-->

Bakuman

ဒီ anime ရဲ့ manga ကို ရေးတဲ့ သူဟာ Death Note ကို ရေးခဲ့တဲ့ Tsugumi Ohba နဲ့ Takeshi Obata တို့ပဲ ဖြစ်ပါတယ်။ Death Note manga ရဲ့ အောင်မြင်မှု ရပြီး နောက်ပိုင်းမှာ fan တွေဟာ ဒီ mangaka နှစ်ယောက် ပေါင်းပြီး manga တစ်ခု လုပ်ကြအုံးမယ်လို့ မျှော်လင့်ထားပေမဲ့လဲ ဒီ manga ဟာ Death Note ဇာတ်လမ်းပုံစံ Thriller type ကို သွေဖယ်ပြီး ဒီလို ပုံစံ manga(Shounen, romance genre) မျိုး ရေးလိမ့်မယ်လို့ ထင်မထားခဲ့ကြပါဘူး။ ဇာတ်လမ်းကို ပြောရင်တော့ Mashiro Moritaka ဟာ ငယ်ငယ်ကတည်းက ပုံဆွဲတာ ဝါသနာပါခဲ့ပါတယ်။ သူ့ ဦးလေးဟာ mangaka တစ်ယောက်ဖြစ်တဲ့ အတွက် သူ့ဦးလေးကို ငယ်ငယ်တည်းက အားကျခဲ့သူလဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ဦးလေးဟာ manga ကို တအားဆွဲပြီး သေဆုံးခဲ့ပြီး နောက်မှာတော့ Mashiro ဟာ ရည်မှန်းချက်မရှိပဲ ဖြစ်နေခဲ့ပါတယ်။ နောက်တော့ သူနဲ့ အတန်းတူ ဖြစ်တဲ့ Takagi Akito ဟာ သူ ပုံဆွဲတာကို တွေ့ပြီး သူနဲ့ အတူ Mashiro ကို manga ရေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲ့ဒါနဲ့ သူတို့ နှစ်ယောက်ဟာ manga လောက ထဲကို ဝင်ရောက်လာပါတယ်။