-->

Shimura Danzo (志村ダンゾウ)


Shimura Danzo ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ Narutoဇာတ်လမ်းတွဲထဲမှာ မိတ်ဆက်ပေးစရာမလိုလောက်အောင် ကို လူမုန်းအများဆုံး ဆု ၊ ပရိသတ်မေတ္တာအပို့ဆုံး ဆုစတာတွေကို သောင်းသောင်းဖြဖြလက်ခံရရှိထားတဲ့ ဗီလိန်ဇာတ်ကောင်ကြီးတစ်ဦးပါပဲ။ ဟုတ်လည်းဟုတ်တယ်။ ဇာတ်လမ်းထဲမှာ မကောင်းတဲ့ကိစ္စမှန်သမျှ ပြေးမကြည့်လိုက်နဲ့။ နောက်ကွယ်မှာ Danzo sama လက်ချက်က ပါပြီးသားလိုဖြစ်နေတာကိုး။ အဲ..တစ်ခုရှိတာက Danzo ဟာ ဇာတ်လမ်းထဲမှာ Konoha ရွာကြီး ကိုဖျက်ဆီးမယ့် ရန်သူတစ်ယောက်တော့မဟုတ်ပဲ Konoha ရဲ့ထိပ်တန်းခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်နေတာပါပဲ။ ကဲ ဒီရာဇဝင်လူဆိုးကြီး ရဲ့ အကြောင်း တစ်ချက်လောက် နောက်ကြောင်းပြန်လှန်ကြည့်ရအောင်။

The Last: Naruto the Movie [ မြန်မာစာတန်းထိုး ]


The Last: Naruto the Movie ဟာ ၁၀ကားမြောက် Narutoရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး၊ ဇာတ်လမ်းတွဲရဲ့ ၁၅နှစ်ပြည့်အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြီးဆုံးသွားတဲ့မူရင်းပင်မမန်ဂဇာတ်လမ်းတွဲရဲ့ နောက်ဆက်တွဲအဖြစ်ရိုက်ကူးခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ဝင်ငွေယန်း၂ဘီလီယံရရှိခဲ့တဲ့ ဒီဇာတ်ကားဟာ ဝင်ငွေအကောင်းဆုံးစံချိန်တင်တဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး၊ ပရိသတ်များအကြိုက်စုံတွဲဖြစ်တဲ့ Naruto နဲ့ Hinata တို့ရဲ့ အချစ်ဇာတ်လမ်းကိုအသားပေးထားပါတယ်။