျံလောက် ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၂၀၀၀ ခုနှစ်မှာ "Shogakukan Manga Award" ဆု ၊ ၂၀၀၃ ခုနှစ်မှာ "Tezuka Osamu Cultural Prize" စတဲ့ ဆုတွေ ဆွတ်ခူးခဲ့တဲ့ manga လည်း ဖြစ်ပါတယ်။ ဒါတင်မက Hikaru no Go anime ရဲ့ အောင်မြင်မှုကြောင့် ဂျပန်နိုင်ငံတစ်ဝန်းမှာ ရှေးခေတ်ရင်ကျေးမှုအမွေလို့ ဆိုနိုင်တဲ့ Go ဂိမ်းဟာ လူငယ်လူရွယ်တွေကြားမှာ အသစ်တစ်ဖန် ပြန်လည် ရေပန်းစားလာခဲ့ပါတယ်။